တင်း.. တင်း.. !!!!!!!!ဖုန်းစက်ဖွင့်လိုက်တာနဲ့ miss call ပေါင်းများစွာက တန်းစီးလျက်ဝင်လာသည်
ဘာလဲအရေးကြီးကိစရှိနေလို့လာ..
အများဆုံးခေါ်ဆိုထားတာ ကျိုးချန်မို့ ရှောင်ကျန့် ကျိုးချန်ကိုသာ အရင်စခေါ်လိုက်သည်
တီ..... ကျိုးချန်က ဖုန်းကို ချက်ချင်ကိုင်လာသည်
ဒီကောင်ဘာများအရေးကြီးလို့ ဒီလောက်တောင်ခေါ်ထားတာလဲ ...
" ရှောင်ကျန့် မင်းဖုန်းဘာလို့စက်ပိတ်ထားတာလဲ.. " ကိုင်လိုက်တာနဲ့ ကျိုးချန်ရဲ့ဒေါသတကြီးအော်သံက စူးလျက်
" အာရာ ဘာလိုဒီလောက်ထိ အော်နေတာလဲ သေမို့လာ... " ရှောင်းကျန့်လဲ ကျိုးချန်နဲ့နည်းတူပြန်အော်တော့သည်
" မင်း ငါစိတ်တိုနေတာနော် " ကျိုးချန်ကပြောတော့ မနေနိုင်တဲ့အဆုံးရှောင်းကျန့်ကရယ်တော့သည်
" ဟဟဟ ဟုတ်ပါပြီး ကိုစိတ်တိုကြီးရယ်
ပြောပါအုန်း ငါ့ဆီကို ဘာလို့အဲ့လောက်ထိဖုန်းဆက်ထားတာလဲ..? ဘာလဲမင်း မိန်းမယူတော့မို့လာ... " ရှောင်ကျန့်ကစနောက်ကာ မေးတော့ ကျိုးချန်က စိတ်မောတဲ့ပုံစံဖြစ် သက်ပြင်းချသည် သူသာ မိန်းမယူမယ်ဆိုရင် ဒီလောက်ထိစိတ်ညစ်ရမှာမဟုတ်ဘူး.." မင်းဘယ်တော့ပြန်လာမှာလဲ.. " ကျိုးချန်ကမေးတော့
ရှောင်းကျန့်ကသဘောကျရယ်ပြီး
" မင်းအဖေက အခု လေဆိပ်ရောက်နေပြီး.."" ဟင်း.. တကယ်လာ ရှောင်းကျန့်.. "
" ဟုတ်တယ် ငါပြန်လာမယ်ဆို ရိပေါ်ကိုယ်တောင်မပြောပြထားဘူး အံဩသွားအောင်လို့ ခနနေမှ ရိပေါ်ကို ဖုန်းဆက်မှာ.. " ရှောင်းကျန့်ကရယ်မောကပြောတော့
" ငါလာကြိုမယ် မင်းရိပေါ်ကို ဖုန်းမဆက်နဲ့တော့.. "
ကျိုးချန်ကတည်ငြိမ်တဲ့အသံဖြစ် တားလိုက်သည်" ဘာလို့လဲ..? "
" ငါပြောသလို လုပ် ငါအခုလာပြီး.. "
ကျိုးချန်က ရုတ်တရက်ကြီး ဒီလိုတွေပြောနေတော့ ရှောင်ကျန့်လဲ စနောက်ပြီး မရယ်နိုင်တော့ဘူး" အင်း... " တလုံးလို့သာပြောပြီး ငြိမ်ကျသွားသည်
သူစိတ်ထဲမှာ ရိပေါ်နဲ့ပတ်သက်ပြီး မကောင်းတာတခုခု ခံစားနေရသည် မောင်ဘာဖြစ်လို့လဲ....
VOUS LISEZ
မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨
Fanfictionငါတို့ အချစ်က မှားယွင်းစွာချစ်ခဲ့ကြတယ်ဆိုရင် ဒီမှားယွင်းတဲ့ လမ်းမှားကြီးကို ငါရှေ့ဆက်ပြီး လျှောက်လမ်းရအောင် ငါနှလုံးသားက ကျောက်ဆစ်နဲ့ ထုရိုက်ထားတဲ့ နှလုံးသား မဟုတ်ဘူး... ရိပေါ်... ကြွေဖန်တွေဖြစ်ပြုလုပ်ထားတဲ့ ငါ့ရဲ့နှလုံးသားက အဲ့လောက်ထိ မာကျောမနေခဲ့ဘူ...