အခန်း ( ၁၈ )

475 19 0
                                    

" အား ... ခေါင်းရှုပ်လိုက်တာ တကယ်ပဲ ဒီစာတွေကိုမလုပ်ချင်တော့ဘူး "

သန့်ပိုင်က ကျက်နေတဲ့ bio စာအုပ်ကိုချရင်း ငြီးတွား၏။

" ဘာလို့များ ငါတို့က ဒါတွေကျက်နေရတာလဲ ! ကျောက်ခေတ်လူသားတွေဆို ဘာမှကျက်စရာမလိုဘူး ! ငါ ကျောက်ခေတ်ပဲပြန်သွားချင်လာပြီ "

" အဲ့ဒါဆို သန့်ပိုင်လေးက ဒီလိုအဝတ်အစားတွေလည်း ဝတ်စရာမလိုတော့ဘူးနော် "

မင်းမြတ်က ပြီတီတီမျက်နှာပေးနဲ့ပြောလာရာ သန့်ပိုင် ထိုသူ့ရဲ့လက်မောင်းကို စာအုပ်နဲ့ရိုက်ရင်း

" မင်း အမြဲတမ်းပေါက်တက်ကရတွေပဲတွေးတတ်တာလား ! "

မင်းမြတ်ရဲ့ကြွက်ညိုလေးက အရင်ကနဲ့မတူတော့တာအမှန်ပင်။ အရင်ကဆို မင်းမြတ်ကိုမြင်တိုင်း ကြောက်စိတ်ဝင်ပြီး စကားပြောတာတွေလည်း အထစ် အထစ်နဲ့ဖြစ်သည်။ ယခု ရည်းစားတွေဖြစ်ပြီးသွားတော့ မင်းမြတ်ကို ကြောက်ရကောင်းမှန်းမသိတော့ပေ။ မင်းမြတ်ဆိုသည့် အနှီလူသားကလည်း သူ့ကြွက်ညိုလေးကို မျက်နှာတစ်ချက်မညှိုးရအောင်ထားပေ၏။

" ကဲပါ။ စိတ်မပါရင်လည်း ကျက်မနေနဲ့တော့ ... အဲ့လို စိတ်မဝင်စားပဲ ခေါင်းထဲကို စာတွေအတင်းထိုးသိပ်ထည့်နေရင် ဘာမှထူးမှာမဟုတ်ဘူးလေ။ စိတ်လေးကြည်အောင် ခေါင်းအေးအေးထား။ ခဏတဖြုတ်လောက်နားလိုက်ပေါ့ "

မင်းမြတ်ပြောတာကို ထောက်ခံသည့်သဘောနှင့် သန့်ပိုင်ခေါင်းညိတ်မိသည်။ တကယ်ပင် သူ့ခေါင်းထဲကို စာတွေအတင်းထိုးသိပ်ထည့်နေပါသော်လည်း ဘာမှခေါင်းထဲစွဲမြဲသွားတာမရှိပေ။ နားလိုက်တာကအကောင်းဆုံးဖြစ်ပါ၏။

" ကိုယ်သီချင်းဆိုပြရမလား "

သန့်ပိုင် အံ့ဩသလိုကြည့်ကာ

" ဟင်... မင်းက သီချင်းဆိုတတ်လို့လား "

" အထင်သေးလိုက်တာကွာ ... မင်းရည်းစားက သီချင်းလည်းဆိုတတ်တယ်၊ ဂစ်တာလည်းတီးတတ်ပါတယ်။ ကိုယ်ဆိုပြရမလား "

သန့်ပိုင် ပုတ်သင်ညိုလေးလို ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။ သန့်ပိုင်သီချင်းဆိုတတ်တာ အရင်ကမသိခဲ့ပေ။ အနှီလူဟာ သိုဝှက်လွန်းပါ၏။

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Wo Geschichten leben. Entdecke jetzt