**ယားထို = ကလေးမ/ အသက်ငယ်ငယ်မိန်းကလေးအား ခေါ်သောအခေါ်။
** လောင်ယဲ = မိသားစုအတွင်း အသက်ဂုဏ်ဝါအကြီးဆုံးယောကျ်ား၊ အိမ်ထောင်ဦးစီး။
၃၂။ ကိုယ့်ဒုက္ခ ကိုယ်ရှာ (NC)
ဝေ့ကော်ဖူးရန် ဒေါသပိုထွက်လာသည်ကို တွေ့တော့ အားလုံး ရုတ်တရက် ထိတ်လန့်ကာ ဆိတ်ငြိမ်ကျသွားတော့သည်။
လီဝေယန်း သူမ မျက်ခုံးများပင့်၍ ဝေ့ကော်ဖူးရန်အား အဓိပ္ပါယ်ပါပါကြည့်ရင်း ပြောလိုက်သည်။ "ဒေါ်ဒေါ်... မင်ပြောင်ကျဲက နည်းနည်း ရောထွေးသွားလို့ပါ၊ ဒူးထောက်ခိုင်းတာတို့ တောင်းပန်ခိုင်းတာတို့ လုပ်စရာ မလိုပါဘူး"
ထိုစကားများပြောလိုက်သည်နှင့် အားလုံး ရုတ်ရုတ်သဲသဲမြည်သံ စကားသံများပေါ်ထွက်လာတော့သည်။ အမတ်ချုပ်ကြီးရဲ့ တတိယသမီးက ရူးနေတာလား... တုံးအတာလား...
ဝေ့ကော်ဖူးရန် ဒေါသတကြီး အမိန့်ပေးလိုက်တော့သည်။ "ဒီယားထိုကို ဆွဲခေါ်သွားပြီး ကြိမ်အချက် ၁၀၀ ရိုက်စမ်း...!"
အမိန့်ပေးသံကို ကြားသည်နှင့် အားလုံး ထိတ်လန့်ကြောက်ရွံ့ရတော့သည်။ လီဝေယန်းလို နုရွသော သခင်မလေးအတွက် ကြိမ်ချက် ၂၀ ပင်လျင် အရိုးများကျိုးကြေ၍ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားစေနိုင်သည်။ သို့သော် အချက် ၁၀၀ ဆိုလျင် သူမ အသက်ပင် မရှင်နိုင်လောက်ချေ။
တာ့ဖူးရန် နှုတ်ခမ်းက အသာကော့တက်သွားသည်။ သို့သော် သူမက ပြောလိုက်သည်။ "မေမေး၊ ဒီအပြစ်ဒဏ်က မပြင်းထန်လွန်းဘူးလား..."
ဝေ့ကော်ဖူးရန်မှာ သူမ၏ နာကျည်းချက်ကို မရုတ်သိမ်းနိုင်ပေ။ "ဒီယားထိုက လူပါးဝလွန်းတယ်၊ တို့ သူ့ကို ပြင်းပြင်းထန်ထန်မှ အပြစ်မပေးလိုက်ရရင် ဒေါသကို ဖြေဖျောက်နိုင်မှာ မဟုတ်ဘူး...!"
တာ့ဖူးရန် အခက်ကြုံနေရဟန် မျက်နှာထားဖြစ်သွားသည်။ သို့သော် သူမ စိတ်ထဲမှာတော့ ရယ်မောနေမိသည်။ သူမ ဝေ့ကော်ဖူးရန်ကို ဖြောင်းဖျရန်ကြိုးစားပါလျက် ဝေကော်ဖူးရန်က ဝေယန်းအသက်ကို နုတ်ယူလိုနေသေးသည်။ ဤကိစ္စကို သခင်ကြီး သိသောအခါ အလွန်နောက်ကျနေလောက်ပြီ။
YOU ARE READING
အဆိပ်/လီဝေယန်း
Historical FictionCollaborative translation with @Taera_Pandora @No_Coz ဘဝက ခန့်မှန်း၍ မရနိုင်။ သူမ၏ ခင်ပွန်းက သူမ အစ်မအား ချစ်နေခဲ့သည်။ သူမအား ဧကရီမိဖုရားခေါင်ကြီးအဖြစ်မှ နန်းချ၍ သူမသားတော်အား သေစေခဲ့သည်။ ထိုအအေးတိုက်ပိတ်နန်းဆောင်အတွင်း သူမအား အဆိပ်သေရည်တိုက်ကျွေးခ...