part 39

1.3K 85 12
                                    

သူဦးဆောင်တဲ့ ပရောဂျက်က အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားတယ် မကြာခင်မှာ တရားဝင် CEO ဖြစ်လာမဲ့သူက အလုပ်စာပွဲမှာ ခေါင်းနစ်မြုပ်နေပေမဲ့
တချက် တချက်ဆို သက်ပြင်းရှည်ကြီး ချပြီး စာပွဲပေါ်တင်ထားတဲ့ ဖုန်းကို ခနခန ကြည့်နေမိသည်

သူ ရှောင်းကျန့် နဲ့ အဆက်သွယ်မရတာ ၁ရက်ကျော်ပြီးမို့ ရိပေါ် အရမ်းသတိရနေသည်
ရှောင်ကျန့်ကို သတိရနေတဲ့ စိတ်ကြောင့် သူအလုပ်ကို ဖြောင့်ဖြောင့်မလုပ်နိုင်ဘူး မနေနိုင်တဲ့အဆုံး ရိပေါ် ဖုန်းကို ယူကာ Wechat ကနေတဆင့်ခေါ်လိုက်သည်  ဖုန်းက ဒီတခါတော့ တန်းဝင်သွားသည် ဒါပေမဲ့ ဖုန်းမကိုင်ဖြစ်နေသည် နှစ်ခေါက်သုံးခေါက်လောက်ခေါ်ပြီး မကိုင်တဲ့အဆုံး ရိပေါ်ထပ်မခေါ်ဖြစ်တော့ ကြည့်ရပုံ ရှောင်းမအားဘူးထင်သည်

ရိပေါ်လဲအလုပ်လုပ်ချင်စိတ်မရှိတော့ အိမ်ဘဲပြန်လာတော့သည်

ကျစ်နေအောင် ကိုင်ထားတဲ့ ဖုန်းက သူ့ရဲ့အားကိုးရာတစ်ခုလို့ဘဲ အဆက်မပျက်မြည်းလာတဲ့ဖုန်းကို ကြည့်လိုက်တော့ သူအရမ်းချစ်ပါတယ်ဆိုတဲ့ လူဆီက ရှောင်ကျန့် ဖုန်းကိုမဖြေဆိုဘဲ ဖုန်းကိုမမြင်ဘူးတဲ့ လူတစ်ယောက်လို စိုက်ကြည့်နေခဲ့သည်
အံကိုလဲ သူတင်းတင်းကြိတ်ထားသည် သူတွေးနေတယ် ဝမ်းရိပေါ် သူ့ကို ဘယ်လိုအရူးကွက်နင်းအုန်းမလဲဆိုတာ
နောက်ပြီး သူ့ရဲ့ဒေါသ တွေကို ဘယ်သူ့ဆီပုံချရမလဲဆိုတာဘဲ

ရှောင်းကျန့်ဟာဆိုဖာပေါ်မှာ ခြေချိတ်ပြီး အိမ်ကြီးအရှင်သခင်တစ်ယောက်လို့ ကျော့ကျော့လေး ထိုင်းနေတဲ့ သူက ဘယ်သူ့ကိုမှ စောက်ဂရုမစိုက်တဲ့ပုံစံနဲ့ အပြင်မှာ တည်ငြိမ်သလောက် ရင်ထဲမှာ မီးတွေတောက်လောင်နေတာ သူဘဲသိတယ်

သူ့နဲ့ ဆန့်ကျင်ဘက်မှာထိုင်နေတဲ့ အမျိုးသမီးကလဲ သူ့ကို သေချာ စိုက်ကြည့်နေသည် ထိုအမျိုးသမီးက သူ့ကို ခနဲ့ပြုံးတချက်ပြုံးပြပြီး ဧည့်ဝတ်ကျေစွာ ရေတစ်ခွက်ချထားပေးသည်

" နောက်ဆုံးတော့ ရှင်ရောက်လာပြီးပေါ့..."

" ....."

" .ဟင့် သိပ့်တုံးတာဘဲ ... " သူမက ရှောင်ကျန့်ကို တွေ့တွေ့ချင် စတင်းတိုက်ခိုက်တော့သည်

မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨 Donde viven las historias. Descúbrelo ahora