part 35

710 36 0
                                    

" ဒါဆို....... ချစ်က ဘယ်လောက်ကြာမှာလဲ ?"

" မကြာပါဘူး အလွန်ဆုံး ၃လ လောက်ပါဘဲ "

" မောင်က လွမ်းနေရတော့မှာဘဲ.... "

ရှောင်ကျန့်က US ကို ရုံခွဲကိစ္စနဲ့ ၃လလောက်သွားရမှာမို့ ရိပေါ်က ရှောင်ကျန့်ကို တင်းကြပ်စွာဖတ်ထားပြီး အလွမ်းတွေကို ခံနိုင်ရင်ရှိအောင် အားသွင်းလိုက်သည်

ရှောင်ကျန့်က ရိပေါ်ပခုံမေးစေ့တင်ကာ သူ့ရဲ့အစီစဉ်အတွက်  US သွားဖို့ စိတ်လှုပ်ရှာနေသည်
သူ့ရဲ့ အစီစဉ်ကိုမောင့်ကို မပြောပြရသေးဘူး မောင့်က US ကို အလုပ်ကိစနဲ့ဘဲသွားတယ်ထင်နေတာ

" ဟိုက အလုပ်ကိစ္စတွေပြီးရင်အမြန်ဆုံးပြန်လာမှာ ချစ်လဲ မောင့်ကိုအရမ်းလွမ်းနေတော့မှာဘဲ.. Company ကိစ္စစိတ်မပူနဲ့ ကျိုးချန် က မောင့်ကို ကူညီလိုက်မယ်.. "

" အင်း.. " ရိပေါ်က အားမရှိစွာ ခေါင်းငြိမ့်လိုက်သည် ရှောင်ကျန့်နဲ့ လိုက်သွားချင်ပေမဲ့ ဒီမှာကလဲ သူမရှိလို့မဖြစ်ဘူး သူက အခုမှယာယီ CEO ဘဲရှိသေးတာ ရှောင်ကျန့် သူ့ကိုယ်ယုံကြည်လို့အပ်ထားတဲ့ company ကိုသူအကောင်းဆုံးဖြစ်အောင် လုပ်ရမယ် ဒါမှရှောင်ကျန့်အားကိုးရတဲ့ခင်ပွန်းတစ်ယောက်သူ ဖြစ်ချင်သေးသည်

ရှောင်ကျန့် US ရောက်တာ တလလောက်ရှိပြီး အခုထိတော့ ခွဲစိတ်မှုမလုပ်ရသေးဘူး ရှောင်ကျန့် ဒိတ်ထားတဲ့ ဆရာဝန်က ရှောင်ကျန့်နှလုံးက အားနည်းနေ၍ ကျန်မာရေးအတွက်  တလလောက်ဆေးစစ်မှုကို လုပ်စေခဲ့သည်

ရိပေါ်နဲ့လဲ သိမ့်ပြီး စကားမပြောဖြစ်ဘူး မတွေ့ဖြစ်ဘူး ဘာလို့ဆို US နဲ့ တရုတ်နဲ့က နေ နဲ့ ည အချိန်လွဲမှားနေ၍ သူတို့မှာ အချိန်ညှိပြီးတွေ့ရတော့သည်

အခု ရှောင်ကျန့် ခွဲစိတ်ခန်းမဝင်ခင် ရိပေါ်နဲ့ စကားပြောချင်နေသည် ယောက်ျားစစ်စစ်တစ်ယောက်ဖြစ်သည် ရှောင်ကျန့်က
သူ့ရဲ့ခံန္ဓာကိုယ်ထဲ မိန်းမသားအိမ်တစ်ခုလုံး ထဲ့ဖို့ဆိုတာ တော်ယုံသတ္တိမျိုးနဲ့တော့ သူဘယ်လုပ်နိုင်မှာလဲ ဒီဆုံးဖြတ်ချက်ဟာ သေချာပေါက် အချစ်ရဲ့တွန်းအားတွေကြောင့်ပေါ့

ခွဲစိတ်ခန်းမဝင်ခင် သေချာပေါက် မောင်ရဲ့အသံဩဩကို သူကြားချင်တာပေါ့
အချိန်ကွာခြားမှုကိုမကြည့်ဘဲ ရှောင်ကျန့် ရိပေါ်ကို ဖုန်းခေါ်လိုက်သည်......

မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨 Onde histórias criam vida. Descubra agora