" ဂျိမ်း... " ဆိုတဲ့ တံခါးဆောင့်ပိတ်သံရဲ့ အဆုံးမှာအော်ဟစ်ဆူညံ တွေက တိတ်ဆိတ်သွားသည်
အမြဲတမ်းတိတ်ဆိတ်နေတဲ့ အိမ်ကြီးက ခနလေးအတွင်း မုန်တိုင်းတိုက်ခတ်သွားသလိုဘဲ အိမ်ထဲရှိ အလုပ်သမားများက မသိမသာ စပ်စုနေကြသည်"ဘာ ရပ်လုပ် နေတာလဲ.. " သူမရဲ့ ဟိန်းဟောက်သံကြောင့် ကောင်မလေးတွေက လစ်ခနဲ့ဆို ပျောက်ကုန်ကြသည်
အခုတော့....တိတ်ဆိတ်နေတဲ့ ဧည့်ခန်းကြီးမှာ သူမတစ်ယောက် အသက်မရှိတော့တဲ့ လူတစ်ယောက်လို ငုတ်တုတ်ထိုင်နေသည်
လက်သီးဆုပ်ကို ကျစ်နေအောင်ဆုပ်ထားပြီး သူမရဲ့ နှုတ်ခမ်းတွေကိုလဲ သူမခပ်နာနာ ဖိကိုက်ထားသည် သူမရဲ့ခံပြင်းဒေါသကြောင့် ပေါက်ကွဲချင်နေတဲ့ စိတ်တွေကိုလဲ ထိုကဲ့သို့ ထိန်းချူပ်ထားရသည် လက်သည်းစူးတွေကြောင့် သူမရဲ့လက်မှာ သွေးစတွေတောင်ထွက်လာသည်
သူမ ဤကဲ့သို့.... အရှုံးဆိုတဲ့ ခံစားချက်ကို စတင်ခံစားလာသည်" ဗုန်း.. " အထိန်းကွပ်မဲ့ ပြုတ်ချလိုက်သောကြောင့် ရှောင်းကျန့်ရဲ့ ကိုယ်လေးဟာ မွေ့ယာအိအိပေါ် နှစ်မြုပ်သွားသည်
စိတ်တိုလွန်းလို့ ရှောင်းကျန့် ဒေါသထွက်ကာ ရိပေါ်ကို အော်တော့သည်
" ဝမ်းရိပေါ်... မင်းဒါသဘောလဲ.. ဘာကိစငါ့ကို ဒီကိုခေါ်လာရတာလဲ.. " ရှောင်းကျန့်အော်ပြောရင် မွေ့ယာပေါ်က ကုန်းရုန်း ထတော့သည်
ရိပေါ်က ဘာစကားမှမဆိုဘဲ မွေ့ယာပေါ်က ထဖို့ပြင်နေတဲ့ ရှောင်းကျန့်ပေါ် တက်ဖိကာ ကပ်ကပ်လန်အောင်စွာနေတဲ့ နှုတ်ခမ်းပါးရဲရဲလေးတွေကို အရှိန်နဲ့ဆွဲနမ်းတော့သည်
ရုတ်တရက် အနမ်းခံလိုက်ရသောကြောင့် ရှောင်းကျန့်မှာ ခနကြောင်အသွားရသည် ခနမကြာ ရှောင်းကျန့်အသိဝင်လာတာနဲ့ ရိပေါ်ကိုတွန်းထုတ်ကာ
မပျော့သောအားဖြစ် ရိုက်ချလိုက်သည်" ဖြန်း.. " ရိုက်ချက်က အားဘဲပျော့လို့လာမသိ ရိပေါ်ကငြိမ်သက်သွားပေမဲ့ မဆိုသလောက်လေးမှမနားပါ မျက်ရည်တွေရစ်သိုင်းပြီး ကြည်လင်တဲ့မျက်ဝန်းနက်နက်တွေက ရှောင်ကျန့်ကို ရီဝေစွာ ကြည့်ပြီး တောင်းပန်နေသလို
ESTÁS LEYENDO
မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨
Fanficငါတို့ အချစ်က မှားယွင်းစွာချစ်ခဲ့ကြတယ်ဆိုရင် ဒီမှားယွင်းတဲ့ လမ်းမှားကြီးကို ငါရှေ့ဆက်ပြီး လျှောက်လမ်းရအောင် ငါနှလုံးသားက ကျောက်ဆစ်နဲ့ ထုရိုက်ထားတဲ့ နှလုံးသား မဟုတ်ဘူး... ရိပေါ်... ကြွေဖန်တွေဖြစ်ပြုလုပ်ထားတဲ့ ငါ့ရဲ့နှလုံးသားက အဲ့လောက်ထိ မာကျောမနေခဲ့ဘူ...