**(San) huangzi စန်းဟွမ်းဇီ = တတိယမင်သား/ဘုရင့်သားတော်/ အရှင့်သား
**Xiong ရှောင်း = အစ်ကိုလိုခင်မင်ရသော မိတ်ဆွေကို ခေါ်သည်။ အစ်ကိုဟု အဓိပ္ပါယ်ရ/ ဆွေမျိုးမတော်
**(San) dianqia စန်းတျန်းရှား = တတိယမင်းသား
**(San) mei စန်းမေး = ညီမတွေအနက် တတိယမြောက်ဖြစ်သူ
~~~~~~~~~~~~~~~~
၃၆။ ရန်သူရန်ဘက်တို့ လာဆုံကြ (Nc)
သူ အနီးသို့ ချဉ်းနင်းရောက်လာသည်နှင့် ပတ်ဝန်းကျင်ရှိအခြားသော အရာများအားလုံး မှေးမှိန်သွားတော့လေသည်။
သူ တစ်လှမ်းချင်း ဖြည်းညင်းစွာ ကျက်သရေရှိရှိလျှောက်လာသည်ကို လီဝေယန်း မျက်လုံးကလေးများ အဝိုင်းသားနှင့် ငေးကြည့်နေမိသည်။ သူမ အသက်ရှူသံများပင် တစ်ခဏမျှ ရပ်တန့်သွားမိသည့်အလား။
သူ၏ ကိုယ်လုံးကိုယ်ဖန်က အတော်ထင်ရှားသည်။ မျက်နှာသွင်ပြင်လက္ခဏာများမှာလည်း ခန့်ထည် ချောမောသည်။ ပိတုန်းရောင် သူ့မျက်ဆံများထဲ အေးဆေးတည်ငြိမ်မှုနှင့် စိတ်ဝိဉာဉ်ကို ငြို့ငင်ဖမ်းစားထားနိုင်သော ကျက်သရေရှိသည့် ဆိတ်ငြိမ်မှုတို့ ခိုအောင်းနေသည်။ သူကတော့ အထင်ကြီးလေးစားဖွယ်သော စန်းဟွမ်းဇီ(တတိယသားတော်) ထော့ပါကျန်းပင်ဖြစ်တော့သည်။
လီဝေယန်း၏ လက်များက အင်္ကျီလက်အတွင်းသားကို ကျစ်ကျစ်ပါအောင် ဆုတ်ထားမိသည်။ တာ့ဖူးရန်၏ ဟန်လုပ်ရယ်သံအတုက သူမ စိတ်အလျင်မှာ ပြန်ထင်ဟပ်ပေါ်လာခဲ့သည်။ "ဝေယန်းက လိမ္မာပြီး ဉာဏ်ထက်တယ်၊ ဒါ့ကြောင့် အမေက သမီးအတွက် အိမ်ထောင်ဖက်ကောင်း ရှာပေးမယ်၊ စန်းဟွမ်းဇီ ထော့ပါကျန်းဟာဖြင့် ငယ်ရွယ်ခံ့ညားသူဖြစ်တယ်၊ သူနဲ့ သမီးဟာ နတ်ဖက်တဲ့ စုံတွဲပဲ၊ ဝေယန်း... သမီး သူ့ကို လက်ဆက်လိုက်ရင် သမီး သူ့အပါးမှာ ခစားရပြီး အနာဂတ်လမ်းဖြောင့်ဖြူးသွားမှာသေချာတယ်"
လီချန်းလဲ့၏ ပါးချိုင့်ကလေးများလည်း ခွက်ကာ လွင်နေခဲ့သည်။ "ဟုတ်တယ်၊ မြို့တော်က လက်ထပ်ဖို့ အရွယ်ရောက်လာပြီးတဲ့ မိန်းကလေးတိုင်းက တတိယမင်းသားရဲ့ ကျန်းဖေး(ပဏာမကြင်ယာတော်)ဖြစ်ချင်နေကြတာ... ဝေယန်း မင်း သိပ်ကံကောင်းတာပဲကွယ်"
ČTEŠ
အဆိပ်/လီဝေယန်း
Historická literaturaCollaborative translation with @Taera_Pandora @No_Coz ဘဝက ခန့်မှန်း၍ မရနိုင်။ သူမ၏ ခင်ပွန်းက သူမ အစ်မအား ချစ်နေခဲ့သည်။ သူမအား ဧကရီမိဖုရားခေါင်ကြီးအဖြစ်မှ နန်းချ၍ သူမသားတော်အား သေစေခဲ့သည်။ ထိုအအေးတိုက်ပိတ်နန်းဆောင်အတွင်း သူမအား အဆိပ်သေရည်တိုက်ကျွေးခ...