၆၅/၂။ ဗျူဟာထဲက ဗျူဟာ

1.7K 392 15
                                    

၆၅/၂။ ဗျူဟာထဲက ဗျူဟာ (Nc)

_____

ဇီယန်သေဆုံးသွားပြီးသည့်နောက်၊ ပိုင်ကျစ်နှင့် မော့ကျူသာ လီဝေယန်း၏ အယုံကြည်ရဆုံး ယားထိုနှစ်ယောက်အဖြစ် ကျန်ရစ်တော့သည်။ အစကနဦးကတော့၊ သူမ အဆင့်မြင့်ယားထိုနှစ်ယောက်ကို အပါးတော်မြဲထားရန် ရွေးချယ်လောက်သည်ဟု လူတိုင်းတွေးထင်ခဲ့ကြသော်လည်း တစ်လကျော်ကြာသည့်တိုင်၊ သူမ မည်သူ့ကိုမှ မရွေးချယ် မခန့်အပ်ခဲ့ပေ။ ယားထိုများနှင့် မာမားတို့မှာ အံ့အားသင့်နေမိသော်လည်း သွားတော့ မမေးကြည့်ရဲ။ အိမ်ဝန်းအတွင်း ဝေယျာဝိစ္စအလုပ်များ မနိုင်မနင်းဖြစ်လာ၍သာ၊ မော့ကျူက လီဝေယန်းထံမှ ခွင့်တောင်းကာ လက်တိုလက်တောင်းခိုင်းရန် ချင်ဖန်းနှင့် ဟုန်လော့တို့ကို ရွေးခြယ်ထားလိုက်သည်။ ချင်ဖန်းမှာ တာ့ဖူးရန်အိမ်ဝန်း၌ လုပ်ခဲ့ဖူးပြီး ပါးနပ်ဉာဏ်များသောကြောင့် မော့ကျူက သူမကို တာ့ဖူးရန်၏ အတွင်းလူဖြစ်လေမလားဟု စိုးရိမ်ကာ အနီးကပ်စောင့်ကြည့်လို၍ဖြစ်သည်။ ဟုန်လော့မှာမူ စာရင်းကိုင်လျို၏ သမီးဖြစ်ပြီး အိမ်ထောင်ပြုရန် စောင့်ဆိုင်းနေသူဖြစ်၍ အိမ်တော်တစ်ခုလုံးမှ မည်သည့်သခင်နှင့်မျှ ပတ်သက်ဆက်နွယ်ခြင်း မရှိသောကြောင့် သူမကိုတော့ မျက်စိဒေါက်ထောက်စောင့်ကြည့်နေစရာ မလိုပေ။ သူမကလည်း ရိုးသားကာ ယုံကြည်ရသည်။ သူမက စကားလည်း နည်း၏။ တဖြည်းဖြည်းနှင့် မော့ကျူတို့၏ ယုံကြည်မှုကို ရလာသောအခါ ပို၍ပင် အလုပ်ကြိုးစားတော့သည်။ 

ယနေ့ညမှာမူ ပိုင်ကျစ်နှင့် ဟုန်လော့တို့၏ တာဝန်ကျသော ညဖြစ်လေသည်။

လီဝေယန်း အိပ်ရာမဝင်ခင် ရေဆာသဖြင့် လက်ဘက်ရည် ယူလာခိုင်းလိုက်သည်။ ပိုင်ကျစ်ကတော့ ဟုန်လော့ကို အင်မတန် သဘောကျမိသည်။ စကားနည်းသော်လည်း အလုပ်ကြိုးစားသည့် ယားထိုကို သခင်ဆီ ထုတ်ပြလိုက်ချင်သည်။ နောင်များ သူမ အစေခံအဖြစ်မှ လွတ်၍ အိမ်ထောင်ပြုသောအခါ၌လည်း သခင်က ချီးမြှင့်မြှောက်စားသည်တို့ ရစေရန်အလို့ငှာ၊ သူမကို ရှောင်ကျဲထံ လက်ဘက်ရည် အဆက်လွှတ်လိုက်၏။

ဟုန်လော့က ခေါင်းငုံ့ထားလျက်သာ နေသည်။ လီဝေယန်း မထင်မှတ်ပါဘဲ သူမ လက်ကို ကြည့်လိုက်မိ၏။ သူမ မမြင်မိလိုက်လျင်က အကြောင်းမဟုတ်၊ သို့သော် သူမ၏ လက်ကောက်ဝတ်မှ တစ်စုံတစ်ရာကို လီဝေယန်း သတိထားမိလိုက်လေသည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now