၂။ မလိုသော သမီး

3.3K 396 0
                                    

၂။ မလိုသော သမီး (NC,Tr)

ဖယောင်းတိုင်အလင်းမှာ ဖျော့တော့နေသည်။

လီဝေယန်း အိပ်ရာထဲ လဲလျောင်းနေစဉ် သူမ ရုတ်တရက် နိုးလာသည်။ အပြင်ဘက်မှ ပြောဆိုနေသော စကားသံတို့ကို သူမ ပြတ်သားစွာကြားနေနိုင်သည်။

အခန်းပြင်တွင်တော့ မာရှီက အရိပ်အခြည်ကြည့်လျက် စကားဆိုနေသည်။

"အမေရယ်... တတိယသခင်မလေးအတွက် ကျွန်မတို့ ဆေးဆရာမခေါ်ဘဲ နေလို့ဖြစ်ပါ့မလားဟင်၊ တကယ်တမ်းတော့ သူ့ကို လီအိမ်တော်က လာပို့ထားတာလေ... မတော်လို့ သူသေသွားရင်...."

သူမ ချွေးမဖြစ်သူ၏ စကားများနားထောင်ပြီးသောအခါ လျူရှီ၏ မျက်နှာမှာ အေးစက်သွားကာ ရုန့်ရင်းကြမ်းတမ်းစွာ ပြန်ပြောသည်။

"ကောင်မစုတ်က သူ့ကိုယ်သူ မြင့်မြတ်တဲ့အိမ်က သခင်မလေးထင်နေတာ၊ ကျုပ်ကြားတာကတော့အေ... သူ့ကို ခြေဆေးပေးရတဲ့ အိမ်စေနဲ့ရတာတဲ့၊ ဒါတင်မကဘူး.. နှစ်လပိုင်းမှာ မွေးတော့ ကံဆိုးစေမဲ့ဟာမပဲ၊ လီတွေက ဂုဏ်သရေရှိတဲ့ မိသားစု၊ သူတို့ သူ့ကို သတ်လိုက်လို့မရလို့ ဖိန်ချန်းက အမျိုးအိမ်ပို့ထားခဲ့တာ၊ နောက်ပြီးတော့ သူ့မွေးပြီးတာနဲ့ ဘွားဘွားကြီးနဲ့ လီသခင်မတို့ ရှေ့ဆင့်နောက်ဆင့် ဖျားပါလေရော၊ သူက မိသားစုအတွက် ကံဆိုးတဲ့ နက္ခတ်ပဲ မဟုတ်လား၊ အဲ့ဒါကြောင့် သူတို့လန့်ပြီး ငါတို့ဆီ ဒီရွာကို ပို့လိုက်တာ၊ ကျုပ်အမြင်ကတော့ ဒင်းက ကံဆိုးရုံတင်မကဘူး ပျင်းကလည်း ပျင်းသေးတယ်၊ အလုပ်ကလေး နည်းနည်း လုပ်ခိုင်းမိပါတယ်၊ သေတော့မလိုဖြစ်ပြန်ပြီ၊ အဲ့ဒီကောင်မစုတ်..."

လီဝေယန်းသည် စကားသံများကြောင့် အံ့ဩသွားမိသည်။ သူမ ပတ်ဝန်းကျင်အား လေ့လာသည်။ ဤအခန်းတွင်း မည်သည်မျှ မည်မည်ရရမရှိချေ။ ရှိသည်ဆို၍ လေးထောင့်စားပွဲတစ်လုံး၊ သစ်သားကုလားထိုင်လေးလုံး၊ ဗီရိုတစ်ခုနှင့် သူမလှဲအိပ်နေသော သစ်သားကုတင်စုတ်သာ ဖြစ်သည်။ ဒီနေရာက...... သူမ၏ စိတ်မှာ ဝေဝါးနေဆဲဖြစ်သည်။ အပြင်မှ ပြောစကားသံများက ပီသကျယ်လောင်စွာ ဆက်ရှိနေသေးသည်။

"သူ လီအိမ်တော်မှာနေတုန်းကတော့ ရံရွှေတော်တွေရှိတော့ ပင်ပင်ပန်းပန်းမလုပ်ခဲ့ဖူးဘူးလေ၊ ဒီနေ့ သူ သတိမထားမိလို့ ရေခဲချပ်ကြားကနေ ချော်ကျသွားတာ၊ သူဖျားတာ အဲ့ဒါကြောင့်ပါ၊ သူ့အမှားလည်း မဟုတ်ပါဘူး..." ယခုအချိန်၌ ရာသီဥတုမှာ လွန်စွာအေးလှသည်။ သို့ပါလျက် လျူရှီက ဝေ့ယန်းလို မိန်းကလေးငယ်ကို ရေခဲနေသောကန်၌ အဝတ်သွားလျှော်ခိုင်းခဲ့သည်။ မာရှီမှာ ဆက်၍ မကြည့်ရက်တော့။ သူမအသံက စိုးရိမ်တကြီး ဆောက်တည်ရာမဲ့ ဖြစ်လာသည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now