part 20

1.4K 77 0
                                    

" ကိုယ် နောက်အိမ်ထောင်ပြုမယ် လင်း ခွင့်ပြုပေးပါတဲ့ .." စကားလုံးတွေက ရက်စက်စွာ ပြတ်သာနေသည်

ပြောရက်လိုက်တာ ...ဘယ်လိုတွေတောင်

ဘယ်လောက်ထိတောင် မျက်နှာပြောင်တိုက်လွန်နေသလဲ ..?

သူမ ရဲ့ မျက်နှာကို ချစ်ပါတယ်လိုပြောပြီး ရေနွေးနဲ့ ပတ်ထဲ့ လိုက်သလိုပါဘဲ ခံပြင်းလွန်းတယ် နှလုံးသားကနာကျင်လွန်းလို့ တဆစ်ဆစ်နဲ့ အက်စစ်နဲ့ပတ်ခံထားသလို တဖြည်းဖြည်း တိုက်စားနေသည်
မခံနိုင်တော့တဲ့အဆုံး နောက်ဆုံးမှာ ကြွေမွပျက်စီးသွားသလိုပါဘဲ

အိမ်ထောင်ရှိမိန်းမတစ်ယောက်ရဲ့ဘဝမှာ အကြောက်ဆုံးစကား နှစ်မျိုးရှိတယ်
ကွာရှင်းကြရအောင် / နောက်ထပ်အိမ်ထောင်ပြုမယ်
ထိုစကားတွေက မိန်းမတစ်ယောက်ကို ဆော်ကာလိုက်တာနဲ့ အတူတူဘဲ
သူမရဲ့အနာဂါတ် သူမရဲ့ဘဝကိုသတ်လိုက်တာနဲ့ အတူတူပါဘဲ

ဒီလိုဥပက္ခာပြုတဲ့ စကားမျိုးကို မောင်က ဘယ်လို အင်းအားမျိုးနဲ့ပြောရက်တာလဲ.?

  မောင်က သူမဆီက ဘယ်လို အဖြေမျိုးကို လိုချင်တာလဲ မောင်ရဲ့ မျက်ဝန်း တွေက ခွင့်ပြုပါလို့ အသနာခံ မျက်ဝန်း တွေဖြစ် သူမ မမြင်ရက်ဘူး မကြည့်ရက်ဘူး ဒီလိုအကြည့်မျိုး မောင်က ဘယ်တုန်းက ကြည့်တက်သွားတာလဲ?

မောင်က သူမကို မချစ်တော့တာလာ ?
သူမက အိမ်ထောင်ရေးသုခမပေးနိုင်လို့ မောင်က နောက်ထပ် အိမ်ထောင်ပြုမှာလာ...? မောင့်အပေါ်သူမက မယားဝတ်တရားမကျေပွန်ခဲ့တာလာ.. ???
လင်းက မသိချင်း လာ?  များစွာနဲ့
  မောင့်ကို အံဩနေမိသည်

ဘယ်လို လူမျိုးက လူ့ကျင့်ဝတ်သိတက်တဲ့ မောင့်ကို ဒီလို ဖောက်ပြန်တက်တဲ့ လူမျိုးဖြစ်အောင် သင်ပေးလိုက်တာလဲ
ထိုမိန်းမက မောင့်ကို ဘယ်လိုတောင် ပြုစားလိုက်တာလဲ..?  သူမရဲ့ အိမ်ထောင်ရေးက ပျက်စီးတော့မှာလာ မတွေ့ဘူး မမြင်ဘူးပေမဲ့ ထိုမိန်းမကို လင်းက အမုန်းကြီးမုန်းနေမိသည်

တခါမှ သူ့ကိုယ်သူ စိတ်မပျက်ခဲ့ဘူး
သူမကိုယ် သူမအမြဲယုံကြည်နေခဲ့တဲ့ လင်းက ဒီတခါတော့ သူမကိုယ့် သူမရှင်လျက်နဲ့ သေသွားသလိုဘဲ ခံစားလိုက်ရအောင် မောင်က စကားတွေနဲ့ သတ်လိုက်သည်

မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨 Onde histórias criam vida. Descubra agora