၃၁။ မာနကြီးပြီး အထက်​စီးဆန်​ခြင်း

1.6K 313 5
                                    

၃၁။ မာနကြီးပြီး အထက်​စီးဆန်​ခြင်း (Tr, Sharr)

*အာ့ကော = ဒုတိယအစ်ကို

ပြောင်ကော/​မေး/​ကျဲ = ဝမ်းကွဲအစ်ကို/ညီမ/အစ်မ

_____________

ပိုင်ကျစ် လီဝေယန်းကို လှည့်ကြည့်လိုက်သည်။ "ရှောင့်ကျဲ... ဘာများဖြစ်လာလို့လဲ"

လီဝေယန်း အသံ ခပ်ပြတ်ပြတ်ဖြင့် ဖြေလာသည်။ "တစ်ယောက်ယောက်က တို့ကို ဖျက်စီးချင်နေတယ်"

ထိုအချိန်မှာတွင် မိုးကတိတ်သွားလေပြီ။ လီဝေယန်း သက်တံရှိရာ မိုးကုပ်စက်ဝိုင်းကို ကြည့်လိုက်သည်။သူမ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"သူ့ကို အခုချက်ချင်းသတ်လိုက်မယ်ဆိုရင် တော်တော် စိတ်ကျေနပ်ဖို့ကောင်းမှာပဲ၊ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ သူက အသုံးဝင်နေသေးတယ်၊ မဟုတ်ရင် နောက်ထပ် ဒီလို သူများသိက္ခာကျအောင် လုပ်တဲ့ ကောက်ကျစ်တဲ့ လူတွေကို ဓားနဲ့ အချက်တစ်ထောင်ထိုးပြီး အပေါက်ဖြစ်အောင် လုပ်ရင်တောင် တို့ရဲ့ အမုန်းတွေကို ချေဖျက်ဖို့ လုံလောက်မှာ မဟုတ်ဘူး"

ပိုင်ကျစ်က မတ်တတ်ရပ်နေဆဲပင်။

လီဝေယန်းက ဖျတ်ခနဲကြည့်လိုက်ပြီး ရယ်မောကာ ဆက်ပြောသည်။ "သွားကြစို့"

စောစောတုန်းက မိုးရွာထားသောကြောင့် စိုစွတ်နေသော မြေကြီးပေါ်ရှိ မိုးရေစက်များမှ အလင်းပြန်နေကြသည်။ ခြေအစုံက မြေပြင်ကို ထိလိုက်သည်နှင့် ဝတ်စုံ ရေစိုမှာကို ရှောင်ဖို့ရာ မဖြစ်နိုင်တော့။ ပိုင်ကျစ်က လီဝေယန်းဝတ်စုံကို ကိုင်မ,ပေးရန် အလုပ်များနေသည်။ ထို့ကြောင့် တံခါးဝတွင် စောင့်ကြပ်နေသည့်မားမားကို မြင်လိုက်ရတော့ ပြောရမည့်စကားကိုမေ့သွားပြီး မားမားပြောသွားသည့်စကားကိုသာ ပြန်ပြောမိလိုက်သည်။

"တာ့ဖူးရန်က ကျွန်မတို့ယွမ်ဇီ(အိမ်ဆောင်)ကို ပိတ်ဖို့ပြောထားတာလား"

တံခါးကို စောင့်ကြပ်နေရင်း ကျန်းမားမားက ပုံမှန်အတိုင်းအေးစက်နေသော လေသံဖြင့် ပြုံးကာပြောလိုက်သည်။ "ဟုတ်တယ်၊ တာ့ဖူးရန်က ပြောင်ရှောင့်ယဲ တိုက်ခိုက်ခံရလို့ ခုလေးတင် လူတစ်ယောက်ကို ပို့လိုက်တယ်၊ ဘယ်သူမှ ဒီယွမ်ဇီ(အိမ်ဆောင်)ကနေ ထွက်သွားခွင့် မရှိဘူး"

အဆိပ်/လီဝေယန်းWhere stories live. Discover now