Idol နှစ်ယောက်ကို ရိုးရိုးချစ်ကြတဲ့ လူတွေ အသက်မပြည့်သေးတဲ့ လူတွေ မဖတ်ကြပါနဲ့နော် ဖတ်ပြီးရင်လဲလာမဆဲကြပါနဲ့နော် ကြိုတင်အသိပေးထားပါတယ် လာမဆဲပါနဲ့ လာဆဲရင် မအလနဲ့ ပေးစာမှာ....
###########
ငါတို့ အချစ်က မှားယွင်းစွာချစ်ခဲ့ကြတယ်ဆိုရင်
ဒီမှားယွင်းတဲ့ လမ်းမှားကြီးကို ငါရှေ့ဆက်ပြီး လျှောက်လမ်းရအောင် ငါနှလုံးသားက ကျောက်ဆစ်နဲ့ ထုရိုက်ထားတဲ့ နှလုံးသား မဟုတ်ဘူး... ရိပေါ်... ကြွေဖန်တွေဖြစ်ပြုလုပ်ထားတဲ့ ငါ့ရဲ့နှလုံးသားက အဲ့လောက်ထိ မာကျောမနေခဲ့ဘူး..... ရိပေါ်... ငါတို့နှစ်ယောက်ရဲ့ အချစ်အတွက် ကံကြမ္မာကိုသာ အပြစ်တင်ရအောင်......... ရှောင်ကျန့်.. ခင်ဗျားနှလုံးသားက ကြွေဖန်တွေနဲ့ ဖန်ဆင်းထားတယ်ဆိုရင် ကျွန်တော်ရဲ့ အချစ်က ကျောက်ဆောင်တွေလို မာကျောပြီး ကျောက်ဖြစ်နေတဲ့ ကျွန်တော်နှလုံးသားတစ်ခုလုံးမှာ ရှောင်ကျန့် ဆိုတဲ့ ခင်ဗျာနာမည်သာ တစ်လုံးချင် ကမ္မည်းထိုးထားပြီးသာ... ဖြစ်နေပြီး... ကျွန်တော်တို့အချစ်ကို ကံကြမ္မာကလည့်စားနေတယ်ဆိုရင်တောင် ကျွန်တော်က ခင်ဗျားနဲ့ချစ်ခဲ့ရတဲ့အတွက် အဲ့ကံကြမ္မာဆိုတာကြီးကို ကျေးဇူးတင်နေအုန်းမှာ.. ရှောင်ကျန့်... ကျွန်တော် ခင်ဗျာကို အရမ်းချစ်တယ်....
###################တရုတ်ပြည်ရဲ့
အချမ်းသာဆုံးစရင်းဝင်အိမ်တော်တွေမှာရှောင်းအိမ်တော်က နံပတ် ၅နေရာမှာရှိသည် စီးပွားရေးလောကမှာပါအောင်မြင်နေတဲ့ ဒိတ်ဒိတ်ကျဲ ချမ်းသာတဲ့ရှောင်းအိမ်တော်က...တစ်ဦးတည်း သောသခင်လေးက ရှောင်းရှောင်ကျန့်ပင်ဖြစ်သည်
ရှောင်ကျန့်က အသက်၂၄နှစ်အရွယ်ရှိပြီး ယောက်ျား မိန်းမ တိုင်း လိုချင်နေတဲ့ ငယ်ရွယ်ချောမောတဲ့ လူရွယ်တစ်ယောက်လဲဖြစ်သည် သူကအလွန်ထက်မြက်ပြီး ဖခင်ခြေရာကို တစ်ထပ်ထဲနင်းနိုင်တဲ့ အောင်မြင်နေတဲ့ စီးပွားရေးသမားတစ်ယောက်လဲဖြစ်သည် ရှောင်ကျန့်က ပျော်ရွှင်တဲ့မိသားစု ဘဝကိုလိုလာတဲ့ သူတစ်ယောက်ဖြစ်သည် သူ့အသက် ၁၀နှစ်အရွယ်က ရှောင်းပါးပါးနဲ့ ရှောင်းမားမား အကြီးကျယ်ရန်ဖြစ်ပြီး မာနကြီးတဲ့ရှောင်းမားမားက ရှောင်းပါးပါးရဲ့ထောက်ပံ့မှု ကိုတစ်ခုမှမယူဘဲ ရှောင်ကျန့်ရဲ့ အမွှာညီမရှောင်အာ ကိုလက်ဆွဲ၍ ထွက်သွားသည်မှာ ယခုချိန်ထိပင် ဘာတွေများမုန်းတီးနေကြလိုလဲမသိဘူး ရှောင်းပါးပါးကလဲ မလိုက်ရှာခဲ့သလို ရှောင်းမားမားကလဲ ရှောင်းပါးပါး ဆုံးသွားသည့်အထိ ပြန်မလာခဲ့ဘူး ရှောင်းပါးပါးက လွန်ခဲ့တဲ့ ၂နှစ်ကမှ နှလုံးအမောဖောက်ပြီး ဆုံးသွားခဲ့သည် ရှောင်ကျန့်က အထီးကျန်စွာပင် ရှောင်းအိမ်တော်ရဲ့ အမွေးဆက်ခံသူတစ်ယောက်ြဖစ်ကျန်ခဲ့သည် အောင်မြင်ပြီးတစ်ယောက်ထဲချမ်းသာနေတဲ့ ရှောင်ကျန့်ကို လိုချင်နေတဲ့ လူတွေက အများအပြား ရှောင်ကျန့်ကလူတွေနဲ့မပတ်သက်ချင်တာ အဲ့ဒါတွေဘဲ သူ့ရဲ့ချမ်းသာမှုကြောင့် သူ့နားကို လာကပ်တဲ့လူကခပ်များများပင် စီးပွားရေးအကြောင်းပြပြီး သူ့နားရောက်လာတဲ့ ယောက်ျားတိုင်းရဲ့တဏှာမျက်လုံးတွေကို ရှောင်ကျန့်က ရွံရှာမုန်းတီးသောကြောင့် လူပျိုလေးဖြစ်တဲ့ရှောင်ကျန့်ဟာ သူ့ကိုယ်သူခလေးအဖေတစ်ယောက်အဖြစ် မိတ်ဆက်ပေးတက်သည် ရှောင်ကျန့်က အပြစ်ပြောစရာမရှိလောက်အောင် အလွန်ချောမောတဲ့ လူငယ်တစ်ယောက် သူရဲ့ဖြစ်တည်းမှုကြောင့်ဘဲ သူ့ကိုယ်သူ အမြဲကာကွယ်နေရသည် ....
ကျိုးချန် ငါရှာခိုင်းထားတာ ရှာပြီးပြီးလား..... ဥက္ကဌအခန်းထဲဝင်လားတဲ့ သူ့ရဲ့အတွင်းရေးမှုးကျိုးချန်ကို ရှောင်ကျန့် ဖိုင်တွေကို လက်မှတ်ထိုးရင် မေးလိုက်သည် ကျိုးချန်ကရှောင်ကျန့်ရဲ့တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သည် အင်း...... ငါလဲရှာနေတာဘဲ... မင်း.. ပြောတဲ့အသန့်က ရှာရခတ်တယ်ကွ... မင်းဘဲစဉ်စားကြည့်ပါအုန်း ရှောင်ကျန့်ရာ အဲလို sex workerတွေကဘယ်သူတွေက သန့်မှာလဲဟ အများသုံးဘဲဖြစ်မှာပေါ့ နောက်ပြီးမင်းဟာက one night stand လဲမဟုတ်ဘူးလေ မင်းလိုအပ်တဲ့အတိုင်းသာထိဆိုတော့ ရှာရတော့ခတ်တယ်ဟ..ဒါမှမဟုတ်ရင် မင်းကိုယ်တိုင်.... ဘားကိုသွားကြည့်ပါလား.... မင်းကကိုယ်ပိုင်တဲ့ ဘားကိုတောင်းတခေါက်မှ မသွားဘူး မဟုတ်လား.... သွားကြည့်ပါအုန်း.... မင်းလိုချင်တဲ့အသန့်လေးတွေ ရှိရင်လဲ ရှိမှာပေါ့.... .ကျိုးချန်က စိတ်ညစ်သလို ရှောင်ကျန့်ကို ပြောနေသည် ကျိုးချန်ပြောတာလဲမှန်နေ၍ရှောင်ကျန့်ဘာမှမပြောဘဲ ခေါင်းငြိမ့်ထောက်ခံနေသည် အင်း..... ဒါဆိုလဲ ညကသွားကျတော့ပေါ့ ကြိုပြောထားအုန်း ငါလာမယ်ဆိုတာ ငါရှုပ်ရှုပ်တွေသိမ့်မကြိုက်ဘူးကြိုရှင်းထားခိုင်း....ရှောင်ကျန့်ကျိုးချန်ကိုပြောလိုက်သည် အေးပါကွာ.. မင်းဖြစ်ချင်တိုင်းဖြစ်နေစေရမယ်.........
####################
We love yizhan
ESTÁS LEYENDO
မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨
Fanficငါတို့ အချစ်က မှားယွင်းစွာချစ်ခဲ့ကြတယ်ဆိုရင် ဒီမှားယွင်းတဲ့ လမ်းမှားကြီးကို ငါရှေ့ဆက်ပြီး လျှောက်လမ်းရအောင် ငါနှလုံးသားက ကျောက်ဆစ်နဲ့ ထုရိုက်ထားတဲ့ နှလုံးသား မဟုတ်ဘူး... ရိပေါ်... ကြွေဖန်တွေဖြစ်ပြုလုပ်ထားတဲ့ ငါ့ရဲ့နှလုံးသားက အဲ့လောက်ထိ မာကျောမနေခဲ့ဘူ...