part 2

5.4K 186 4
                                    

Emergency အခန်းရှေ့မှာ စိတ်ပျက်လက်ပျက်ထိုင်းနေတဲ့ ကောင်လေးတစ်ယောက်ဟာ တစ်ယောက်သော်သူကို ဆုံးရှုံးမှာကြောက်၍ မိုးနတ်မင်းမှာ အကြိမ်ကြိမ်ဆုတောင်းနေတယ်ထင်သည် လက်အုပ်နှစ်ဖက်ကိုချီ၍ နဖူးတိုက်ထိကာ ခေါင်းငုတ်ဆုတောင်းနေသည်... ကျွီး.... အခန်းတံခါးဖွင့်လာတဲ့ အသံကြောင့် ကောင်လေးက အမြန်မတ်တပ်ရပ်ထကာ ဆရာဝန် ဆီးသွားလိုက်သည်..... ဒေါက်တာ... ကျွန်တော်အမျိုးသမီးအခြေနေ... ကောင်လေးကကတုန်ကယင်မေးနေသည်.. ဟုတ်ကဲ့... အခုတော့စိတ်ချရတဲ့အခြေနေ ရောက်သွားပါပြီး... ကျွန်တော်ကတော့ လူနာကို အမြန်ဆုံ နှလုံးအစားထိုးကုစေချင်ပြီး .....အလှုရှင်ရှိပြီးဆိုတာနဲ့ ကျွန်တော်တို့အမြန်ဆုံခွဲစိတ်ကျတာပေါ့... ကုန်ကျစရိတ်နဲ့ပတ်သတ်ပြီး ကျွန်တော်တို့ ထပ်ပြီး ဆွေနွေးကျတာပေါ့.... ဒေါက်တာပြောတော့ ရိပေါ် လက်ပိုက်ကျသွားသည် ဒီလောက်များတဲ့ ပိုက်ဆံသူဘယ်မှာ သွားရှာရမှာလဲ.. ရိုးရိုးလူနာအခန်းကို လင်းအာကိုရွေ့ပေးပြီးတော့ ရိပေါ် လင်းအာ နိုးလာတာကို စောင့်နေသည် ....ညနေစောင်းတော့ လင်းအာ သတိရလာတော့သည် ရိပေါ်လင်းအာလက်လေးကို ကိုင်၍ ထိုင်ရပ်အိပ်နေသည်.... မောင်.... တစ်လုံးထဲခေါ်ဝေါ် လိုက်တဲ့ တိုးသိပ့်သည်အသံတိုးတိုး...... ရိပေါ် မျက်လုံးဖွင့်လာတော့ လင်းအာက ခပ်နွမ်းနွမ်းပြုံးပြသည်.... နိုးပြီးလာ...လင်း.. သက်သာရဲ့လား... ရိပေါ်စိတ်ပူကာ လင်းအာ ရဲ့လက်ကလေးကို ညင်းသာစွာနမ်းရှိုက်ပြီး မေးလိုက်သည်.... လင်းအာ ကတော့ မေးမှိန်နေတဲ့ အပြုံးနဲ့သာ....ရိပေါ် ဒေါက်တာပြောတဲ့ စကားတွေပြန်ကြားလာကာ ချစ်ရတဲ့ ဇနီးလေးကို ဆုံးရှူံးမှာကြောက်သလို သနားလဲ သနားသည် လင်းအာနဲ့ ရိပေါ်က အိမ်နီးချင်း ငယ်သူငယ်ချင်းတွေကနေ ချစ်သူရည်စားဖြစ်ပြီး လက်ထပ်ထားတာ ၁နှစ်ကျော်ပြီး... လင်းအာကမွေးရာပါ နှလုံးမှာအပေါက်ပါ၍ လင်းအာက အမောမခံနိုင် ရိပေါ်က နယ်ကနေတက်လာကာ ပေကျင်းမြို့ မှာ ကျရာအလုပ်လုပ်ပြီး ချစ်ရတဲ့ဇနီးလေးအတွက် အလှူရှင်ရှာပြီး ဆေးလာကုပေးသည် ပိုက်ဆံကလာ သေချာပေါက်မရှိဘူးပေါ့ ရိပေါ်တို့က အခြေခံလူတန်းစားတွေလေ ဒါကြောင့် အလုပ်ပေါတဲ့ပေကျင်းမြို့မှာ အလုပ်လာရှာတာ...... အခန်းတွင်းဝင်လာတဲ့လူကိုကြည့်လိုက်တော့ ရိပေါ်ရဲ့သူငယ်ချင်း ယူဘင်နဲ့ ယူဘင်ညီမ ယုရာ ဖြစ်သည် ရိပေါ်နဲ့ယူဘင်က တစ်မြို့ထဲသားတွေ ကျောင်းနေဖက်သူငယ်ချင်းတွေ ယူဘင်ကပေကျင်းမှာ အလုပ်လာလုပ်နေတာ ၂နှစ်ကျော်ပြီး ရိပေါ်က လင်းအာနဲ့လက်ထပ်ပြီးမှ ပေကျင်းမြို့ ကိုတက်လာပြီး ယူဘင်နဲ့အတူတူအလုပ်ဝင်လုပ်သည် လင်း.. .. ကိုယ်အလုပ်သွားတော့မယ် မနေ့ကလဲအလုပ်ပျက်ထားတော့ ဒီနေ့သွားမှ ရမှာ ယုရာကအိပ်စောင့်ပေးမယ် တစ်ခုခုဆို ယုရာကိုခိုင်း လျှောက်လုပ်မနေနဲ့အုန်း ပြန်မောနေအုန်းမယ် ရိပေါ်က စိတ်ပူစွာခလေးတစ်ယောက်လို မှာနေသည် ကိုယ်စောစောပြန်လာခဲ့မယ်နော် ရိပေါ် လင်းအာလက်ကို ကိုင်ပြီး ပြောတော့ လင်းအာက ပြုံး၍ခေါင်းငြိမ့်ပြသည်... ယုရာ ကော စိတ်ချမယ်နော်တစ်ခုခုဆို ကောကို ဖုန်းဆက် ရိပေါ်ပြောတော့ ဟုတ်ကဲ့ စိတ်ချပါ ရိပေါ်ကော ယုရာ ကျဲကျဲကိုသေချာစောင့်ရှောက်ပေးပါမယ်
ရိပေါ်..လင်းရဲ့ နဖူးကိုအနမ်းဖွဖွပေးပြီး ရိပေါ်စိတ်မချ၍ပင် ယူဘင်နဲ့အတူ အလုပ်သွားတော့သည် .........အလုပ်ကမသွားလို့မရ ရိပေါ် အလုပ်ခွင့်ယူတာများနေပြီး မန်နေဂျာက သဘောကောင်းပြီး လူမှုရေး သိတဲ့ သူမို့ တော်သေးသည်... လင်းက ခနခန နေမကောင်းဖြစ်နေ၍ ရိပေါ် ခွင့်ယူရက်ကများနေပြီး ဒီအလုပ်ကလဲ ရိပေါ်အလုပ်တွေထဲမှာ လစားအကောင်းဆုံးဖြစ်၍ ရိပေါ် လက်မလွတ်ချင်....
#######################
Love u all readers..... 😘

မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨 Donde viven las historias. Descúbrelo ahora