အချပ်ပို

1.1K 29 7
                                        

" သန့်ပိုင်လေး ဗိုက်ဆာနေပြီလား "

အိမ်ပြန်ရောက်ရောက်ချင်း ကြင်နာသူလေးကိုရှာဖွေရသည်ကလည်း ဘယ်တော့မှရိုးမသွားမယ့် လုပ်ရိုးလုပ်စဉ်တစ်ခု ...

ဒီနေ့ သူပြန်ရောက်တာ စောသေးတာမို့ အနှီကြွက်ညိုလေးက အခန်းထဲမှာပဲ ဂိမ်း‌နှိပ်နေလောက်သည်။ ဆောင်ထားသည့် သော့ပိုတစ်ချောင်းနှင့် ကိုယ့်ဘာသာပဲ သော့ဖွင့်ပြီးဝင်ခဲ့လိုက်၏။ သူခေါ်သံကို မကြားပုံအရဆို အတော်ဈာန်‌ဝင်နေသည့် အခြေအနေပင်။

မင်းမြတ်နဲ့သန့်ပိုင်တို့က အိမ်ပေါ်ကဆင်းလာကတည်းက အတူနေကြတာဖြစ်သည်။ နှစ်ဖက်မိဘတွေကလည်း သူတို့ကို အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရသည့်ဘဝက ဘယ်လောက်ပင်ပန်းသလဲဆိုတာ သိစေချင်သည့်အပြင် အချစ်က ဘဝကြီး ရှင်သန်နေထိုင်ရေးအတွက် ဘယ်လောက်မှအရေးမပါဆိုတာကိုပါ သဘောပေါက်စေချင်သည့်အတွက် အိမ်ပေါ်မှနှင်ချကာ နောင်တရမယ့်အချိန်ထိ စောင့်ဆိုင်းနေကြပါသော်လည်း မင်းမြတ်တို့နှစ်ယောက်ကတော့ အချိန်ပိုင်းအလုပ်ကိုယ်စီနှင့် ချစ်ရသူနဲ့အတူတူနေရင်း ပျော်ရွှင်အေးချမ်းနေကြသည်။

သန့်ပိုင်အမွေရထားသည့် ပိုက်ဆံများကိုလည်း လုပ်ငန်းတစ်ခုမှာ ရင်းနှီးထားကြတာမို့ ထိုနေရာကနေလည်း အမြတ်အစွန်းတချို့ ရရှိနေပြီဖြစ်သည်။

မိဘတွေမှာ အချိန်တစ်ခုကြာအောင်အထိ မှားကြောင်းဝန်ခံကာ တောင်းပန်လာမည့် သားဖြစ်သူတွေကို စောင့်မျှော်နေကြပါသော်လည်း အထင်နှင့်အမြင် တပ်တပ်စင်အောင် လွဲခဲ့လေသည်။

အနှီလူသားနှစ်ဦး အဆင်ပြေနေကြသည်ကို တွေ့ကြပြန်တော့ သူတို့ကပဲ အရမ်းကြီးအတ္တကြီးနေမိသလားဆိုပြီး ပြန်လည်တွေးတောမိကြသည်။ ကြားထဲတွင်လည်း မင်းမြတ်နဲ့သန့်ပိုင်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် မိဘများနှင့် အနေစိမ်းသွားကာ စကားလုံးဝမပြောဖြစ်တော့သည့် ဆက်ဆံရေးမှ ‌အိမ်သို့ ဝင်ထွက်သွားလာကြသည့် အခြေအနေသို့ပင် ရောက်ရှိခဲ့လေသည်။

ဒီပုံစံအတိုင်းဆို နှစ်ဖက်စလုံးက သူတို့ကိုလက်ခံပေးဖို့ဆိုတာ သိပ်မဝေးတော့ပေ။ အကောင်းဘက်ကိုဦးတည်နေသည့် အခြေအနေတွေကို တွေးမိလေတော့ အခန်းသို့သွားရာလမ်းတလျှောက်မှာ မင်းမြတ်တစ်ယောက် ပြုံးပန်းများဝေလို့ ...

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Donde viven las historias. Descúbrelo ahora