part 23

1.6K 73 4
                                    

အလုပ် နှစ်ရက် ပျက်လိုက်မိတဲ့ သူဌေးအသစ်လေးဟာ ချစ်ရသူ စိတ်တိုင်းကျ အလုပ်ကြိုးစားနေရသည်

သူဌေးဝမ်းရိပေါ်က ဒီနေ့အတော်လေး စိတ်ဖိစီးနေရသည် လက်အောက်ဝန်ထမ်းတွေကိုသတင်းမပေးဘဲ ကုန်တိုက်ကို ဌာနခေါင်းဆောင်တွေနဲ့အတူ လိုက်ပတ်စစ်ဆေးတော့ 
ဝန်ထမ်းတွေရဲ့ လစ်ဟင်းမှုများစွာ တွေ့ရလို့  ရိပေါ်အတော်စိတ်ပျက်သွားသည် တာဝန်ပေါ့ဆတဲ့ ဝန်ထမ်းတချို့ကို ဒီကုန်တိုက်ကြီးက မလိုအပ်၍ ထိုလူတွေကို အလုပ်ဖြုတ်ဖို့ကို ရိပေါ်စဉ်စားရသည်
ရှောင်းဥက္ကဌက သူ့ကို လုပ်ပိုင်ခွင့် အပြီးပေးထားပြီး ဖြစ်၍ ရိပေါ် စိတ်တိုင်းကျလုပ်နိုင်ပေမဲ့ ဒီကိစ္စကို ရှောင်ကျန့်နဲ့ သူတိုင်ပင်ချင်းသေးသည်

ရိပေါ် နာရီ ကိုကြည့်လိုက်တော့ နေ့လယ် ၁၂ ကျော်နေပြီး
ဖုန်းနံပါတ် တစ်ခုကို နှိပ်ဖို့ လုပ်ပြီးမှ ဒီလိုအလုပ်အချိန်မှာခေါ်ရင် ဖုန်းမကိုင်မှန် သိ၍ ရိပေါ်ဟာ နောက်နံပါတ်တစ်ခုကိုသာ ခေါ်လိုက်သည်

တီ....... " ဝေ့.... "

" ကျစ်ဝေ.. မင်းတို့ ဥက္ကဌ ရှိလား..? "

" မရှိဘူး ဝမ်းသခင်လေး ဥက္ကဌက ခနကမှ ဧည့်သည်နဲ့အတူ အပြင်မှာ ကော်ဖီသွားသောက်တယ် " ကျစ်ဝေက ပုံမှန်အသံဖြစ် ပြန်ပြောပြသည်

ကျစ်ဝေက ရှောင်ကျန့်ရဲ့ အတွင်းရေးမှု

ရိပေါ်နဲ့ ရှောင်ကျန့်ရဲ့ ဆက်ဆံရေးကိုသိတဲ့ သူစိမ်းသူတစ်ယောက် ရှောင်းအိမ်တော်ကို အလုပ်ကိစ္စနဲ့ မကြာခန လာဖြစ်၍ ရိပေါ်နှင့်သိနေသည်
နေ့ဘက်ဆို ရှောင်ကျန့်အနားမှာ အမြဲတမ်းမရှိနိုင်တဲ့ ရိပေါ်က ရှောင်ကျန့်ရဲ့အတွင်းရေးမှုကျစ်ဝေ ဖုန်းနံပါတ်ကို ယူထားရသည်
ရှောင်ကျန့်က အလုပ်နဲ့ ပတ်သက်လာရင် လောဘကြီးသည် အလုပ်လုပ်ချိန်ဆို ထမင်းစား ရေသောက်ဖို့တောင် မေ့နေတက်သည် အလုပ်ကိုလဲလေးစားသလို အလုပ်နဲ့ပတ်သက်ရင်လဲ နည်းနည်းလေးမှ အမှားမခံတဲ့ လူတစ်ယောက် သူ့ဆီအရေးကြီး ကိစ္စမရှိဘဲ ဖုန်းဆက်ရင် ရှောင်ကျန့် လုံးဝမကြိုက် ရိပေါ်က ရှောင်ကျန့်မကြိုက်တာကို ရှောင်၍
ရှောင်ကျန့်ရဲ့ တစ်နေ့တာ အချိန်ဇယားကို သိထားရသည်
အခုလဲနေ့လယ်စား ထမင်းမစားဘဲ ကော်ဖီသွားသောက်နေသည်ခလေးလူဆိုးကြီးကြောင့် ရိပေါ် စိတ်ပူရပြန်သည်

မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨 Onde histórias criam vida. Descubra agora