တီ ........ဖုန်းသံကြောင့်
ရှောင်ကျန့် ရဲ့အကြည့်တွေက ဖုန်းဆီသို့.... ကျိုးချန်မှခေါ်ဆိုနေသည်...... ရှောင်ကျန့် သိနေတယ်ဆိုတဲ့ အပြုံးတို့ဖြစ်
ဟင်းဇွန်းကိုချကာ
ပြီးတော့ မောင့်အကြိုက်ဆုံးအမဲသားနှပ်ကို သေချာနူးအိနေအောင် မီးအပူလျော့ပြီး ပြန်နှပ်ထားလိုက်ပြီး ဖုန်းကိုဖြေလိုက်သည်ရှောင်ကျန့်မဖြေခင်တဖက်က ရှောင်ကျန့်ဆိုတဲ့ ကျိုးချန်ရဲ့ အော်သံကြီးကြောင့် ရှောင်ကျန့်ဖုန်းကို နားမှ ခွာလိုက်ကာ လက်ညိုးဖြစ်ခေါင်းကိုကုတ်လိုက်ပြီး ဖုန်းကိုနားနဲ့ပြန်ကပ်လိုက်သည်
" ကျိုးချန်ရာ ဖြည်းဖြည်းခေါ်ပါဟာ ငါနားပင်းတော့မယ်ဟ " ရှောင်ကျန့်မှာ ရယ်ကျဲကျဲနဲ့ပြောတော့ ကျိုးချန်မှာ ပိုပြီး ဒေါသထွက်ရသည် ဒီလောက်ကိစအကြီးကြီးလုပ်ထားတာ ရှောက်ကျန့်ကသူ့ကို ဘာတခုမှမတိုင်ပင်ဘဲ လုပ်ချင်ရာတွေလုပ်ထားသည် ဖုန်းတချက်တောင်သူဆီမဆက်လာဘူး ရှောင်ကျန့်ဘာတွေလျှောက်လုပ်နေတာလဲ ကျိုးချန်လဲမသိတော့ဘူး
ဘာဘဲဖြစ်ဖြစ် ရိပေါ်ကသူစိမ်းလေ ရိပေါ်က ဘယ်လောက်ဘဲထက်မြက်ပါစေ တော်နေပါစေ ရှောင်းgroup တစ်ခုလုံးကို ရိပေါ်ကို လွဲပေးတာ အလွန်စောလွန်တယ်လို့ ကျိုးချန်ထင်တယ် နောက်ပြီးရှောင်ကျန့်က ရိပေါ်ကိုယုံကြည်မှုလွန်ကဲနေတယ်လို့ ကျိုးချန်ထင်တယ်ရှောင်ကျန့်ကလွတ်လပ်ပေါ့ပါးတဲ့ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ချင်တယ် ဒီလုပ်ငန်းတွေကိုစိတ်မဝင်စားဘူးဆိုတာ သူ သိတယ် တနေ့ကျရင်ရိပေါ်ကဘဲ ဒီလုပ်ငန်းတွေကို ဦးဆောင်ပေးရမှာ ကျိုးချန်သိပေမဲ့ အခုလိုမြန်ဆန်သွားမယ်လို့ ကျိုးချန်မထင်မိဘူး နောက်ပြီးသူ့ကိုတချက်လေမှ မတိုင်ပင်ဘဲ ရှောင်ကျန့်ကလုပ်ချသွားတာ ဒါကိုသွေးရိုးသားရိုးမှ ဟုတ်ရဲ့လာလို့ ကျိုးချန်သံသယတွေဝင်မိတယ်
" ရှောင်ကျန့် မင်းဘာတွေလျှောက်လုပ်နေတာလဲ " ကျိုးချန်မှာ အံဩမှုတွေဖြစ် ရှောင်ကျန့်ကို ဖုန်းဆက်မေးရသည်
ကျိုးချန်က အခုတရုတ်မှာမရှိဘူး ဂျပန်မှာ ဂျပန်ဝန်ကြီးမွေးနေ့ပွဲကို သူ့အဖိုးနဲ့အတူတက်ရောက်နေတာ ကျိုးချန်ဂျပန်ကို ရောက်တာ တပတ်လောက်ရှိပြီး ကြည့်ရပုံသူ့အဖိုးက ဂျပန်ဝန်ကြီးမြေးမလေးနဲ့ ရွှေလမ်းငွေလမ်းဖောက်ချင်နေတယ်ထင်ပ အခုထိတရုတ်ကို သူမပြန်ဖြစ်သေးဘူး
![](https://img.wattpad.com/cover/281100405-288-k757924.jpg)
YOU ARE READING
မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨
Fanfictionငါတို့ အချစ်က မှားယွင်းစွာချစ်ခဲ့ကြတယ်ဆိုရင် ဒီမှားယွင်းတဲ့ လမ်းမှားကြီးကို ငါရှေ့ဆက်ပြီး လျှောက်လမ်းရအောင် ငါနှလုံးသားက ကျောက်ဆစ်နဲ့ ထုရိုက်ထားတဲ့ နှလုံးသား မဟုတ်ဘူး... ရိပေါ်... ကြွေဖန်တွေဖြစ်ပြုလုပ်ထားတဲ့ ငါ့ရဲ့နှလုံးသားက အဲ့လောက်ထိ မာကျောမနေခဲ့ဘူ...