၂၁။ အားလုံးက ဟ​န်​ဆောင်​မှု​တွေချည်းပဲ

1.8K 336 5
                                    

၂၁။ အားလုံးက ဟ​န်​ဆောင်​မှု​တွေချည်းပဲ (Sharr)

ဖူအန်းယွမ်....

သမားတော်လင်း လီချန်ရှီးကို လိမ်းဆေးလူးပေးနေတုန်း မျှော်လင့်တကြီးအကြည့်တို့ဖြင့် လီချန်ရှီး သူ့အားကြည့်လာသည်။

သမားတော် သက်ပြင်းချ၏။ "ဝူရှောင့်ကျဲ....ရှောင့်ကျဲရဲ့မျက်နှာကို ပျောက်အောင်ကုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..."

လီချန်ရှီး၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။ လက်ဖက်ရည်ခွက်ကို လက်နှင့်တိုက်ချကာ တရှုံ့ရှုံ့ငိုတော့သည်။ စစ်ယိညန် (ကိုယ်လုပ်တော် - ၄) ကျောက်ရှီနှင့် လီချန်ရှောင်းတို့မှာ လက်ကိုင်ပဝါတစ်ထည်နှင့် အပြေးအလွှားသွားကြသည်။

တာ့ဖူးရန်၏ အေးစက်စက်မျက်ဝန်းတို့က စစ်ယိညန်ကျောက်ရှီအပေါ် သက်ရောက်သွားသည်။ ကျောက်ရှီသည် ကျန်းနန်မှဖြစ်၍ ယဉ်ကျေးသိမ်မွေ့စွာ ပြောလေ့ရှိသည်။ သူမသည် နူးညံ့သိမ်မွေ့ရုံသာမက ကဗျာစာပေနှင့် အနုပညာတို့တွင်လည်း ပါရမီရှိသည်။ ထိုမျှမက လီချန်ရှောင်းနှင့် လီချန်ရှီးတို့ကို မွေးပြီးတာတောင် ကိုယ်လုံးကိုယ်ပေါက်နှင့် ကောက်ကြောင်းအလှတို့က ဆွဲဆောင်မှုရှိနေဆဲ။ ထို့ကြောင့်လည်း လီရှောင်ရန်၏စွဲလမ်းနှစ်သက်ခြင်းကို ရနေတာဖြစ်သည်။

ဒီသားအမိသုံးယောက်ကို ကြည့်ပြီး လီချန်းလဲ့ အနည်းငယ်မျှ မျက်ခုံးတွန့်ချိုးသွားသည်။ အနည်းငယ်မျှသော မျက်ခုံးတို့ တွန့်ချိုးသွားသည်ကပင် သမားတော်လင်းကို အသက်ပြင်းပြင်းရှုမိစေသည်။ အမတ်ချုပ်ကြီး၏သမီးအကြီးဆုံးက နတ်သမီးတစ်ပါးလို လှတယ်လို့ လူတိုင်းပြောကြတာ အံ့ဩစရာတော့မဟုတ်။ သူတို့ပြောတာတွေ တကယ်မှန်သည်။

တာ့ဖူးရန် ညင်ညင်သာသာ ချောင်းဆိုးလိုက်တော့မှ သမားတော်လင်း အကြည့်လွှဲလိုက်သည်။

"သမားတော်လင်း....ဝူမေး(ညီမ ၅)က လက်ထပ်ရသေးတာ မဟုတ်ဘူး၊ အလှအပဟာ မိန်းမတစ်ယောက်အတွက်တော့ အရမ်းအရေးကြီးတယ်၊ ရှင်တတ်နိုင်သလောက် ကူညီပေးပါ၊ နောက်ပြီး ဒီလျို့ဝှက်ချက်ကိုလည်း အပြင်ကို မပေါက်ကြားပါစေနဲ့...." လီချန်းလဲ့အသံမှာ နူးညံ့ပြီးသာယာလှသည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now