part 41

3.6K 137 43
                                    

မနက်ခင်း အိပ်ရာက နိုးတော့ ရှောင်းကျန့် လန်ဆန်စွာ နိုးထလာသည်
မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်တော့ စိမ်းနေတဲ့အခန်းကြောင့် မနေ့က ဖြစ်ပျက်ခဲ့တာကို ရှောင်းကျန့်သတိရမိသည်နှင့် ရင်ထဲမှာ အစိုင်းခဲတစ်ခုလို လေးလံထုံးမှိုင်းသွားသည်

သူ့ဘဝမှာ ဒီလိုမျိုး အိပ်ရာက နိုးနိုးချင် မျက်ရည်ဖြစ် နိုးထလာရမယ်လို သူတကြိမ်တခါမှ မတွေးမိဘူး
သူ့ရဲ့ မျက်ရည်စတွေက ခေါင်းအုံးပေါ် ကျဆင်းနေသည်

အရင်ဘဝက သူဘာများ လုပ်ခဲ့မိလို အခုလိုမျိုးတွေဖြစ်ရတာလဲ သူ့မှာငယ်စဉ်ကတဲ့က ပျော်ရွှင်တဲ့ မိသားစုဘဝဆိုလဲ မပိုင်ဆိုင်ခဲ့ဖူးဘူး ငယ်စဉ်ကတဲ့က မိဘမေတ္တာဆိုလဲ ဘာမှန်သူမသိခဲ့ရဘူး သူ့ရဲ့အမေက သူ့ကိုစွန့်ပစ်ပြီး ဟိုအဝေးဆုံးကို ထွက်ပြေးခဲ့တယ်

ကြင်နာနွေးထွေးတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ချင်ခဲ့တဲ့သူက ဝမ်ရိပေါ်ဆိုတဲ့ အမျိုးသားနဲ့တွေ့မှ သူခံစားလာရသည် ကိုယ်ချစ်တဲ့လူနဲ့ တစ်ဘဝလုံး ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို သူဖန်တီမယ်လို သူစိတ်ကူးတွေယဉ်ပြီး အနာဂါတ်အတွက်ပျော်ရွှင်ကြည်နူးခဲ့ရသည်
ကြည်နူးခဲ့ရသမျှ သူဖန်တီထားခဲ့သမျှဟာ ခနလေးအတွင်း ပျက်စီးသွားမယ်လို သူလုံးဝမထင်ခဲ့မိဘူး သူ့ရဲ့အိမ်မက်တွေကို ဝမ်းရိပေါ်က တစ်စစီး ရိုက်ချိုး လိုက်မယ်ဆိုတာ

သူ့ရဲ့ အိမ်မက်တွေ စိတ်ကူးတွေ ဒီလို လွယ်လွယ်နဲ့ပျက်စီးခံလိုက်ရမှာလာ
လုံးဝ ဘဲ သူဒီလို လုံးဝအဖြစ်မခံနိုင်ဘူး
သူ့ဘက်က ပေးဆပ်ထားရတာက ဘဝနဲ့ရင်းပြီးတော့မှပါ..

. ဟင့်... ဝမ်ရိပေါ် မင်းပေးတဲ့
အဆင့်နဲ့တန်အောင် ငါကအကျင့်မကောင်းတဲ့လူ  ဖြစ်ပေးရအုန်းမှာပေါ့
မင်းစိတ်ချ ငါ့ကို လက်မလွှတ်ပေးခဲ့တဲ့အတွက် မင်းမစွန့်လွှတ်နိုင်သေးတဲ့ မင်းမိန်းမကို ငါ့က ဒီအိမ်ကနေအမြန်ဆုံး မောင်းထုတ်ပေးပါမှာမလို့ မင်းနောက်မှ နောင်တမရမိစေနဲ့ ဝမ်းရိပေါ်

ငါ့ အပိုင်ပြီးလို့သတ်မှတ်ထားတဲ့ အရာဆို ငါက သေးသေးလေးတောင် သူများကို မစွန့်ကျဲချင်ဘူး မသဒ္ဒာဘူး
မင်းလဲ အတ္တကြီးသလို ငါလဲ တစ်ကိုယ်ကောင်ဆန်းတက်တယ် ရိပေါ် မင်းကငါ့ကိုလက်မလွှတ်မှတော့ ငါကဘဲ ငါ့အပိုင်လိုသတ်မှတ်ထားတဲ့ မင်းကို ငါ့တစ်ယောက်ထဲ အပိုင်အောင် ပြန်ယူပြမယ်

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Jun 05, 2022 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨 Tahanan ng mga kuwento. Tumuklas ngayon