ဒါဆို မင်းပြောတဲ့သဘောက မင်းက အချိန်အတိုင်သာ တစ်ခုထိလဲပေါ့ ဟုတ်လား.....? ယူဘင်တိုးတိုး မေးတော့ ရိပေါ်က ခေါင်းငြိမ့်ပြသည် အသံကျယ်၍ မရ လင်းက အခန်းမှာ အိပ်နေသည်
နေပါအုန်း ရိပေါ် အချိန်အတိုင်တာထိဆိုတာက ဘာသဘောလဲ ယူဘင်တကယ်မသိ၍ မေးတော့ ရိပေါ်မှာ ဖြေစရာစကားမရှိ ပြောရရင် သူကိုယ်တိုင်လဲမသိဘူး ဆိုတာဘဲ
ရိပေါ်ပြတဲ့ စာချူပ်ကို ကြည့်ပြီး ယူဘင်ဘာတစ်ခုမှကိုနာမလည်ဘူး ဒါပေမဲ့ လစာ တော့ တော်တော်ကောင်းသည် တစ်လကို ယွမ်း၁သိန်းတောင် လစာကိုတွေ့တော့ ယူဘင်တောင်နောင်တရချင်သလိုဖြစ်သွားသည် ဒီပိုက်ဆံက ယူဘင်တို့ လုပ်သက် ၃နှစ်စာလောက်ရှိသည် သူဌေးတွေအတွက်တော့ ဘာမဟုတ်တဲ့ပိုက်ဆံဆိုပေမဲ့ ယူဘင်တို့အတွက်တော့ ဒီပိုက်ဆံက တော်တော်များနေပြီးလေ ယူဘင်တို့က တစ်လမှ တရုတ်ငွေ ယွမ်း၃၀၀၀ကျော်သာ ရသည်လေ အခုတောင်မှ ၃လစာရိပေါ်ကို ကြိုပေးခဲ့သည် ၃လမပြည့်သေးဘဲ သူတို့ ဆန္ဒတွေပြည့်ရင် ဒီအလုပ်က ပြီပြီးတဲ့ သူတို့နဲ့ထပ်ပြီးပတ်သက်စရာအကြောင်းမရှိသလို ပိုက်ဆံလဲ ပြန်ပေးစရာမလိုဘူးတဲ့ တကယ်လို့ သူတို့ဆန္ဒမပြည့်သေးဘူးဆိုရင် အလုပ်ဆက်ဖြစ်မှာပေါ့ နောက်ပြီး အလုပ်က တစ်ပတ်မှာ ၂ရက်သာ သောကြာနေ့နဲ့စနေနေ့သာ အတူနေရမှာ ဒါက လုံးဝ အိမ်မက်တစ်ခုလို ဘဲ မယုံနိုင်ဘူး ယူဘင်က ပိုက်ဆံများကြီး ရလို့ပျော်နေသလောက် ရိပေါ်ကတော့ဒီစာချူပ်ကို လုံးဝ စိတ်တိုင်မကျ ဘာကို စိတ်တိုင်မကျလဲဆိုတာ သူ့ကိုယ်သူ မသိဘူး.... ဒါနဲ့ မင်းမှာ အိမ်ထောင်ရှိတာ သူတို့ သိလား ယူဘင် မေးတော့ ရိပေါ်အသာ ခေါင်းခါပြသည် သူတို့မမေးတော့ ငါလဲ မပြောပြဖြစ်ဘူး ယူဘင် ဒါဆိုမင်းတို့က ဇယားရှုပ်နိုင်တယ်နော် ရိပေါ် ယူဘင်က ပြောတော့ ရိပေါ် ခေါင်းထပ်ခါပြသည် ကြည့်ရပုံ သူတို့ကကိုယ်ရေးကိုယ်တာ မထည့်တွက်ဘူးထင်တယ် ငါကို ယောက်ျားလေးတွေနဲ့ sexလုပ်ဖူးလာလို့ဘဲ မေးတယ် ငါလဲတခါမှမလုပ်ဖူးတော့ မလုပ်ဖူးလိုလဲ ဖြေလိုက်တာ အဲတစ်ခုဘဲမေးပြီး ထပ်မမေးတော့ဘူး.... ရိပေါ်ပြောတော့ ယူဘင်က ခေါင်းငြိမ့်ထောက်ခံသည် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားတာကောင်းတာပေါ့ မင်းအတွက်လဲ အဆင်ပြောတာပေါ့ ယူဘင်ပြောတော့ ရိပေါ်ဘာမှ မတုန့်ပြန်ဘဲတွေဝေသွားသည်
နာရီတွေတဖြည်းဖြည်းကုန်ဆုံးသွားတော့ စိတ်တွေလေးလံစွာနဲ့ပင် သောကြာနေ့သို့ ရောက်လာခဲ့သည်.... လင်း... ကို အချိန်ပိုရှိလို ဒီနေ့ဆိုင်မှာအိပ်ရ မယ် ရိပေါ်ကပြောတော့ လင်းကမျက်နှာမကောင်း မောင်လဲ လင်း အတွက်နဲ့ အရမ်းပင်ပန်းနေပြီး ရိပေါ်က ပြုံး၍သာ ကို မပင်ပန်း ပါဘူး ကိုရဲ့လိမ္မာတဲ့ ဇနီးလေး အတွက်ဘဲဟာ.... ရိပေါ်ပြောပြီး လင်းရဲ့နှုတ်ခမ်းလေးကို အသက်ရှုမကျပ်စေရန် ဖွဖွလေးအနမ်းပေးလိုက်သည်
ကိုယ်သွားတော့မယ် ခနနေ ယုရာ အလုပ်ကပြန်ရောက်တော့မယ် ဆေးသောက်ပြီး အိပ်လိုက်အုန်း... ဟုတ်ကဲ့ ကိုလဲ ဂရုစိုက်အုန်း..... ယူဘင်တို့မောင်နှမနှစ်ယောက်နဲ့ ရိပေါ်တို့က တိုက်ခန်းငှားပြီး အတူတူနေကြသည်လေ ဒါကြောင့် ယူဘင်တို့နဲ့ ရိပေါ်တို့က မိသားစုလိုဖြစ်နေကြသည်
ရိပေါ် ဒီအတိုင်သွားမလို့လာ အဝတ်တွေဘာတွေ လဲသွားပါလား ရိပေါ်က အင်းမလုပ်အဲမလုပ် ရိပေါ်ကအခါတိုင်လိုဘဲ ရိုးရိုးရှင်းရှင်းဝတ်ထား၍ ယူဘင်ကပြောလိုက်သည် ဘယ်လိုဘဲစိတ်မပါ ပါစေ သူကကိုယ်ကို ပိုက်ဆံများကြီးပေးပြီးငှားထားတာလေ သူလဲ သူ့ဆန္ဒဖြစ်မြောက်ဖို့ ပိုက်ဆံများကြီးပေးပြီး ငှားတာဘဲ ကိုယ်လဲ ကိုယ်လိုအပ်တဲ့ ပိုက်ဆံကို ရတာဘဲ ဒါက နှစ်ဦးသဘောတူမှ လုပ်လို့ရတာလေ အခုတော့ ရိပေါ်ပုံစံက မသွားချင်ဘဲ အတင်းသွားခိုင်းနေတာကြတာဘဲ ဘာမှပြင်ဆင်မှာမရှိဘူး ဖြစ်သလို ဝတ်ထားသည် ဘယ်လိုဘဲ ဖြစ်ဖြစ် အနည်းဆုံးသော ကောင်းကောင်းမွန်မွန် ဝတ်သွားသင့်တာပေါ့..ကိုယ့်ဘာသာ အလုပ်လက်ခံပြီးမှ အခုမှမျက်နှာကမသာမယာနဲ့ အေးစက်နေသည် ယူဘင်လဲထပ်မပြောချင်တော့ဘူး ...ည ၉နာရီထိုးတော့ ရိပေါ်ရှောင်အိမ်တော်သို့ ရောက်လာသည် တစ်လမ်းလုံးလဲ ရိပေါ်စဉ်စားလာခဲ့သည် ငါလုပ်နိုင်ပါမလာ ဆိုပြီး တွေဝေလာခဲ့သည် မလုပ်နိုင်တော့ဘူး ဆိုပြီး ပိုက်ဆံဘဲပြန်ပေးလိုက်ရမလာဆိုပြီးတော့လဲ တစ်လမ်းလုံး စဉ်စားလာသည် လင်း အတွက်ဆေးကုစရိတ်အတွက်လဲ ပူနေရတော့ ရိပေါ်မှာ လုပ်ချင်တိုင်မလုပ်ရဲ ဘဲတွေဝေနေရသည် ဝမ်းရိပေါ် အချစ်အတွက်နဲ့ မင်းခံန္ဓာကိုယ်တစ်ခုလုံးကို သူများအောက်မှာ အလုပ်ခံရတောမှာလား သူ လင်း ကို အဲလောက်ထိချစ်သွားပြီးလား ရိပေါ် သူ့ကိုယ်သူ မယုံနိုင်ဘဲ အံဩနေသည် တစ်လမ်းလုံးလည့်ပြန်ဖို့တွေးလာ နေတဲ့ ရိပေါ်က သူ့ရဲ့ခြေလမ်းတွေက ရှောင်အိမ်တော်ကိုသာ ဦးတည်းလျက်...... သေချာပြီးလာ မင်း လင်း အတွက်နဲ့ ဒီကို ရောက်လာတယ်ဆိုတာ မရေရာ မသေချာပေမဲ့ ရိပေါ်ရဲ့ ခြေလှမ်းတွေက ရှောင်အိမ်တော်ကိုသာ.....မင်းရောက်လာပြီးလာ ....
အပေါ်ထပ်ကိုတက်သွား...... .ယုန်ရုပ်လေး ချိတ်ထားတဲ့ အခန်းက ရှောင်သခင်လေး အခန်းဘဲ......... ကျိုးချန်ပြောပြီး ကားသော့ယူကာ အပြင်ထွက်သွားသည်.....တစ်အိမ်လုံးလဲ မီးတွေ ထိန်းထိန်းလင်းနေသည် ရိပေါ်ရဲ့ ခြေလှမ်းတွေက အပေါ်ထပ်သို့သာ.......... မလိမ်ဘဲနဲ့အမှန်တိုင်ပြောရမယ်ဆိုရင် သေချာပါသည် ရိပေါ် စိတ်လှုပ်ရှာနေသည်.....
##################
Love u all........
VOCÊ ESTÁ LENDO
မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨
Fanficငါတို့ အချစ်က မှားယွင်းစွာချစ်ခဲ့ကြတယ်ဆိုရင် ဒီမှားယွင်းတဲ့ လမ်းမှားကြီးကို ငါရှေ့ဆက်ပြီး လျှောက်လမ်းရအောင် ငါနှလုံးသားက ကျောက်ဆစ်နဲ့ ထုရိုက်ထားတဲ့ နှလုံးသား မဟုတ်ဘူး... ရိပေါ်... ကြွေဖန်တွေဖြစ်ပြုလုပ်ထားတဲ့ ငါ့ရဲ့နှလုံးသားက အဲ့လောက်ထိ မာကျောမနေခဲ့ဘူ...