part 25

1.8K 73 9
                                    

ရောက်ရှိနေချိန်.... ၃၀မိနစ်ကြာသောအခါ....

ရှောင်ကျန့် ဒီထက်ပိုပြီး သည်းခံမနေနိုင်တော့

ဘာလဲဒီခလေးမက အခု သူ့ကို လာစားနေတာလာ....? ခလေးသာသာတစ်ယောက်ရဲ့စကားကို နားထောင်ပြီး ဒီမှာထိုင်နေတဲ့ သူ့ကိုယ်သူဘဲ ရယ်ချင်မိသည်

ဒီလိုခလေးသာသာချာတိတ်တစ်ယောက် ဆီကနေ အပေါစား တောင်းပန်စကားက သူ့အတွက် အရေးမပါဘူး
စတွေ့ကတဲ့က အချိုးမပြေ ပေမဲ့ ချာတိတ်မ ပုံစံက သူ့ကိုတခုခု ပြောချင်နေသည့် ပုံမို့ ရှောင်ကျန့်ဟာ စိတ်ဝင်စားပြီး သူလာနေကျကော်ဖီဆိုင်သို့ ရောက်နေခြင်း

ဒီချာတိတ်မလေးက သူ့ကိုဘာစကားပြောမှာလဲဆိုတာတော့ ရှောင်ကျန့်သိချင်မိသည်

ချိန်ပြီး ရောက်မလာတဲ့ ချာတိတ်မလေးကို မိနစ်၃၀ကြာ စောင့်ပြီပြီးမို့ သူ့ရဲ့ဖုန်းကို ကောက်ယူလိုက်သည်

" တီ:.......""""ဝင်လာတဲ့ ဖုန်းအသံ

"ဝေ့.....ကျိုးချန်..!!...... OK.. ငါအခုပြန်လာပြီး... "

ကော်ဖီ ဆိုင်ရဲ့အနောက်ဘက်ခြမ်းတစ်နေရာ

ရိပေါ်ဟာ အလွန်ဒေါသထွက်နေသည် လည်ပင်းကျောတွေပါထောင်ကာ မျက်လုံးတွေပါ နီရဲနေသည် ရိပေါ်ဟာ သရဲ တစ္ဆေတစ်ကောင်လို စိတ်ဆိုးဒေါသထွက်နေသည်

ရိပေါ်ရဲ့ ဒီလို ပုံစံကို တခါမှ မမြင်ဘူးတဲ့ ယုရာနဲ့ လင်းပါ အံဩပြီး အရမ်းကြောက်နေမိသည်
လင်းဟာ ရိပေါ်ကို နာကျင်သောမျက်ဝန်းတစ်စုံဖြစ် မျက်ရည်စမ်းကာ
ရိပေါ်ကို နာလည်ရခတ်တဲ့ မျက်ဝန်း နဲ့ကြည့်နေသည်

လင်းရဲ့လက်ကောက်ဝတ်ကို ခပ်တင်းတင်း ဆောင့်ဆွဲပြီး ရိပေါ်ဟာ သူ့ကားဆီသို့ ဆွဲခေါ်လာသည် လင်းဟာ မည်သည့်စကားမှ မဆိုပါဘဲ ရိပေါ်ဆွဲခေါ်ရာသို့ ပါလာသည် .၊၊၊၊
ယုရာကလဲ ရိပေါ်နဲ့ လင်းနောက်သို့ ပြေးလိုက်ကာ
အော်ဟစ်နေသည်

" ရိပေါ်ကော... ကော ကျဲ လက်ကို လွတ်နော်
ဘာလို့ အဲ့လိုတွေ လုပ်နေတာလဲ...." ယုရာက
လင်းအာ လက်ကို ဆွဲကိုင်ထားသော ရိပေါ် လက်ကို အတင်းဆွဲဖြုတ်နေသည်

ရိပေါ်က ဂရုမစိုက်ဘဲ လင်းကို ဒီဆိုင်နဲ့ ဝေးရာကို ဆွဲခေါ်သွားသည်

မောင်သည်သာ..🚨(Marriage/with/to be Sex..)🚨 Donde viven las historias. Descúbrelo ahora