" ပြန်လာပြီလား ... အိမ်စောင့်ပေးအုံး။ အမေသွားစရာရှိလို့ ညကျဗိုက်ဆာရင် ကိုယ့်ဘာသာခူးစားလိုက်တော့နော် "
ပိုက်ဆံအိတ်ကိုလွယ်ကာ မျက်မှန်ကိုကောက်တပ်ရင်း ဒေါ်ချိုချိုသက်ပြောလိုက်သည်။ သူရိန်လည်း ခေါင်းညိတ်ပြလိုက်ပြီး အခန်းထဲကိုသာ တန်းတန်းမတ်မတ်ဝင်ခဲ့၏။ ဒီအချိန် သူမှဗိုက်မဆာသေးတာလေ။
အခန်းထဲရောက်တော့ လွယ်အိတ်ကိုချရင်း ဖုန်းကိုထုတ်ကာ ဇေယျာ့ဆီဖုန်းခေါ်လိုက်သည်။ ယျာယျာတစ်ယောက် ဒီအချိန် ထမင်းစားနေလောက်ပြီလား ...
🎶 You're all I ever need ...
Baby, you're amazing ...
You're my angel come and save me 🎶
စာစီစာကုံးရေးနေတုန်း Ringtone သံကိုကြားရသဖြင့် ဇေယျာဖုန်းကိုကြည့်လိုက်တော့ ခေါ်ဆိုသူက သူရိန် ...
ဒီ Ringtone ဟာ သူရိန့်အတွက် သီးသန့်ထားထားတာပင်။
" ဟယ်လို ... သူရိန် ပြောလေ "
" အခုဘာလုပ်နေလဲ "
လေလိုင်းကတဆင့် ရောက်ရှိလာသည့်သူရိန့်အသံသည် ခပ်အေးအေးနှင့် ကြားရမိသူအတွက် စိတ်နှလုံးကို တည်ငြိမ်အေးချမ်းသွားအောင် ပြုစားနိုင်စွမ်းရှိ၏။ ချိုမြိန်အေးချမ်းသော သူရိန့်အသံဟာ ဇေယျာလင်းထက်၏ နားစည်မှသည် နှလုံးအိမ်အတွင်း အနက်ရှိုင်းဆုံးနေရာဆီသို့ ...
အခုန်မြန်နေသည့်ရင်အစုံကို လက်နှင့်ဖိကပ်ထားရင်း
" ငါ... ငါအခုစာရေးနေတာ။ မင်းရော ဘာလုပ်နေလဲ "
" ကိုယ်က ယျာယျာ့ကိုထိုင်လွမ်းနေတာ "
ကျရှုံးနေပြီးသားဖြစ်တာတောင် ထပ်မံရှုံးနိမ့်စေမည့်စကားကို ဆိုလာပြန်သည်။
" လိမ်တယ် ... "
" ဟောဗျာ ... လိမ်စရာ ဘာပါလို့လဲကွာ။ အခုပဲ သတိရလို့ဖုန်းလှမ်းဆက်လိုက်တာကို။ မယုံဘူးလား ကိုယ့်ကို "
" မယုံပါဘူး "
" မယုံရင် ကျောင်းကျ နှစ်ကိုယ်ကြား တိုးတိုးလေးကပ်ပြောပြမယ်။ ဒါနဲ့ မနက်ဖြန်ဆို အဆင့်တွေစိရပြီနော် ပေးထားတဲ့ကတိကို မမေ့သေးဘူးမလားဇေယျာလေး "
ВЫ ЧИТАЕТЕ
သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅ ]
Подростковая литератураHe Is The Only One I Love The Most { Own Creation } သူသာလျှင် အချစ်ဆုံးပေမို့ (သူသာလျှင် အချစ်ဆုံးပေမို့) Start Date ..... 22.2.2022 End ..... 27.5.2024 Boy × Boy Written with both Unicode and Zawgyi fonts
![သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅ ]](https://img.wattpad.com/cover/281276295-64-k837661.jpg)