ဒါက အိမ်မှ ဟုတ်ရဲ့လား...... ငါလိပ်စာမှားခဲ့တာလာဆိုပြီး ရိပေါ် ပြန်ကြည့်လိုက်သည် အမှန်ပါဘဲ ဒီနေရာမှာဆိုလို ဒီရှောင်အိမ်တော် ကြီးတစ်ခုသာရှိသည် ကုန်လေးပေါ်က အဖြူရောင် ရဲတိုက်ကြီးက သမ္မတနေတဲ့အိမ်ဖြူတော်လိုပင်သတ်မှတ်ရမည် ခမ်းနားလွန်သည် ခြံထဲမှာ အလုပ်သမားတွေကလဲ ကိုယ်အလုပ်ကိုယ်လုပ်နေကြသည် အိမ်တော်ကို ဝင်လိုက်သည့်နှင့် ရိပေါ် မရင်ဆုံးတွေ့လိုက်သည်က သူ့အရွယ်ကောင်လေးတစ်ယောက် ရိပေါ်က ရိုးရိုးရှင်းရှင်း အပြာရောင်တီရှပ်နဲ့ ဂျင်းဘောင်းဘီအနက်ရောင်ကိုသာဝတ်ထားသည် ကျိုးချန်ထိုင်ဖို့ နေရာပြလိုက်တော့ ရိပေါ်ဆိုဖာပေါ်ဝင်ထိုင်လိုက်သည် မင်း ဆေးစစ်စာရွက်ပါလာလား.. ကျိုးချန်မေးလိုက်သည် အင်း.... ရိပေါ် ထိုမျှသာပြောပြီး အိတ်ကပ်ထဲထဲ့လာတဲ့ ဆေးစာရွက်ကို ကျိုးချန်ကိုပေးလိုက်သည် ကျိုးချန်ဆေးစာရွက်ကို ခနကြည့်ပြီး ခုံပေါ်ပြန်တင်လိုက်သည် မင်းရုပ်ကတော့မဆိုဘူး ယောက်ျားဆန်ပြီးချောတယ် ငါကတော့သဘောကျတယ် ကျိုးချန်ပြောတော့ ရိပေါ် ကျိုးချန်ကိုသာ ဒီအတိုင်စိုက်ကြည့်နေသည် ဒါပေမဲ့ ငါသဘောကျဖို့တော့ မလိုဘူး ရှောင်ကျန့်သဘောကျမှ မင်းအလုပ်ဖြစ်မှာ ကျိုးချန်ပြောတော့ ရိပေါ် ဒီအတိုင်နားထောင်နေသည်ရိပေါ်ဘာမှပြန်မပြော
မင်းနာမည်က ရိပေါ်နော် ရှောင်ကျန့်နဲ့ တစ်နှစ်ဘဲငယ်တာဘဲ ရိပေါ်က ကိုယ်နဲ့မဆိုင်သလို ဒီတိုင်ထိုင်နေသည် ခနနေရှောင်သခင်လေး ဆင်းလာမယ် သူသဘောကျလို့ မင်းအလုပ်ဖြစ်မှ ငါစည်းကမ်းချက်တွေ ပြန်ပြောမယ် ကျိုးချန်ဒီလောက်သာ ပြော၍ ရှောင်ကျန့်အလာကို ရိပေါ်နဲ့အတူ ထိုင်စောင့် နေသည်
၁၅မိနစ်လောက်အကြာမှ ကြွေအထပ်ထပ်နဲ့ပြုလုပ်ထားသည့် ပြောင်လတ်နေသည့် လှေးကာထစ်ဆီမှ ဖြူလွှလွှ ကောင်လေးတစ်ယောက် ဆင်းလာသည် ရိပေါ် ထိုမြင်ကွင်းကို မျက်တောင်မခတ်ကြည့်နေမိသည် ရှောင်ကျန့်ရေချိုးခေါင်းလျှော်ပြီး ဧည့်သည့်စောင့်နေမှန်သိလို ခေါင်းတောင်ခြောက်အောင်မသုတ်ဘဲ ဆင်းလာသည် ရှောင်ကျန့်ကပေါ့ပေါ့ပါးပါး အိမ်နေ တီရှပ်အဖြူရောင်အပွနဲ့ ဘောင်းဘီအဖြူရောင်အပွကိုသာ ဝတ်ဆင်ထားသည်
ရှောင်ကျန့် သူက ငါပြောထားတဲ့လူ နာမည်က ဝမ်းရိပေါ် တဲ့ ကျိုးချန်ပြောတော့ ရှောင်ကျန့် ခေါင်းငြိမ့်၍ သာ ရိပေါ်ကို ကြည့်နေသည် ကျိုးချန်ရဲ့ မိတ်ဆက်စကားကြောင့် ရိပေါ်အနေခတ်တာတော့အမှန်ပင် သူလိုဖြောင့်တန်းနေတဲ့ ယောက်ျားတစ်ယောက်က အခုလို အိမ်ထိလာပြီး ဈေးဗန်းလာခင်းပြနေရသလိုဖြစ်နေတော့ ရိပေါ်အနေဖြစ် နေရတာ မသက်မသာခံစားရပြီး စိတ်ရှုပ်မိတာတော့ အမှန်ပင် ဖြစ်နိုင်ရင် ချက်ချင်ထပြန်ချင်နေမိသည် သို့ပေမဲ့ အရှေ့မှာ ထိုင်နေတဲ့ အဖြူရောင်လူသားလေးကြောင့် ရိပေါ်စိတ်တွေက ခဲဆွဲသလို လေးလံနေသည် သူ့ဖင်က ဆိုဖာပေါ်ကနေ မကြွတက်လာဘူး ကျောက်ဆူးချထားသလို ဖြစ်နေသည် ထိုရှောင်သခင်လေးဆိုတဲ့ရှောင်ကျန့်ဆိုတဲ့ လူက အရပ်ရှည်ရှည် ပိန်းပိန်းပါးပါး နဲ့ မျက်နှာလေးက မိန်းမဆန်စွာချောမောလှသည် ဒီလို ukeအဆင်လိုအောက်မှာ သူ့လိုအဖြောင့်က အောက်မှာ နေရမှာဆိုတော့ ရိပေါ်အတွက် အဆင်မပြေလှ ဒီရှောင်သခင်လေးက ဒီလောက်ထိ လှနေမယ်လို ရိပေါ်မထင်ထားဘူး သူထင်တာက ယောက်ျားဆန်ဆန်ကျားကျားယားယားလိုဘဲ ထင်ထားတာ အခုတော့ တွေ့လိုက်ရသည်က ရိပေါ်ယုံပင်မယုံနိုင် ရှောင်ကျန့်ရဲ့အလှက မိန်းခလေး တစ်ယောက်လို အရိုင်းဆန်ပြီးချောလွန်သည် မြင်သူတိုင်းရဲ့ စိတ်အာရုံ ကို သူ့ရဲ့အနက်ရောင်မျက်ဝန်းတွေက သားကောင်ဖမ်းတဲ့ ကျော့ကွင်းတစ်ခုလို ဖမ်းစားလွန်သည် ရိပေါ်ရဲ့ အကြည့်တို့က ရှောင်ကျန့်ဆီသာကြည့်လေ ကြည့်လေ ဘယ်သူနဲ့ တူမှန်မသိဘဲတူနေသည် ဒီမျက်နှာက ရင်နှီးလွန်သည် ရိပေါ်စိတ်ရှုပ်လာကာ ရှောင်ကျန့်ကို မကြည့်တော့ဘဲ ရိပေါ် အတွေးတို့ကို ဖြတ်လိုက်သည် ရိပေါ်မင်းသတိထား ဒါက အလုပ်လာလုပ်တာ မင်းကအဖြောင့်နော်အဖြောင့် ရိပေါ်က သူ့ကိုယ်သူ သတိပေးကာ ဘာမှမဖြစ်သလို ပုံမှန် အတိုင်းထိုင်နေသည် ရိပေါ်က ရှောင်ကျန့်ကို ချောလွန်လို့သာ ကြည့်မိတာ ကျန်တာ ရိပေါ် ဘာခံစားချက်မှ မရှိဘူး... ရှောင်ကျန့်ရိပေါ်ကို ကြည့်နေတာ ကြာပြီး ဒီကောင်လေးက ဘာတွေတွေးနေတာလဲ မသိဘူး သူ့ရဲ့ လေးနက် စူးရှနေတဲ့ မျက်ဝန်းတွေကို ရှောင်ကျန့်နာမလည် ကောက်နုတ်လို့မရဘူး တခြားသူတွေနဲ့ မတူဘဲ အဖြေရှာရခတ်နေသည် ဒီကောင်လေးက သူများနဲ့မတူဘဲ ယောက်ျားဆန်းပြီး ချောလှသည် ရုပ်ရည်က မိန်းကလေးတိုင်လိုချင်တဲ့ ယောက်ျားတစ်ယောက်ဖြစ်မယ်ဆိုတာ ရှောင်ကျန့်ကြည့်တာနဲ့သိသည် .....ရှောင်ကျန့်လဲထွေးထွေးထူးထူး မမေးတော့ဘဲ ရိပေါ်ကိုသာ အလုပ်လက်ခံလိုက်သည် သူတွေ့ဖူးလာတဲ့ ယောက်ျားတွေထဲမှာ ဒီဝမ်းရိပေါ်ဆိုတဲ့ လူက တည်ငြိမ်ပြီး အချောဆုံလူဖြစ်နေ၍ပင် ရှောင်ကျန့်လူထပ်မရှာတော့ ကျိုးချန်ပြောသလို ချစ်သူရည်စားရှာနေတာမဟုတ်ဘူးလေ ထပ်ပြီးတော့လဲ ကျိုးချန်ကို အလုပ်မရှုပ်စေချင်တော့လို ရှောင်ကျန့် သူနဲ့သင့်တော်ရာကိုဘဲ ရှောင်ကျန့်ရွေးလိုက်တော့သည် သူသိသည် ဝမ်းရိပေါ်က သူနဲ့ အသင့်တော်ဆုံးလူ ဖြစ်မယ်ဆိုတာ ရှောင်ကျန့်ယုံကြည်သည် သူအဲလောက်လဲ လူရွေးမညံ့ဘူးဆိုတာသူ့ကိုယ်သူ သိသည်.... ကျိုးချန် သူ့ကို အလုပ်ခန့်လိုက်ပြီး..... ရှောင်ကျန့်ပြောပြီး ဧည့်ခန်းကျယ်မှ ထထွက်သွားသည် ထိုမှသာ ကျိုးချန်က ခေါင်း ငြိမ့်ကာ ငါသိတယ်ရှောင်ကျန့်ကမင်းကို အလုပ်ခန့်မယ်ဆိုတာ ကျိုးချန်က ပြုံး၍ပင် ရိပေါ်ကို စကားဆိုကာ စာပွဲခုံအောက်က ဖိုင်တစ်ခု ရိပေါ်ရှေ့ ထုတ်ပေးလိုက်သည် ရိပေါ်ကကျိုးချန်ကို ဘာမှ မပြောဘဲသူ့မျက်လုံးတွေက ရှေ့က အရိပ်ဖြူလေးပျောက်သွားသည့်အထိ ကြည့်နေမိသည်.......
#######################
Love u all.......
YOU ARE READING
မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨
Fanfictionငါတို့ အချစ်က မှားယွင်းစွာချစ်ခဲ့ကြတယ်ဆိုရင် ဒီမှားယွင်းတဲ့ လမ်းမှားကြီးကို ငါရှေ့ဆက်ပြီး လျှောက်လမ်းရအောင် ငါနှလုံးသားက ကျောက်ဆစ်နဲ့ ထုရိုက်ထားတဲ့ နှလုံးသား မဟုတ်ဘူး... ရိပေါ်... ကြွေဖန်တွေဖြစ်ပြုလုပ်ထားတဲ့ ငါ့ရဲ့နှလုံးသားက အဲ့လောက်ထိ မာကျောမနေခဲ့ဘူ...