part 16

2.2K 86 3
                                    

တိမ်ဖြူ တိမ်ပြာတွေပန်းချီခြယ်၍ သာယာနေသည် ကောင်းကင်ကြီးရဲ့ နေရောင်ခပ်စူးစူးက ပေကျင်းတစ်မြို့လုံးကို ဖြန့်ကြတ်ထားသည်
နွေရာသီတိမ်ပြာရောင်ကောင်းကင်ကြီးကြောင့် မောပန်းပင်းပန်နွမ်းနယ်ကြတဲ့ လူတွေရဲ့စိတ်အခြေနေက အခုလိုရာသီမျိုးနဲ့ဆိုရင် ဈေးဝယ်ထွက်အပန်းဖြေဖို့က အကောင်းဆုံးအချိန်လေးတစ်ခုပါဘဲ

လင်းခနဲ့လတ်ခနဲ့ နဲ့ အလူမီနီယံစတီနဲ့ မှန်အပြာတွေဖြစ် ဒီဇိုင်းထွင်း တည်ဆောက်ထားတဲ့ အထပ်မြှင့် အဆောက်အုံးကြီးတစ်ခုက ရှောင်းအုပ်စုပိုင် ကုန်တိုက်ကြီးတစ်ခုဖြစ်သည်
ထိုကုန်တိုက်ကြီးထဲမှာ ကားအရောင်းပြခန်း ဆိုင်ကယ်အရောင်းပြခန်း အိမ်ဆောက်ပစ္စည်းအရောင်းပြခန်း ပရိဘောဂအမျိုးမျိုး ပြည်တွင်းပြည်ပအလုပ်အကိုင် နဲ့ပတ်သက်တဲ့အေဂျင်စီရုံးခန်း များ စားသောက်ဆိုင် များ အပန်းဖြေ ပုံပြင်ဆန်ဆန် ကစားကွင်းများ စကိတ်ကွင်း ရေကူးကန် ဂိမ်းကစားဆိုင်များ ရုပ်ရှင်ရုံ  စသည်တို့သည် အထပ်နှင့်အလိုက် စနစ်တကျ တည်ရှိနေသည်

ထိုကုန်တိုက်ကြီးရဲ့ အထပ်၃၀ ထိပ်ဆုံအထပ်မှာတော့ကုန်တိုက်ရဲ့ လုပ်ငန်းပိုင်ဆိုင်ရာ ဌာနဆိုင်ရာရုံခန်းများသည် ထို၌တည်ရှိသည်

ဌာနပိုင်ဆိုင်ရာ ခေါင်းဆောင်များသည် ဓာတ်လှေကားရှေ့တွင် နှစ်ဖက်နှစ်ချက်တန်းစီနေသည် ယူနီဖောင်အပြည့်ဝတ်ထားသည့် လုပ်ငန်းပိုင်ဆိုင်ရာခေါင်းဆောင်များသည် သတ်မှတ်ထားသည့် အနီရောင် နံပါတ်လေးတွေကို ကြည့်ပြီး ရင်တုန်စိတ်လှုပ်ရှားကာ ချွေစီးများထွက်နေကြသည်

" တင်း.... "  တင်းကနဲ့ဆိုတဲ့ မြည်းသံနဲ့အတူ ဌာန ပိုင်ဆိုင်ရာခေါင်းဆောင်များသည် ရင်ကျပ်တည်ငြိမ်ကျသယောင် ရှိနေကြသည်

" ကျွီ.. " ဆိုတဲ့ တံခါးဖွင့်သံနဲ့အညီ ပြောင်လတ်နေတဲ့ မိကျောင်းသရေဖြစ်ြပုလုပ်ထားတဲ့ တန်ဖိုးကြီး အကောင်းစား ရှူးဖိနပ်တစ်စုံက ပြောင်လတ်နေတဲ့ ကြွေပြားပေါ်ခြေကျခွင့်ပြုလိုက်သည်နှင့်

" မင်္ဂလာပါ သူဌေး.. " နှုတ်ဆက်သံသည် တစ်ပြိုင်နက်

မည်သည်စကားမှ မဆို ထိုသူနဲ့ အတူပါလာတဲ့ အတွင်းရေးမှုက ထိုအထပ်၌ ကျယ်ဝန်သောရုံခန်းစီသို့ လမ်းပြခေါ်ဆောင်သွားသည်
ထွက်သွားသော ကျောပြင်ကျယ်ကို ကြည့်ပြီး ဝန်ထမ်းမျာသည် သက်ပျင်းတစ်ချက်ချပြီး တိုးတိတ်စွာဆူညံသွားကြသည်

မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨 Donde viven las historias. Descúbrelo ahora