၂၀။ ပြယ်ပျက်သွားသော အလှ (NC)
"ဘာပြောလိုက်တယ်...!" လီရှောင်းရန် အံ့အားသင့်သွားသည်။
လီဝေယန်း မျက်နှာမှာ နှင်းဆီသွေးရောင်လွှမ်းနေသည်။ "အဖေ... သမီး စန်းတိ(တတိယမောင်ငယ်) ပန်းဥယျာဉ်ထဲမှာ ကစားနေတာတွေ့ခဲ့တယ်၊ နောက်တော့ သူ့ကို စန်းဖူးရန်(တတိယသခင်မ) လာခေါ်သွားတယ်၊ သမီး သူ့လက်ကို ဆွဲပြီးတောင် ဆူလိုက်သေးတယ်၊ သူက တစ်ချိန်လုံး လျှောက်သွားပြီးဆော့နေတာကိုး၊ ဘယ်လောက်တောက် ဆော့သလဲဆိုရင် ဖိနပ်ပျောက်သွားတာတောင် ဘယ်နား ပျောက်ခဲ့လဲ သူကိုယ်တိုင်တောင် မသိဘူးလေ" ထို့နောက် ယခုမှ ထိုဖိနပ်တစ်ရံကို သူမ တွေ့မိသည့်အလား အားပါးတရ ပြုံးလိုက်လေသည်။ "အိုက်ယား... ဒီတော့ ဒါက ဒီနားမှာ ပျောက်သွားတာကိုး၊ စန်းတိက ကဲလိုက်တာကွာ... ရေကန်နားမှာ လာဆော့တော့ ဖိနပ်တွေတောင် စိုကုန်ပြီ"
သူ အစောပိုင်းက အလွန်အကျွံပြုမူမိသည်ကို သတိမူမိသောအခါ လီရှောင်းရန် လေသံကို လျှော့လိုက်တော့သည်။ သို့သော် သူ့မျက်ခုံးများက တွန့်နေသေးသည်။ "နန်ယွမ်ကို ဘာလို့လာတာလဲ"
လီဝေယန်းက ပြုံးလိုက်သည်။ "အဖေ... လောင်ဖူးရန်က သမီးအဆောင်မှာ လူနည်းနေလို့တဲ့၊ ဒီနေ့ သမီးလဲ လောင်ဖူးရန် ပြောတဲ့အတိုင်း ဟွေ့ချွန်းဆောင်ဘက်မှာ အစေခံသွားရွေးတာ... နန်ယွမ်နားက ဖြတ်လာတော့ အပြင်နားမှာ အစေခံတွေ အများကြီး ရောက်နေတာတွေ့တယ်၊ သူများပြောတာကြားတာ အဖေနဲ့ အမေရောက်နေတယ်တဲ့... ဒါ့ကြောင့် ဝေယန်း ဝင်နှုတ်ဆက်တာ"
လီရှောင်းရန် တောင့်သွားသည်။ တာ့ဖူးရန် မျက်နှာကြောလည်း တင်းသွားတော့သည်။
"အစေခံရွေးဖြစ်လား" လီရှောင်းရန်က မေးခွန်းထုတ်သည်။
လီဝေ့ယန်၏ မျက်နှာထားက အနည်းငယ်ထိတ်လန့်မှုနှင့် ပျော်ရွှင်မှုတို့ ရောပြွန်းနေသည်။ "အိမ်တော်ထိန်းမားမားပြောတာက... သမီးအတွက် အစေခံငါးယောက် ရွေးပေးထားတယ်တဲ့၊ သမီးက ငါးယောက်ထဲက သုံးယောက် ရွေးလို့ရတယ်တဲ့... ဒါပေမဲ့ သူတို့အားလုံးက သမီးအမြင်တော့ သိပ်ကောင်းနေလို့ ရွေးရခက်နေတာနဲ့ ... ဝေယန်း လောင်ဖူးရန်ဆီသွားပြီး အကူအညီတောင်းတော့မလို့"
YOU ARE READING
အဆိပ်/လီဝေယန်း
Historical FictionCollaborative translation with @Taera_Pandora @No_Coz ဘဝက ခန့်မှန်း၍ မရနိုင်။ သူမ၏ ခင်ပွန်းက သူမ အစ်မအား ချစ်နေခဲ့သည်။ သူမအား ဧကရီမိဖုရားခေါင်ကြီးအဖြစ်မှ နန်းချ၍ သူမသားတော်အား သေစေခဲ့သည်။ ထိုအအေးတိုက်ပိတ်နန်းဆောင်အတွင်း သူမအား အဆိပ်သေရည်တိုက်ကျွေးခ...