Ep- 19

1.3K 93 10
                                    


Unicode

Musicသံ တိုးတိုးလေး ဖွင့်ထားတဲ့  ကော်ဖီ ဆိုင်လေးထဲမှာ မျက်နှာ ချင်းဆိုင်ထိုင်ကာ တိတ်ဆိတ် နေတဲ့ ကောင်လေး၂ယောက်။
ဆွန်းယွန်း သူ့ရှေ့မှာ အပြစ်သား တယောက်လို ထိုင်နေတဲ့ ရိပေါ် ကြည့်ပြီး သက်ပြင်းခိုးချ လိုက်မိသည်။

ဒီမနက်မှ ပြန်ရောက်တဲ့ သူက ရောက်ရောက်ချင်း ရိပေါ်မျက်နှာလေးကို တွေ့ချင်လွန်းလို့ တွေ့ခွင့်တောင်းမိတယ်။ ကောင်လေးက သူ့ မျက်နှာလှလှလေးကို တွေ့ခွင့်ပေးသလို အသည်းကိုလဲ ရက်ရက်စက်စက် ခွဲပြန်ပါတယ်။
  လက်ထပ်သွားပြီတဲ့ ရှောင်ကျန့်ရဲ့ရင်သွေးလေးကို လွယ်ထားရတယ်တဲ့ လေ။ ခုဆို သူ့မှာ ထပ်မံ ကြိုးစားခွင့်တောင် မရှိတော့ဘူးဘဲ။

" Ge ၀မ်းသာတယ်နော် ရိပေါ် "

"......"

"Ge စိတ်ရင်းနဲ့ကို congrats လုပ်တာပါ ကလေးလေးအတွက်ကော"

"ကျေးဇူးတင်ပါတယ် ge"

" အိမ်ထောင်ကျ သွားပေမဲ့လဲ ရိပေါ်ကို  ge ဆက်ခင်လို့ရသေးတယ်မလား  ရိပေါ် က geသူငယ်ချင်း မဖြစ်ချင်ရင်တောင် ge ညီလေး တော့ လုပ်ပေးမယ်မလား ဟင်"

သူတောင်းဆိုမိတော့ မျက်ရည်များနဲ့ အလှဆုံးပြုံးပြကာ ခေါင်းကို အဆက်မပြတ် ငြိမ့်ပြလာတဲ့ ရိပေါ်။

သူထကာ ရှေ့က ကောင် လေးရဲ့ ပါးနုနုပေါ်က မျက်ရည်တွေကို ဖွဖွလေးဆွဲသုတ်ပေးလိုက်ရင်း~

" ကြည့်ပါအုံး ဒါက ပါးပါး ဖြစ်တော့မဲ့ လူလား ကလေးလို ခုထိ အငို သန်နေတုန်း"

"ဟာာာ  Ge ကလဲ"

ရှက်ပြုံးလေး ပြုံးပြနေတဲ့ ရိပေါ်ကို အူယားလာတာကြောင့် မျက်ရည်သုတ်ပေး နေတဲ့လက်က ဦးတည်ချက်ပြောင်းကာ ပါးဖောင်းဖောင်း အိအိလေးကို ဆွဲညစ်မိလိုက်သည်။

ထိုစဉ် တိတ်ဆိတ်နေတဲ့ ဆိုင်ထဲတွင်  ထွက်ပေါ်လာတဲ့ အသံ ဟိန်းဟိန်းတခု။

" ၀မ်ရိပေါ်"

      ********

ရှောင်ကျန့် ကားကို  အကြမ်းပတမ်း မောင်းနေရင်း ကျလာတဲ့ မျက်ရည်တွေ ခပ်ကြမ်းကြမ်း ဆွဲသုတ်လိုက်သည်။
ရှောင်စံအိမ်က ထွက်လာပြီး ဘယ်ကို သွားရမလဲ သူတကယ်မသိတော့။ ခုချိန်မှာ သူက တကယ်ကို ဆင်ခြင်နိုင်စွမ်းမဲ့နေပြီ မို့ company မပြန်ချင်တော့ဘူး ။ သူ ခုချိန်  ၀မ်လေး ရင်ခွင်ထဲ တိုးဝှေ့ကာ ငိုချချင်လိုက်သော်လည်း  သူ့စိတ်ကို သူသိတယ်။  ခုလို စိတ်အခြေနေနဲ့ ဆို ၀မ်လေးကို ဘာလုပ်မိမယ်မှန်း မသိတာမို့ အိမ်လဲမပြန်ချင်သေးတာပင်။

If I ain't got youWhere stories live. Discover now