part 33

647 36 0
                                    

60 % ရှယ်ယာအများဆုံးဖြစ်တဲ့ ရှောင်းဥက္ကဋ္ဌ ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့က ဘယ်လိုလုပ်ငြင်းပယ်လို့ရမှာလဲ

အစည်းဝေးခန်းမအတွင်း ရှယ်ယာရှင် ကျေနပ်သည်လာ မကျေနပ်သည်လာ စကားသံများကဆူညံလျက် ....

ဟုတ်ပါတယ် အခုအစည်းဝေးက ရှောင်းလုပ်ငန်းစုရဲ့ CEOအသစ်ခန့်အပ်ဖို့ တိုင်ပင်ဆွေးနွေးနေကြတာပါ

ရှည်လျာတဲ့ခုံရဲ့ထိပ်ဆုံးက ရှောင်ကျန့်က ရှယ်ယာဝင်တွေရဲ့ စကားသံကို နားထောင်နေပေးသည်
ရိပေါ်ကို ရှောင်းgroup ရဲ့ CEO အသစ် ခန့်အပ်တာ သဘောကျတဲ့ လူ25 %လောက်ရှိ သလို သဘောမကျတဲ့ ရှယ်ယာရှင်တွေကလဲ 15% လောက်ရှိနေတယ် .......

ဘာစကားမှ မဆိုတဲ့ ရိပေါ်ကတော့ ရှောင်ကျန့်ရဲ့ဘေးမှာ ခန့်ညားစွာ ရပ်နေသည် မျက်နှာတို့က အမည်မဖော်ပြတက်တဲ့တည်ကြည်တဲ့ မျက်နှာ တစ်မျိုးဖစ် .....

အားရစွာ ဝေဖန်သံတွေ ပြောလိုပြီးမှ အခန်းအတွင်းဟာ တဖန်ပြန်လဲတိတ်ဆိတ်သွားသည်

တိတ်ဆိတ်မှု့ကိုပြန်လုပြိုခွင်းလိုက်သူက ရှောင်းဥက္ကဋ္ဌရှောင်းရှောင်ကျန့်ပင်ဖြစ်သည်
" အခုမဲအရေအတွက်ရ 15%လောက်သာ ငြင်းပယ်မဲ ဖြစ်သောကြောင့်
ရှောင်းအုပ်စုရဲ့ CEO အသစ်ဖြစ်လာမဲ့ ဝမ်းရိပေါ် ကို ထောက်ခံကြိုဆိုကြလိုက်ရအောင်... " ရှောင်ကျန့်က ရိပေါ်ကို တရားဝင်CEO သတ်မှတ်လိုက်တော့ ခန်းမအတွင်း လက်ခုပ်သံတွေက တိုးတိတ်စွာကျယ်လောင်လာသည်... " ခန... "

ရုတ်တရက်ထွက်ပေါ်လာတဲ့အသံက ခန်းမအတွင်းတိတ်ဆိတ်စေပြန်သည်

ထိုရှယ်ယာရှင်က မတ်တပ်ရပ်ထလိုက်တာ
" ရှောင်းဥက္ကဋ္ဌက ကိုယ့်ယောက်ျားကို တအားမြှောက်စားတက်တာဘဲလာ မထင်ရဘူးနော်.... " ထိုသူက ထိုသို့ပြောတော့ ရှောင်ကျန့်က လက်သီး ကိုတင်းအောင်ဆုပ်လိုက်မိသည်
ဘာမှဝင်မပြောတဲ့ ရိပေါ်ကလဲ ထိုသူကို အေးခဲပြီး ခတ်ထန်နေတဲ့ မျက်နှာသေဖြစ်စိုက်ကြည့်လာသည်

ထိုသူကတော့ဂရုစိုက်ပုံမပေါ်

ရှောင်ကျန့်က တုန့်ပြန်ဖို့ စကားစလိုက်ပေမဲ့ ရိပေါ်က ရှောင်ကျန့်ရဲ့ လက်ဖျားလေးတွေကို အားပါးပါးညှစ်လိုက်သည်

မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨 Where stories live. Discover now