" ခွပ်. "
ပစ်ကျွေးလိုက်တဲ့ လက်သီးတစ်ချက်က ရိပေါ်ရဲ့ အသိစိတ်ကို ဝင်အောင်မလုပ်ပေးနိုင်ခဲ့ဘူး
တုန့်ပြန်ချင်မရှိတဲ့အပြင် နောက်ထပ်ကျရောက်လာမဲ့ လက်သီးချက်ကို ရိပေါ် ကျေနပ်စွာ စောင့်ဆိုင်းနေမိသည်
တောင်းပန်ပါတယ်လို့ နှုတ်က မပြောပေမဲ့ ညိုမှိုင်းနေတဲ့မျက်ဝန်းတစ်စုံက အကြိမ်ကြိမ် တောင်းပန်နေသည်နှုတ်ဆိတ်နေတဲ့ ရိပေါ်ကြောင့် ယူဘင် လက်သီးစုပ်ကာ စိတ်ထိန်းနေရသည်
" ရိပေါ် မင်း လုပ်ရက်လိုက်တာ
ဒီကိစ္စကိုသာ လင်းအာသိသွားရင် ..
မင်းဘယ်လိုလုပ်မှာလဲ
လင်းအာ အခြေနေကိုလဲ မင်းသိရက်နဲ့ကွာ
နောက်ပြီး လင်းအာက မင်းကိုဘယ်လောက်ထိချစ်လဲ ဆိုတာ မင်းလဲသိရက်နဲ့ မင်းမို့ လုပ်ရက်တယ်ကွာ " ယူဘင်မှာ သူငယ်ချင်းအတွက်ခံပြင်းဒေါသထွက်နေရသည်ရိပေါ်ပြောပြလာတဲ့ ရိပေါ်နောက်အိမ်ထောင်ပြုမဲ့ ကိစ္စကို ယူဘင် အကြီးကျယ် စိတ်ဆိုးစေသည်
ရိပေါ်နဲ့ သူဌေးရှောင်ကျန့် ကိစ္စကို ယူဘင်သိပေမဲ့ မတားခဲ့တာက ယောက်ျား အချင်းချင်း ကိုယ်ချင်စာလို့ သူမတားခဲ့ဘူး အိမ်ထောင်ရေးသုခ မခံစားရတဲ့ ရိပေါ်ဟာ အပြင်မှာ အပျော်ရှာတာကို ယူဘင်ကိုယ်ချင်စာ နာလည်ခဲ့ပေးသည်
ရိပေါ်ကို သူမတားခဲ့တဲ့အပြင် လင်းအာ မသိအောင်ကိုပါ ယူဘင်က နှုတ်လုံးခဲ့မိတာကို ယူဘင် တကယ်နောင်တရမိသည်
ခြေလမ်းမှားနေတဲ့ သူငယ်ချင်းကို မတားစီးခဲ့တဲ့အပြင် ငယ်သူငယ်ချင်းလင်းအာအပေါ်လဲ သစ္စာဖောက်ခဲ့မိသည်
ရိပေါ်ဒီအခြေနေထိ ရောက်အောင် လုပ်လိမ့်မယ်လို့ ယူဘင်တကယ် တခါမှမတွေးမိခဲ့ဘူး
တကယ်တမ်း ပြန်စဉ်စာပါက
အခုလိုအခြေနေထိ ဖြစ်ခဲ့တာ ယူဘင် ကိုယ်တိုင်ဖြစ်နေခဲ့သည့်အတွက် ယူဘင်သူ့ကိုယ်သူသာ အပြစ်တင်မိတော့သည်ဒါပေမဲ့ အချိန်မှီသေးတဲ့ အတွက် ယူဘင် ရိပေါ်ကိုအမှားထပ်မလုပ်မိအောင် အမြန်တားရမည်
ထွက်နေတဲ့ ဒေါသကို လျှော့ချလိုက်သည်နောက်ထပ်ရောက်မလာတဲ့ လက်သီးချက်ကြောင့်
ရိပေါ် ယူဘင်ကို ကြည့်လိုက်သည်
ယူဘင်က လက်သီးဆုပ်ကို အောက်ချကာ
BINABASA MO ANG
မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨
Fanfictionငါတို့ အချစ်က မှားယွင်းစွာချစ်ခဲ့ကြတယ်ဆိုရင် ဒီမှားယွင်းတဲ့ လမ်းမှားကြီးကို ငါရှေ့ဆက်ပြီး လျှောက်လမ်းရအောင် ငါနှလုံးသားက ကျောက်ဆစ်နဲ့ ထုရိုက်ထားတဲ့ နှလုံးသား မဟုတ်ဘူး... ရိပေါ်... ကြွေဖန်တွေဖြစ်ပြုလုပ်ထားတဲ့ ငါ့ရဲ့နှလုံးသားက အဲ့လောက်ထိ မာကျောမနေခဲ့ဘူ...