၆၄/၁။ စက်စုပ်ဖွယ်သော အောက်လမ်းနည်း

2K 398 13
                                    

[၁]一帆风顺: ချောချောမွေ့မွေ့ရွက်လွှင့် = အရာအားလုံး ချောချောမွေ့မွေ့ဖြစ်နေသည်ကို ဆိုလိုသည်။

[၂]水涨船高: ဒီရေတက်လာတော့ လှေလည်းမြင့်လာ =  ရေမြင့် ကြာတင့် စကားပုံနှင့် အဓိပ္ပာယ်တူသည်။

၆၄/၁။ စက်စုပ်ဖွယ်သော အောက်လမ်းနည်း (Sharr)

လီချန်းလဲ့ မျက်မှောင်ကြုတ်၍ တုံ့ဆိုင်းသည့်ဟန်ဖြစ်သွားသည်။ "ပြီးခဲ့တဲ့ဆယ်ရက်ကတည်းက ညီမလေးတို့ အမျိုးမျိုးစဥ်းစားကြည့်ခဲ့ပေမယ့် အဖေက တာ့ကောကို အနည်းဆုံး တစ်လလောက် ပိတ်ထားချင်နတာ"

"မဖြစ်နိုင်တာ!" လီမင်ဖုန်း ကျယ်ကျယ်လောင်လောင် အော်မိတော့သည်။ "ငါက အဖေအချစ်ဆုံးသားလေ၊ ဘယ်လိုလုပ် ငါ့ကို ဒီလိုလုပ်ရက်ရတာလဲ" သူ့မျက်ဝန်းတို့က စူးရှနေကာ မကျေမချမ်းဖြစ်နေလျက် ကြွေတော့မည့် သစ်ရွက်ပမာ တုန်လှုပ်နေလေသည်။

လီချန်းလဲ့က ပြောလိုက်၏။ "တာ့ကော အဖေ အရမ်း ဒေါသထွက်နေတယ်၊ လူတိုင်းက ဒီအကြောင်းကို ပြောနေကြတာ၊ အဖေက အမြဲတမ်း ဂုဏ်သိက္ခာကိုပဲ အလေးထားခဲ့​ေတာ့ တာ့ကောလုပ်ခဲ့တာတွေက အဖေ့အတွက် အရမ်းကို လက်မခံနိုင်စရာဖြစ်နေတယ်"

"ငါ နင့်ကို ပြောလိုက်မယ်၊ ဘာတွေပဲကြားကြား အားလုံးက အလိမ်တွေ၊ အသေကောင်က ဘယ်လိုလုပ် ဆီးပန်းပင်ပေါ်တက်ပြီး သူ့ဘာသာချိတ်နိုင်မှာတုန်း၊ အဲ့ဒါ လီဝေယန်း အဲ့ခွေးမ ကြံစည်ထားတာ၊ ပြီးမှ အဲ့ကောင်မနဲ့ စာရင်းရှင်းဦးမယ်"

သူ လီချန်းလဲ့ပခုံးတို့ကို ကိုင်ကာ သူ့အားကြီးနှင့် ဆောင့်ဆွဲလှုပ်ယမ်းရင်း ကျယ်ကျယ်လောင်လောင် အော်ဟစ်တော့သည်။ ချောမောခန့်ညားသော အမျိုးကောင်းသားအသွင်မှာ လုံးလုံးကို ပျောက်ကွယ်နေချေပြီ။

လီချန်းလဲ့ အံ့အားသင့်ကာ ကြက်သေသေသွားရသည်။ သူမ ထိတ်လန့် ကြောက်ရွံ့မိသွားသည်။ လီမင်ဖုန်း၏မျက်နှာကား သေတော့မည့်သတ္တဝါလိုပင် တည်ငြိမ်အေးဆေးမှုတို့ ပျောက်ဆုံးနေချေပြီ။

တာ့ဖူးရန်က ရှေ့သို့ တက်လာပြီး လီမင်ဖုန်းကို မညှာမတာ ပါးချလိုက်၏။ "စိတ်အေးအေးထားစမ်း၊ မင်း ဒီလို စိတ်လိုက်မာန်ပါလုပ်နေရင် လီဝေယန်းထောင်ချောက်ထဲ ကျသွားလိမ့််ယ်၊ သူက အခု အမှောင်ထဲကနေ ငါတို့ဒုက္ခရောက်ပြီး ရူးမတတ်ဖြစ်တာကို စောင့်ကြည့်နေတာ"

အဆိပ်/လီဝေယန်းWhere stories live. Discover now