Unicode
အခြေခံပညာအထက်တန်းကျောင်း တစ်ခု၏ ကိုးတန်းဆောင် အခန်း (A)တွင် ဖြစ်သည်။ ဆရာမ မဝင်သေးသဖြင့် ကျောင်းသားကျောင်းသူတို့၏ စကားသံများဖြင့် ဆူညံနေလေသည်။
ကြောင်,မရှိ ကြွက်ထ ဆိုသည့်စကားပုံအတိုင်း ဆရာမ မရှိသည်နှင့် ကျောင်းသားများက ရောက်တတ်ရာရာ ထွေရာလေးပါးတို့ကို ပြောဆိုနေကြသည်။
သို့သော်လည်း ထိုကျောင်းသားကျောင်းသူတို့၏ စကားဝိုင်းတွင် မပါသူတစ်ဦးရှိသည်။ ထိုသူကား အတန်းခေါင်းဆောင်ဖြစ်သည့် သူရိန်ခန့်ညားပင်။
သူရိန်တစ်ယောက် ဆရာမ မဝင်သေးသဖြင့် စာရေးခုံတွင် မှောက်အိပ်နေလေသည်။ အတန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် သူရိန်ခန့်ညားမှာ စာတော်သလို လိမ္မာရေးခြားလည်း ရှိသည့်အတွက် ဆရာဆရာမများက ချစ်ခင်ကြသည်။
သူရိန်ခန့်ညားဟာ အတန်းခေါင်းဆောင်ဆိုသည့် ရာထူးနှင့် လိုက်ဖက်စွာပင် ခြောက်ပေတစ်လက်မထိမြင့်မားသော အရပ်နှင့် အားကိုးအားထား ပြုချင်စဖွယ် ကျစ်လျစ်သန်မာသော ခန္ဓာကိုယ်အချိုးအစားတို့ရှိသည်။
အတန်းခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင် တည်ကြည်ခန့်ညားသော ရုပ်ရည်ကြောင့် သူရိန့်ကို မည်သူကမှ စနောက်ကျီစယ်ခြင်း မပြုရဲကြ။
ခပ်တည်တည်မျက်နှာထား၊ အစဉ် တင်းတင်းစေ့ပိတ်ထားပါသော နှုတ်ခမ်းတစ်စုံနှင့် တွန့်ချိုးထားသော စင်ယော်တောင်မျက်ခုံးနက်နက်၏ အောက်ဘက်ရှိ စူးရှထက်မြက်လှသော မျက်ဝန်းတစ်စုံတို့ကြောင့် ရွယ်တူများက ရှိန်ကြလေသည်။
အတန်းခေါင်းဆောင်တစ်ဦးဖြစ်တာကြောင့် ဆရာမက အိမ်စာတွေထပ်ခိုင်းလျှင် သူရိန်ခန့်ညားကပင် တာဝန်ယူကာ စာအုပ်တွေကိုလိုက်ကောက်ပေးရသည်။ စာအုပ်စုံပြီဆိုမှ ဆရာမများနားနေခန်းသို့ သွားရောက်ပို့ဆောင်ပေးရသည်။
အလုပ်လုပ်ရာတွင်လည်း လေးနက်တည်ကြည်ပြီး အမှားမခံတာကြောင့် အိမ်စာမပြီးသေး၍ စာအုပ်မထပ်နိုင်သည့် သူကိုဆိုလျှင်လည်း ဒဏ်ကြေးပေးဆောင်စေသည်။ မိန်းကလေး၊ ယောကျာ်းလေး ခွဲခြားခြင်းမရှိ....
KAMU SEDANG MEMBACA
သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅ ]
Fiksi RemajaHe Is The Only One I Love The Most { Own Creation } သူသာလျှင် အချစ်ဆုံးပေမို့ (သူသာလျှင် အချစ်ဆုံးပေမို့) Start Date ..... 22.2.2022 End ..... 27.5.2024 Boy × Boy Written with both Unicode and Zawgyi fonts