Unicode
" မန္တလေးတောင်တက်ရတာ ပျော်ခဲ့ရဲ့လား "
ဇေယျာကျောင်းကိုရောက်ရောက်ချင်း သန့်ပိုင်က ဆီးကြိုမေးလေသည်။ သူ ကျောင်းပိတ်ရက်နှစ်ရက်လုံး မန္တလေးတောင်တက်တာကလွဲရင် ဘယ်မှမသွားတာမို့ သန့်ပိုင်က ယခုလို ကျောင်းရောက်မှမေးရခြင်း ။
ဇေယျာက သူ့လွယ်အိတ်ကို ခုံပေါ်ပစ်တင်လိုက်ရင်း
" အဆင်မပြေဘူးထင်တယ် "
" ထင်တယ် ? ဘာလဲဟ ပြေတယ်ဆိုပြေတယ်၊ မပြေဘူးဆို မပြေဘူးပေါ့ "
သန့်ပိုင် ပြောနေရင်းနဲ့ သူငယ်ချင်းဖြစ်သူရဲ့ မျက်နှာကို အကဲခတ်မိပါ၏။ ဇေယျာ့မျက်နှာက မှုန်မှိုင်းနေပြီး နှုတ်ခမ်းတို့ကိုလည်း ခပ်တင်းတင်းစေ့ထားသေးသည်။
" ရူပါက ငါနဲ့သူနဲ့ ကိစ္စကို ပြန်စဉ်းစားကြရအောင်လို့ပြောတယ် "
မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်တွေကို သန့်ပိုင် လိုက်မမှီတော့ပေ။ ဟိုနေ့ကမှ သူတို့သမီးရည်းစားတွေ မန္တလေးတောင်အတူတူတက်ကြတာလေ။ ကျောင်းပြန်ဖွင့်တော့ ပြန်စဉ်းစားကြမယ်တဲ့။ ဘယ်လိုတွေလဲ !
" နေ ... နေပါအုံး ။ ဘယ်လိုများဖြစ်ရတာလဲကွာ! သူကအဲ့လိုပြောတော့ မင်းက လက်ခံလိုက်ရောလား ! ဒါက အဆင်မပြေဘူးထင်တယ်ဆိုတဲ့အဆင့်တင်မဟုတ်ပဲ လုံးဝကို မပြေတော့တဲ့အဆင့်ဟ! "
" ငါလည်း သူ့ကိုအားနာလို့ သူပြောတာလက်ခံလိုက်တာ "
" ဘာကိုအားနာတာလဲ ! မင်းကသူ့ကိုဘာလုပ်ခဲ့လို့လဲ ! မင့်ဟာက မဟုတ်သေးပါဘူးကွာ။ ရည်းစားဖြစ်တာမှမကြာသေးဘူး ခုကျ ပြန်စဉ်းစားကြမယ်တဲ့ ! "
ဘေးကနေ ပေါက်ပေါက်ဖောက်နေတဲ့သူငယ်ချင်းကို ဇေယျာ တစ်ချက်ကြည့်လိုက်ပြီး ထိုနေ့က မန္တလေးတောင်ပေါ်မှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြလိုက်သည်။
ဇေယျာ့စကားအဆုံးမှာတော့ သန့်ပိုင်က ငုတ်တုပ်မေ့လျက်။ ဟိုက ပြန်စဉ်းစားမယ်ပြောတာ မလွန်ပါဘူးလေ ။ အဲ့နေ့ကတည်းက ပြတ်မယ်လို့မပြောသွားတာ ကံကောင်း ။

ВЫ ЧИТАЕТЕ
သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅ ]
Подростковая литератураHe Is The Only One I Love The Most { Own Creation } သူသာလျှင် အချစ်ဆုံးပေမို့ (သူသာလျှင် အချစ်ဆုံးပေမို့) Start Date ..... 22.2.2022 End ..... 27.5.2024 Boy × Boy Written with both Unicode and Zawgyi fonts