part 37

1.2K 62 10
                                    

သူမရဲ့ လက်ရဲမှုကြောင့် ရိပေါ်ရဲ့ဒေါသဟာ ထောင်းခနဲ့ဖြစ်သွားသည်
  သူ့ကိုယ်ဖက်တွယ်ထားတဲ့ လင်းကို ရိပေါ်ဆောင့်တွန်းထုတ်လိုက်ပြီး

သူအရာပေါ်အုပ်ကိုင်ထားတဲ့ သူမရဲ့ လက်တစ်ဖက်ကိုရိပေါ်အားပါပါ ဆောင့်ပြီးဖမ်းဆွဲလိမ်လိုက်သည်

" အား... "

နာကျင်သွားသူမရဲ့လက်ကောက်ဝတ်ကြောင့် သူမနာကျင်စွာအော်လိုက်သည် နာလွန်လို့ သူမမျက်ရည်ပါကျလာသည်

လင်း ကမယုံနိုင်စွာ ရိပေါ်ကိုမျက်ရည်တွေဖြင့် ကြည့်သည် " မောင်.." သူမအသံက နာကျင်မှုကြောင့်တုန်ခါနေပြီး ဒေါသအနည်းငယ်ပါနေသည်

ရိပေါ်မျက်စိမှိတ်ပြီး သက်ပြင်းကြမ်းကြမ်းရှုကာ ထွက်နေတဲ့ဒေါသကို လျော့ချပြီး သူမလက်ကောက်ဝတ်ကို လွတ်ပေးလိုက်သည်

" ထွက်သွား.. " ရိပေါ်သည်  စိတ်ကိုလျော့ချပြီး အံကိုတင်းတင်းကြိတ်ကာ သူမကို ထွက်သွားခိုင်းသည်

ဒါကိုမကျေနပ်တဲ့ သူမက ငြင်းဆန်ကာ

" ဟင့်အင်း မသွားဖူး.... မောင်လဲ စိတ်ပါတယ်လေ ဘာလို့လဲ.... ဘာလို့ ..လင်းကို မယူချင်ရတာလဲ ?
မောင် လင်းကို ချစ်နေသေးတယ် ဟုတ်တယ် မဟုတ်လာ... "
သူမက ငိုရင်ပြောကာ ရိပေါ်ကို တဖန်ဝင်ဖက်ပြန်သည်

သူမရဲ့ စကားကြောင့် ရိပေါ်လဲ စိတ်တွေရှုပ်ထွေးကာ သူ့ကိုယ်လာဖက်တဲ့ လင်းကို အဝေးသို့ တွန်းထုတ်လိုက်သည်
ကြမ်းတမ်းစွာတွန်းထုတ်လိုက်တာကြောင့် သူမကြမ်းပြင်ပေါ်လှဲကျသွားသည်

ကြမ်းပြင်ပေါ်မှာ သူမတရှုံ့ရှုံ့ ငိုတော့သည်
" ဘာလိုလဲ ဘာလို..... ဒီလိုလုပ်ရတာလဲ..? "

ရိပေါ်လဲသူမကို မျက်မှာလွဲကာ အင်္ကျီတစ်ထည်ကို အမြန်ကောက်ဝတ်လိုက်သည်

" ဒါက မင်းကြောင့် ဖြစ်လာတာ မဟုတ်ဘူးလင်း ငါ့စိတ်အာရုံကသူ့ဆီကိုဘဲ ရောက်ရောက်သွားလို့... " ရိပေါ်က သက်ပြင်းချကာ သူမကိုရှင်းပြတော့ 
သူမက ငိုနေရင်မှ အရူးတစ်ယောက်လို အားပါးတရ ရယ်တော့သည်
သူမက ယိမ်းထိုးစွာမတ်တပ်ရပ်ကာရယ်သံနဲ့ပြောတော့သည်

မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨 Donde viven las historias. Descúbrelo ahora