💚ဇာတ်သိမ်းပိုင်း💚

1.2K 23 3
                                    

တိုင်းတစ်ပါးမှာစာသင်နေရတာမို့ အခက်အခဲတွေတော့ရှိသည်။ အဓိကကတော့ Language ပိုင်းပင်။ သူရိန့်ကိုတွေ့ချင်စိတ်တစ်ခုထဲနဲ့သာ အရဲစွန့်လာခဲ့တာဖြစ်ပြီး သူဟာ သက်ဆိုင်ရာဘာသာစကားကိုတော့ အရမ်းကြီးတတ်ကျွမ်းမနေခဲ့။ အထိုက်အလျောက် ကျောင်းကလက်ခံနိုင်တဲ့ အခြေအနေတစ်ခုမှာတော့ရှိပါ၏။ သို့ပါသော်လည်း သူ့အတွက် ခက်ခဲသည်ကတော့အမှန်ပင်။

ကိုယ့်အမိမြေမှာတောင် စာလုပ်ပျင်းသည့်သူက ယခုအခါမှာတော့ အသည်းအသန်ကြိုးစားနေရသည်။ ပညာရေးမှာလည်း အာရုံစိုက်ရင်း ကြင်ယာရေးမှာလည်း အားထုတ်ရင်းပေါ့။

ဒီနေ့နဲ့ဆို သူရိန်နဲ့မတွေ့ရတာ တစ်ပတ်ရှိပြီဖြစ်၏။ အရင်တစ်ခေါက်ပြီးကတည်းက မဆုံဖြစ်တော့တာပင်။ သူက ဆယ်တန်းလည်း တစ်နှစ်နားထားပြီး ဆယ်တန်းအောင်ပြီးမှ ဒီကိုရောက်လာတာမို့ အတန်းတူနေတာတော့ မဖြစ်နိုင်။ ကျောင်းစာကြည့်တိုက်မှာများ ရှိနေလောက်လားဆိုသည့် မျှော်လင့်ချက်ရေးရေးလေးနှင့် ထွက်လာခဲ့မိတာ မှန်သွားသည်။ တကယ်ကိုပင် သူရိန်ခန့်ညားက စာကြည့်တိုက်ရဲ့ ထောင့်‌တနေရာမှာ တည်တည်ငြိမ်ငြမ်ထိုင်နေပါ၏။

" သူရိန် ... "

အနားကိုသွားပြီး ခပ်တိုးတိုးခေါ်မိတော့ ခေါင်းကိုအသာမော့ကြည့်လာသည်။ ခဏတာမျှသာ ... ပြီးတာနဲ့ စာအုပ်ဆီ အာရုံပြန်ရောက်သွား၏။

" သူရိန် ... ငါ ... "

စကားမဆုံးသေးခင်မှာပဲ စာအုပ်ကိုစားပွဲပေါ်တင်ကာ မတ်တပ်ထလိုက်သည့်သူရိန့်ကြောင့် သူပါ အယောင်ယောင်အမှားမှား သတိအနေအထားစွဲကပ်လျက်သား ...

" အပြင်သွားမယ် "

တစ်ခွန်းမျှသာပြောပြီး ရှေ့ကထွက်သွားသူနောက်ကို အပြေးလိုက်ရသည်။ ကြည့်ရတာ သူရိန်က စာကြည့်တိုက်ထဲ တခြားသူတွေ အနှောင့်အယှက်မဖြစ်စေချင်လို့ ရှောင်ထွက်ခဲ့ပုံပင်။

" တကယ်ကိုပဲ ဘာဖြစ်‌ချင်နေတာလဲဇေယျာလင်းထက် "

လူရှင်းသည့်နေရာရောက်ရောက်ချင်း အမေးခံလိုက်ရသည့် မေးခွန်းကြောင့် ရင်ထဲမှာခါးသက်သက် ... သူရိန်က သူ့နောက်လိုက်တာကို မကြိုက်ဘူးလား ...

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Tempat cerita menjadi hidup. Temukan sekarang