၃။ ရိုးရိုးရှင်းရှင်း တစ်နပ်စာ (SHARR)
အခုအချိန်က ယုံမင်မင်းဆက် ၃၁နှစ်မြောက် ၂လပိုင်း ၁၂ရက်။ တစ်နည်းပြောရရင် သူမ လွန်ခဲ့တဲ့၂၃နှစ်ကအချိန်ကို ပြန်ရောက်သွားခြင်းဖြစ်သည်။ အဲ့ဒီနှစ်က သူမအသက်က ၁၃နှစ်။
တစ်ညလုံး လီဝေယန်းကို သူမအရင်ဘဝမှတ်ဉာဏ်များက နှိပ်စက်နေခဲ့သည်။ အခန်းကသေးလွန်း၍ အသံထွက်မငိုနိုင်တာကို သူမ မုန်းသည်။ ဆူညံသံသေးသေးလေးကိုတောင် တစ်ယောက်ယောက်ကြားသွားနိုင်၍ သူမ အသံကျယ်ကျယ်ထွက်ပြီး မငိုရဲ။ သူမ မျက်လုံးတွေ မှိတ်လိုက်လျှင် အအေးနန်းတော်ထဲမှာ စွန့်ပစ်ခံရတဲ့ အားနည်းပျော့ညံ့တဲ့သူပြန်ဖြစ်သွားမှာကို သူမကြောက်လှသည်။ လီဆိုသောအမည်ကိုပင် သူမ မကြားချင်ပါ။ ဒီလောကကြီးထဲက သူမ အမုန်းဆုံးလူနှစ်ယောက်က မြို့တော်မှာ အေးအေးလူလူနေထိုင်နေသည်ကို တွေးမိရင် သူ့တို့ကို ဓားနဲ့အပိုင်းပိုင်းပြတ်အောင် အကြိမ်တစ်သန်းလောက်ခုတ်ချင်မိသည်အထိ ဒေါသထွက်မိသည်။
မျက်ရည်တွေ ခန်းခြောက်ပြီး အပြင်းအထန်ခံစားရတဲ့အထိငိုပြီးသောအခါ သူမ တဖြည်းဖြည်းနဲ့ တည်ငြိမ်လာသည်။ လီဝေယန်း ခေါင်းမော့လိုက်ပြီး ပြတင်းပေါက်ကနေ ညမိုးကောင်းကင် ကြည့်နေသည်။ သူမမျက်လုံးတွေက နက်မှောင်ကာ မှိုင်းညိုနေသည်။
သူမ အသက်ရှင်နေတုန်းက ကောင်းကောင်းမွန်မွန်မှန်မှန်ကန်ကန်နေထိုင်ပြီး အရာအားလုံးကို အစွမ်းကုန်ကြိုးစားရင် နောက်ဆုံးမှာ ကံ ကံ၏အကျိုးကို ခံစားရမည်ဟု သူမ ယုံကြည်ခဲ့သည်။ သို့သော်လည်း အဲ့ဒါတွေအားလုံးက တကယ်မဟုတ်ဘဲ မှားယွင်းနေလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ သူမထားခဲ့တဲ့ စာနာသနားကြင်နာခြင်းတွေအစား ကြောက်မက်ဖွယ်သစ္စာဖောက်မှုနဲ့ စိတ်ဒုက္ခတွေပဲ ပြန်ရခဲ့သည်။
သူမအဖေက အကြင်နာတရားကင်းမဲ့ပြီး သူမခင်ပွန်းက ဒေါသကြီး၍ရက်စက်သည်။ အစ်မကောင်းတစ်ယောက်လို့ သူမမှတ်ယူခဲ့သည့် လူတောင်မှပဲ။ သူမက လီချန်းလဲ့အလှကို မယှဉ်နိုင်ပေမယ့် ထောပါကျန်းအပေါ်တွင် အမြဲသစ္စာရှိခဲ့သည်။ သူ့အတွက်ဆို သေခြင်း၊ရှင်ခြင်းကြားထဲမှ အကန့်အသတ်တွေကိုတောင် လျစ်လျူရှုခဲ့သည်။ သူမကြောင့်သာ မဟုတ်ရင် ထောပါကျန်းက အရင်ကတည်းက သေနေလောက်ပြီ။ ရှင်ဘုရင်လည်းဖြစ်လာမှာ မဟုတ်ပေ။ ဒါတောင် သူမက အအေးတိုက်နန်းဆောင်သို့ စွန့်ပစ်ထားခြင်းခံရသော အမှိုက်တစ်စဖြစ်လာခဲ့သည်။
ESTÁS LEYENDO
အဆိပ်/လီဝေယန်း
Ficción históricaCollaborative translation with @Taera_Pandora @No_Coz ဘဝက ခန့်မှန်း၍ မရနိုင်။ သူမ၏ ခင်ပွန်းက သူမ အစ်မအား ချစ်နေခဲ့သည်။ သူမအား ဧကရီမိဖုရားခေါင်ကြီးအဖြစ်မှ နန်းချ၍ သူမသားတော်အား သေစေခဲ့သည်။ ထိုအအေးတိုက်ပိတ်နန်းဆောင်အတွင်း သူမအား အဆိပ်သေရည်တိုက်ကျွေးခ...