🎶 La la la la la ...
La la la la la la la la la ~~
Tonight , we gon' be it on the floor 🎶
Sound box ကနေထွက်လာတဲ့အသံက တစ်ခန်းလုံးကိုပျံ့လွင့်နေသည်။ စာရေးခုံတွေကို ဘေးမှာကပ်ထားပြီး အလယ်က ကွက်လပ်လေးမှာ စုဝေးပြီး စည်းချက်အလိုက် ကနေကြတာ ကလပ်ကိုရောက်နေသည့်အတိုင်း ...
ဆရာမတွေကလည်း ပျော်ပါစေတော့ဆိုပြီး ဒီနေ့တစ်ရက်တော့ လွှတ်ထားပေးလေသည်။ တချို့က ကျောင်းဝတ်စုံနဲ့ပင်ဖြစ်ပြီး တချို့ကတော့ အပြင်ဝတ်တွေနှင့် ... ကထိန်မှာကဲရအောင် အပြင်အင်္ကျီတွေပါ ထည့်ယူလာကြတာဖြစ်သည်။
မနက်ပိုင်း ကျောင်းဝတ်စုံနှင့် လုပ်စရာရှိတာတွေ ကူလုပ်ပေးပြီး တခြားအတန်းကဆရာမတွေကို မုန့်တွေလိုက်ပို့ပေးကာ အကုန်ပြီးသွားတော့မှ အပြင်ဝတ်စုံယူလာခဲ့သူတွေက သန့်စင်ခန်းထဲသွားကာ အဝတ်လဲလာကြခြင်းပင်။
မိန်းကလေးတွေကလည်း ပုံမှန်မြင်နေကျ အင်္ကျီအဖြူ၊ လုံချည်အစိမ်းတို့နှင့် ဆန့်ကျင်စွာ ဂျင်းဘောင်းဘီအရှည်နှင့် စတိုင်မိမိုက်စွာ စာသင်ခန်းရဲ့အလယ်တွင် သံစဉ်များနှင့်ကခုန်လျက် ...
" မင်းရော မကဘူးလား "
" မကချင်ပါဘူး "
" ရှက်လို့လား ငါ့ညီရ ! ရှက်ရင်လည်း ဒီနားမှာပဲ ခေါင်းလေးတလှုပ်လှုပ် လုပ်နေပေါ့။ ဟိုမှာ မင်းမြတ်တို့အတွဲလည်း အဲ့လိုပဲ တွေ့လား ... "
ခန့်ဇော်ညွှန်ပြရာကိုကြည့်လိုက်တော့ လက်ချင်းတွဲကာမြှောက်ကာနှင့် စည်းချက်ညီနေကြသည့် မင်းမြတ်နဲ့သန့်ပိုင်ကို တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်ဘေးမှာလည်း မတ်တပ်ရပ်ရင်း စကားပြောနေကြသည့် သူရိန်ခန့်ညားနှင့် ဇေယျာလင်းထက်တို့ရှိနေ၏။ သူရိန်က ခေါင်းငုံ့ကာ ဇေယျာ့နားနားလေး တစ်ခုခုကပ်ပြောလိုက်တော့ ဇေယျာလင်းထက်တစ်ယောက် ပြုံးသွားကာ သူရိန့်ကိုပြန်ကြည့်နေသည်။ နှစ်ဦးသားရဲ့လက်တွေကလည်း တခါတလေ လက်ဖမိုးချင်း မထိတထိနဲ့ ၊ တခါတလေကျ မတော်တဆလိုလို လက်ဖဝါးနှစ်ဖက် ယှက်ဖြာသွားတတ်ကြသေး၏။
အကြောင်းမသိသူတွေကတော့ ထူးဆန်းနေမှာပေမဲ့ မင်းမြတ်တို့ဘေးမှာရပ်နေကြသည့် ရူပါဖြိုးနှင့် ပြည့်ဖြိုးသူတို့ကတော့ ထိုနှစ်ဦးကို အခြားသူတွေမမြင်ရန်အလို့ငှာ ရှေ့ကနေပိတ်ရပ်ပြီး ကာပေးထားကြတာကိုတွေ့ရသည်။
ESTÁS LEYENDO
သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅ ]
Novela JuvenilHe Is The Only One I Love The Most { Own Creation } သူသာလျှင် အချစ်ဆုံးပေမို့ (သူသာလျှင် အချစ်ဆုံးပေမို့) Start Date ..... 22.2.2022 End ..... 27.5.2024 Boy × Boy Written with both Unicode and Zawgyi fonts
![သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅ ]](https://img.wattpad.com/cover/281276295-64-k837661.jpg)