၃၄။ လက်ထဲက ပုလဲရတနာ (Sharr)
*ကုန်းဇီသည် မူးမတ်သေနာပတိ အထက်တန်းလွှာလူတန်းစားတို့၏သားကို ခေါ်ဝေါ်သောအခေါ်အဝေါ်ဖြစ်သည်။
______________
ကြည့်ရတာ နှစ်ဖက်လုံးက အလျှော့ပေးချင်ပုံမရ။
ဘေးကျပ်နံကျပ်အခြေအနေမျိုးထဲ ကျရောက်နေ၍ လီရှောင်ရန် မျက်မှောင်ကြုတ်မိသည်။
လီဝေယန်း အတွေးနက်နေပုံကိုကြည့်ပြီး လောင်ဖူးရန် သက်ပြင်းချမိလိုက်သည်။
နောက်ဆုံး လီရှောင်ရန် စကားပြောလာသည်။ "ချန်းလဲ့... အရင်ဆုံး သမီးအမေကို ထဖို့ကူညီပေးလိုက်"
ထိုအခိုက်အတန့်တွင် လီဝေယန်းနှလုံးသားသည် အထီးကျန်လာသလို ခံစားလာရသည်။ လီရှောင်ရန်၏ဆုံးဖြတ်ချက်ကိုလည်း သူမ နားလည်သွားတော့သည်။
လီရှောင်ရန် ဂရုဏာမျက်ဝန်းတို့ဖြင့် ကြည့်လာသည်။ "ဝေယန်း... ဒီနေ့ကိစ္စမှာ သမီး နမော်နမဲ့နိုင်လွန်းတယ်၊ သမီးပြောင်ကော(ဝမ်းကွဲအစ်ကို)ကို ပရမ်းပတာနဲ့ သွားမရိုက်သင့်ဘူး၊ သူက ဝေ့ကော်ဖူးရန်ရဲ့ တစ်ဦးတည်းသောသား၊ အဖေ့မှာ ပေါ်ချန်နယ်စားကြီးကို သေချာရှင်းပြရတော့မယ်"
သူ့စကားများက စာနှင့် လီချန်းလဲ့အကြောင်းကို လုံးဝပြောမသွားဘဲ လီဝေယန်း လူမှားရိုက်မိတာကိုပဲ ရည်ညွှန်းလာသည်။ လီရှောင်ရန် သူမအပေါ် အပြစ်တွေပုံချပြီး မျက်စိကန်းနေရာကနေ ကြိုးကိုင်ခြယ်လှယ်သူဖြစ်သွားလေသည်။ လီချန်းလဲ့လုပ်တာတွေကို သိတာတောင် သူမအဖေက ဖုံးကွယ်ပေးနေသည်ကို လီဝေယန်း မယုံနိုင်လောက်အောင်ဖြစ်သွားသည်။
သူမခေါင်းကို မော့ကာ ဖြည်းညှင်းစွာ မေးလိုက်သည်။ "အဖေ... ဝေယန်း
ကို ဘယ်လိုအပြစ်ပေးချင်ပါသလဲ"ဒါကိုကြားတော့ လီချန်းလဲ့မျက်နှာတွင် ပျော်ရွှင်မှုတို့ တစ်စွန်းတစ်စပေါ်လာသည်။ အဖေက နောက်ဆုံးတော့ သူမဘက်မှာ ရပ်တည်သည်လေ။
လီရှောင်ရန် ဂရုဏာအကြည့်တို့ဖြင့်ကြည့်ကာ စကားပြောရန်ပြင်နေစဉ်မှာပင် လူငယ်လေးတစ်ယောက်က သူ့ရှေ့ကိုပြေးဝင်လာပြီး ဒူးထောက်လိုက်လေသည်။ သူ ချက်ချင်း လီဝေယန်းဘေးနားတွင် ဒူးထောက်ချလိုက်သည်။
YOU ARE READING
အဆိပ်/လီဝေယန်း
Historical FictionCollaborative translation with @Taera_Pandora @No_Coz ဘဝက ခန့်မှန်း၍ မရနိုင်။ သူမ၏ ခင်ပွန်းက သူမ အစ်မအား ချစ်နေခဲ့သည်။ သူမအား ဧကရီမိဖုရားခေါင်ကြီးအဖြစ်မှ နန်းချ၍ သူမသားတော်အား သေစေခဲ့သည်။ ထိုအအေးတိုက်ပိတ်နန်းဆောင်အတွင်း သူမအား အဆိပ်သေရည်တိုက်ကျွေးခ...