၆၁။ ရုတ်ရုတ်သဲသဲ ဆူညံ

1.6K 347 21
                                    

[၁] 七嘴八舌: qī zuǐ bā shé (ချ ီကျွေ ပါးရှယ်)- လျှာ ခုနစ်ချောင်း ပါးစပ် ရှစ်ပေါက် - ရုတ်ရုတ်သဲသဲ တစ်ယောင်တစ်ပေါက် ဆူညံစွာ ပြောဆိုသည်

၆၁။ ရုတ်ရုတ်သဲသဲ ဆူညံ (Nc)

အားလုံး၏ မျက်နှာထားများ အံ့သြမှုများနှင့် ပျက်ပြားကုန်တော့၏။

တာ့ဖူးရန် မျက်နှာလည်း ရုတ်တရက်ပြောင်းလဲသွားကာ ချက်ချင်းထရပ်လိုက်မိတော့သည်။ ထို့နောက်တော့ သူမ ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်ကာ ဆိုသည်။ "ဝမ်ရှောင့်ကျဲ... အမြင်မှားတာ ဖြစ်မယ်၊ အခုက မှောင်နေပြီဆိုတော့---"

ဝမ်ရှောင့်ကျဲလည်း ခေါင်းပြန်ခါ၍ ဆိုသည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး... ကျွန်မ အမြင်မှားတာ မဟုတ်ဘူး... ရှင်တို့ မယုံရင် ကျွန်မရဲ့ အစေခံကို မေးလို့ရတယ်၊ သူလဲ တွေ့လိုက်တယ်...!"

အိမ်စေမကလေး၏ မျက်နှာလည်း စိမ်းဖန့်နေပြီး အလွန်တရာ ထိတ်လန့်နေဟန်ရှိသည်။ "ရှောင့်ကျဲ ပြောတာ မှန်တယ်၊ နူပိလဲ တွေ့လိုက်တယ်၊ ဆီးပန်းပင်မှာ တွဲလောင်းကြီး... လျှာကလဲ တစ်လစ်ထွက်လို့... ကြောက်စရာကြီး...!"

တာ့ဖူးရန် ရင်ထဲ နိမိတ်မကောင်းသလို ခံစားရမိလာသည်။ သူမ လီဝေယန်းကို အလိုအလျောက်လှည့်ကြည့်လိုက်မိသည်။ ဘာကြောင့်ရယ်တော့ သူမ မသိ၊ သို့သော် ယခု ဖြစ်ရပ်နှင့် လောလောဆယ် လက်ဘက်ရည်ကြမ်းအေးအေးလူလူသောက်နေနိုင်သော မိန်းမယုတ်တို့ ဆက်နွယ်နေမည်ဟု သူမ ထင်နေမိသည်။ ထိုသို့ တွေးမိသော် သူမ အခိုင်အမာ ဆက်ဆိုလိုက်သည်။ "မင်းတို့ အမြင်မှားတာပဲ ဖြစ်မှာပါ...! လာကြဦး၊ ဝမ်ရှောင်ကျဲ ကို သူ့နေရာသူ ပြန်ထိုင်ဖို့ တွဲပေးလိုက်ကြ"

ဝမ်ရှောင့ကျဲလည်း တစ်စုံတစ်ရာဆက်ပြောဦးမလို့ပင်၊ သို့သော် ဝမ်ဖူးရန် မျက်နှာထားကို တွေ့တော့ သူမ ဘာစကားမှ ပြောမထွက်တော့၊ သူမ နေရာဆီသာ ပြန်လာထိုင်နေလိုက်သော်လည်း သူမ သဏ္ဍာန်ကတော့ ငေးငိုင်တုန်လှုပ်နေဆဲ။ ချက်ချင်းဆိုသလိုပင်၊ အခြားအိမ်တော်မှ ရှောင့်ကျဲများ သူမဆီ အခြေအနေမေးရန် ရောက်လာကြလေသည်။ သူမက ပြန်ဖြေမည် ပြုသော်လည်း ဝမ်ဖူးရန် ချောင်းဟန့်လိုက်သောအခါမူ ဝမ်ရှောင့်ကျဲဘာမှ မပြောရဲပြန်တော့။

အဆိပ်/လီဝေယန်းWhere stories live. Discover now