နေရာမှာရှိသည့် မင်းမြတ်မှာလည်း အမြဲတမ်း ခေါင်းလေးငုံ့နေတတ်သည့် သန့်ပိုင်က သူ့ကိုပြန်အော်လာသည်မို့ နှုတ်ဆိတ်သွားသည်။
ဟုတ်သားပဲ ... သန့်ပိုင်ကို သဝန်တိုတာမလို့ သူငယ်ချင်းတွေရှေ့လည်းမရှောင်ပဲ ဆူငေါက်ပြီး ချုပ်ချယ်နေခဲ့တာ။ တကယ်တမ်းမှာ သူတို့က ဘာမှလည်းမဆိုင်ပါလား .. ကြည့်ရတာ ငြိမ်ခံနေရပါများလို့ သန့်ပိုင်ရဲ့ ရင်ထဲက အစိုင်အခဲကြီးက ပေါက်ကွဲလာပုံရသည်။ ကြောင်ကလေးတွေတောင်မှ ချောင်ပိတ်ပြီးရိုက်ရင် ပြန်ကုတ်တတ်သေးတာပဲမဟုတ်လား ... သန့်ပိုင်ကလည်း သူက အနိုင်ကျင့်နေသလိုဖြစ်နေတာမို့ နောက်ဆုံး မကျေနပ်ချက်တွေ ပွင့်အံလာသလိုပင်။
မင်းမြတ်က ဘာမှမပြောတာမြင်တော့ သန့်ပိုင် ဆက်ပြောလိုက်သည်။
" ရှေ့လျှောက် မင်းအနိုင်ကျင့်တာ မခံတော့ဘူးမင်းမြတ်။ အစက မင်းတို့ကို ကျောင်းရဲ့ ရန်သွားမစသင့်တဲ့ အဖွဲ့ထဲကမလို့ ရှောင်နေခဲ့တာ။ ပြီးတော့ ငါကိုယ်တိုင်ကလည်း ရန်ပွဲတွေကိုမကြိုက်လို့ ဝေးဝေးကရှောင်နေခဲ့တာ။ ခုတော့ အဲ့လိုမရတော့ဘူး ။ မင်း ငါ့ကို ဘာမှလာချုပ်ချယ်စရာမလိုဘူး ! မင်းစကားကို နားမထောင်တော့လို့ဆိုပြီး ငါ့ကို တစ်ချက်ထိုးရင် ငါက ပြန်ထိုးတော့မှာ ! မင်းပြောသမျှ နာခံစရာလည်း အကြောင်းမရှိဘူး ။ အရင်က ကြောက်ပေမဲ့ ခုတော့ မကြောက်တော့ဘူး ! ငါ့ကို လာအမိန့်ပေးနေရအောင် မင်းက ဘာမလို့ .. "
" မင်းကိုချစ်လို့ .. "
" ..... "
သူ့စကားမဆုံးခင် ဖြတ်ပြောလာတဲ့ မင်းမြတ်ကြောင့် သန့်ပိုင် ကြောင်သွားသည်။ ဘာကြီး ??
" ငါမင်းကိုချစ်လို့ သန့်ပိုင်။ မင်းဘက်က ယောကျာ်းလေးချင်းသဘောကျတာကို လက်ခံနိုင်လားမသိပေမဲ့ ငါက ဂေးတစ်ယောက်။ ပြီးတော့ ငါမင်းကိုချစ်တယ်။ မင်းကို မိန်းကလေးတွေနဲ့တွဲတွေ့ဖို့ ငါမတွေးရဲဘူး။ မြင်လည်းမမြင်ချင်ဘူး ။ မင်းက ငါ့ကို ကြောက်တယ်ဆိုတာသိလို့ ငါမင်းကို မိန်းကလေးတွေနဲ့မပေါင်းရအောင်၊ ရည်းစားမထားရအောင် ချုပ်ချယ်ခဲ့တာ။ ငါက အတ္တနည်းနည်းကြီးတယ် သန့်ပိုင်။ မင်းကငါ့ရဲ့ အချစ်ဦးဖြစ်သလို ငါကလည်း မင်းရဲ့အချစ်ဦးဖြစ်ချင်ခဲ့တာမို့ မင်းရည်းစားထားမှာကို ငါတားခဲ့တာ။ မင်းရဲ့အရင်ကျောင်းမှာတုန်းက မင်းမှာရည်းစားရှိလားမရှိလားမသိပေမဲ့ အခု ငါ့မျက်စိရှေ့မှာတော့ ငါချစ်တဲ့မင်းကို တခြားမိန်းကလေးတွေနဲ့ တွဲပြီးမမြင်ချင်ဘူးရယ် "
ESTÁS LEYENDO
သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅ ]
Novela JuvenilHe Is The Only One I Love The Most { Own Creation } သူသာလျှင် အချစ်ဆုံးပေမို့ (သူသာလျှင် အချစ်ဆုံးပေမို့) Start Date ..... 22.2.2022 End ..... 27.5.2024 Boy × Boy Written with both Unicode and Zawgyi fonts
![သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅ ]](https://img.wattpad.com/cover/281276295-64-k837661.jpg)