၂၃။ ကံကောင်းစေသော ကြောင်

1.7K 369 17
                                    

၂၃။ ကံကောင်းစေသော ကြောင် (NC, Sharr)

ဝေယန်း သူမ အဆောင်ဘက်ပြန်ရောက်သည်နှင့် မော့ကျူက အပြုံးတစ်ခုနှင့် ဆီးကြိုစောင့်နေသည်။

"စန်းရှောင့်ကျဲ... လောင်ဖူးရန်က မမလေးကို သူ့အဆောင်ဘက်လာဖို့ ခေါ်ထားတယ်"

လီဝေယန်း ပြုံးလိုက်သည်။ သူမ အကြည့်က နေရာ ရွေ့လျောသွားပြီး သဖန်းပင်နောက်ကွယ်မှာ ခိုနေသော လူရိပ်ဆီရောက်သွားတော့သည်။ ထိုမိန်းကလေး ဟွားမေမှာ မကျွတ်မလွတ်နိုင်သေးသော ဝိဉာဉ်ပမာ တတိယသခင်မလေးနောက် တစ်ကောက်ကောက်လိုက်ကြည့်တွယ်ကပ်နေလေသည်။ သူမကို တာ့ဖူးရန်က ပေးထားတာဖြစ်သောကြောင့် သူမကို နှင်ထုတ်လိုက်ပြန်လျင်လည်း မမလေးက တာ့ဖူးရန်အပေါ် မကျေနပ်သဖြင့် ပြုလုပ်သည်ဟု ဆိုကြပေဦးမည်။ သို့ပေလျက် သူမကို အနားဆက်ထားပြန်လျင်လည်း မည်သည့်ချိန်၌ ဘေးဖြစ်စေမည်မသိဖြစ်နေရပြန်သည်။

လီဝေယန်းကတော့ မမြင်ဟန်သာဆောင်၍ ဇီယန်ဘက်ကို လှည့်လိုက်သည်။ "ပိုင်ကျစ်နဲ့ မော့ကျူ တို့နဲ့လိုက်ခဲ့လိမ့်မယ်၊ မင်းက ဒီမှာ နေခဲ့ပါ"

မော့ကျူကို လောင်ဖူးရန်က ပေးထားသောကြောင့် သူမ လိုက်ကို လိုက်ခဲ့ရမည်ဖြစ်သည်။ သို့သော် ပိုင်ကျစ်နှင့် ဇီယန်မှာ ဖိန်ချန်းမှာကတည်းက မမလေးနောက် လိုက်ပါလာသောသူများ ဖြစ်လေသည်။ သို့ရာတွင် ယခုနောက်ပိုင်း မမလေးမှာ ပိုင်ကျစ်နှင့် ပို၍ ရင်းနီးလာလေသည်။ ဇီယန် မျက်ခုံးများ မှုန်ကုပ်သွားမိသည်။ သူမကို လီဝေယန်း တည်တည်ငြိမ်ငြိမ်စိုက်ကြည့်နေသည်ကို သတိထားမိတော့မှ သူမ နားလည်သဘောပေါက်သွားတော့သည်။

"ရှောင့်ကျဲ... စိတ်ချ သွားပါ၊ ကျွန်မ အဆောင်ဝန်းကို သေချာ စောင့်ရှောက်ထားပါ့မယ်"

သူမ၏ အစေခံနောက်လိုက်နှစ်ဦးနှင့်အတူ လီဝေယန်းလည်း ဟယ်ရှန်းယွမ်ဘက် ထွက်လာလိုက်တော့သည်။

သူမ ရောက်လျှင်ရောက်ချင်း တံခါးများ ခပ်ကျယ်ကျယ် ပွင့်လျက်ရှိနေသည်ကို သတိထားမိသည်။ မင်းကတော်တို့၏ နူးညံ့စွာရယ်သံကို သူမ ကြားနေရသည်။ လီဝေယန်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် ဟန်ပြင်ကာ ဝင်လာလိုက်တော့သည်။ ခန်းမတွင်းတွင်မူ လောင်ဖူးရန်၊ အခြားဖူးရန်များနှင့် ရှောင့်ကျဲများလည်း ရှိနေသည်။ အားလုံးက အလွန်အမင်း ဝမ်းမြောက်နေပုံရသည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now