part 18

1.8K 67 3
                                    

ဂုဏ်သရေရှိ အသိုင်းအဝိုင်း တို့ရဲ့ပါတီကျင်းပချိန် ပါတီထဲမှာ တရုတ်ပြည်သူ့သမ္မတ၏သား မြေးတွေပါ ပါသည် အားလုံးကတော့ လူချမ်းသာ ဖြစ်ပြီး နာမည်ကြီးပုဂ္ဂိုလ်များပါ ပါဝင်သလို နိုင်ငံခြားသားများလဲ ပါဝင်ဆင်နွှဲကြသည်

ဒီလိုလူမျိုးတွေစည်းကားနေတဲ့ ပွဲမျိုးမှာ ရိပေါ်သူနဲ့မအပ်စပ်ဘူးလို ခံစားနေရသည် သူ့ကိုယ်သူလဲ အယောင်ဆောင် မင်းသားတစ်ပါးလို ခံစားနေရသည်
ဒီလိုပွဲမျိုးမကြိုက်ပေမဲ့ ချစ်ရသူ သဘောကျ အချိန်ကြာမြင့်စွာနေနေရသည်

ရှောင်ကျန့်က တကယ် သူ့အပေါ်ကို တကယ် အရမ်းကောင်းပါတယ်
ဒါပေမဲ့ သူ့အကြောင်းကို တီးတိုးပြောစကားများကို ကြားနေရတော့ ရိပေါ်တကယ်အဆင်မပြေပါဘူး သူ့ရဲ့ယောက်ျားမာနကို တကယ်ထိပါးနေပါသည်

တခါတလေ လူတစ်ဦးနဲ့တစ်ဦး ချစ်ဖို့ ပေါင်းဖက်ဖို့က ဒါတွေလိုအပ်လို့ လားလို့ ရှောင်ကျန့်ကို သူမေးလိုက်ချင်ပါသည်

ရိပေါ်ရဲ့ စာအုပ်မှာဂုဏ်ပုဒ် တွေမလိုအပ်ပေမဲ့
ရှောင်ကျန့်ရဲ့ အဘိဓာန် မှာတော့ ဂုဏ်ဒြပ်တွေ အဆင့်တန်းတွေက တကယ်အရေးပါးအခန်းကဏ္ဍဖြစ်နေခဲ့သည်

ဘယ်တက်နိုင်မှာလဲ ဒီလူသားကိုပိုင်ဆိုင်ဖို့
ဒီလူသား သဘောအတိုင်း ရိပေါ်ဟာ အယောက်ဆောင်မင်းသားတစ်ပါးဖြစ်ခဲ့သည်

ရှောင်ကျန့်နဲ့ တွဲပြီး ဒီအခြေနေထိရောက်ဖို့အထိ ရိပေါ် တကယ် မတွေးဖူးသလို စိတ်ကူးလဲ မတန်မရာ မယဉ်မိခဲ့ပါဘူး

ဒီအတိုင်း ဒီအတိုင်းပါပဲ...

ပြောစကားမနားထောင်ဘဲ နှလုံးသားလေးကြောင့် ထိန်းချုပ်မရတဲ့ ဟော့ဒီရင်ဘက်ထဲက အကောင်ကြီးကြောင့် ရိပေါ်ဟာ ရှောင်ကျန့် ကို ချစ်ခဲ့မိတယ် နှစ်သက်သဘောကျယုံသာမက ရှောင်ကျန့်ရဲ့အထိအတွေ့ အသွေးအသားတွေကိုပါ ရိပေါ် ငြို့ကွင်းတစ်ခုလို ရူးရူးမူးမူး ချစ်လိုက်မိတယ်

ရှောင်ကျန့်ဆိုတဲ့ လူက ရိပေါ်ကို ရူးအောင်လုပ်ခဲ့သူပေါ့

မမျှော်လင့်ခဲ့ပေမဲ့ ရှောင်ကျန့်ရဲ့ ငါတို့လက်ထပ်ရအောင် ဆိုတဲ့ စကားကို ကြားတော့ ရိပေါ်ဟာ မထင်မှတ်ဘဲ
သိန်းထီဆုကြီးပေါက်သလို
အံဩမှုနဲ့ မကျိမရဲ ပျော်မိခဲ့တယ်
တပြိုင်နက်ထဲ ရိပေါ် စဉ်စားမိတာက ဒီလူသားကို
သူ့မှာ ပိုင်ဆိုင်ခွင့်ရှိရဲ့လားလို့

မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨 حيث تعيش القصص. اكتشف الآن