တဝှီဝှီနဲ့ ညချမ်း လေဖြူးဖြူး နှင့် ထိုတောင်ကုန်ပေါ်ကအိမ်တော်ကြီးမှ ထွက်ပေါ်နေတဲ့ ခပ်အေးအေး အင်္ဂလိပ်ဗားရှင်း သီချင်းသံတို့က ပနံသင့်စွာ စီးချက်ညီညီ လွင့်မျှော်နေသည်တောင်ကုန်ပေါ်က ရှောင်းအိမ်တော်ရှေ့မှာတော့ လှပတဲ့ night party လေးကျင်းပနေကြသည်
အဖြူရောင် ရဲတိုက်ပုံစံ ရှောင်းအိမ်တော်ကြီးကို နောက်ခံထား၍ night party ကျင်းပရတာ အတော်လေး ဂုဏ်ကျက်သရေရှိလှသည်ခွေကျချင်နေသည် ခြေထောက်တွေကြောင့် လူဆိုးကောင်ရိပေါ်ကို ရှောင်ကျန့် အတော်လေး စိတ်ဆိုးနေမိသည်
ရှောင်ကျန့်ဟာ သူငယ်ချင်း မိတ်ဆွေ အပေါင်းသင်းမရှိပေမဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အနေဖြစ် အသိမိတ်ဆွေက အလွန်များသည်
ဝိုင်ခွက်ကို ကိုင်၍ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ မတ်တပ်ရပ်စကားပြောနေတာ အတော်လေ ကြာနေပြီး
ညောင်းကိုက်နေတဲ့ ခံန္ဓာကိုယ်ကြောင့် ရှောင်ကျန့် ပစ်လှဲချင်နေပေမဲ့ ရိပေါ်အတွက်အရေးကြီးပွဲမို့ ရှောင်ကျန့်အောင့်အီးသည်းခံပြီး အသိမိတ်ဆွေတွေနဲ့ စကားပြောနေရသည်ရှောင်ကျန့်မျက်နှာက မသာမယာ ဖြစ်နေပေမဲ့ ဘေး၌ ရပ်နေတဲ့ ဝမ်းရိပေါ်ရဲ့ မျက်နှာကတော့ တစ်ခုခုကို အတော်လေး ကျေနပ်သည့်ပုံ
တချက်တချက်ရလာတဲ့ ညို့ချက်ပြင်းတဲ့ မျက်စောင်းလှလှကြောင့် ရိပေါ် ကျေနပ်မှုက အခါတသိန်းParty ကျင်းပချိန် ၈နာရီ မတိုင်ခင်..... «««
" ရိပေါ် မရစ်နဲ့ကွာ ဒီညပွဲဟာ မင်းအတွက် အရေးကြီးတယ် မင်းမသိတာလဲမဟုတ်ဘူး ဧည့်သည်တွေ မလာခင် ကိုယ်တို့အဆင့်သင့်ဖြစ်ဖို့လိုတယ် ကိုယ်ရေအရင်ချိုးနှင့်မယ် "
ရှောင်ကျန့်သည် သူ့လက်မောင်းနှစ်ဖက်ကို ကိုင်ထားတဲ့ ရိပေါ်လက်တွေကို ဖယ်ကာ ဂျစ်ကျနေတဲ့ ရိပေါ်ကြောင့် ရေချိုးခန်းဝင်ဖို့ ရှောင်ကျန့်အခက်တွေ့နေသည်
တကယ်ဘဲ ခလေးဆန်တယ်လို့ပြောမိတာ အဲ့လောက်ထိဂျစ်ကျဖို့ လိုအပ်လို့လား
တကယ်လဲ ထိုစကားနဲ့ပတ်သက်ပြီး အလုပ်ကပြန်လာကတဲ့က ဂျစ်ကျနေတာ တကယ်ခလေးတစ်ယောက်လို
VOUS LISEZ
မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨
Fanfictionငါတို့ အချစ်က မှားယွင်းစွာချစ်ခဲ့ကြတယ်ဆိုရင် ဒီမှားယွင်းတဲ့ လမ်းမှားကြီးကို ငါရှေ့ဆက်ပြီး လျှောက်လမ်းရအောင် ငါနှလုံးသားက ကျောက်ဆစ်နဲ့ ထုရိုက်ထားတဲ့ နှလုံးသား မဟုတ်ဘူး... ရိပေါ်... ကြွေဖန်တွေဖြစ်ပြုလုပ်ထားတဲ့ ငါ့ရဲ့နှလုံးသားက အဲ့လောက်ထိ မာကျောမနေခဲ့ဘူ...