အခန်း ( ၁၅ )

692 27 0
                                        

Unicode

ဇေယျာတစ်ယောက် ကျောင်းကိုလိုက်ပို့ပေးသည့် ဖခင်ဖြစ်သူကို လက်ပြနှုတ်ဆက်လိုက်ပြီး ကျောင်းဝန်းထဲဝင်ခဲ့သည်။ ‌ဒီတစ်ခေါက်တော့ ဖခင်ဖြစ်သူက ဘောလုံးကွင်းနဲ့နီးတဲ့ ကျောင်းဝင်ပေါက်မှာပဲ ချခဲ့သဖြင့် သူ့အခန်းကိုရောက်ဖို့ အနှီဘောလုံးကွင်းကျယ်ကြီးကို ဖြတ်ရပေအုံးမည်။

ကျောင်းမတက်သေးသဖြင့် ဘောလုံးကွင်းထဲမှာ ပြေးလွှားဆော့က‌စားနေကြသည့် အငယ်တန်းလေးတွေလည်း ရှိနေပါသေး၏။ ကလေးတွေကို တိုက်မိမည်စိုးသဖြင့် ဘေးကနေ ကွေ့ရှောင်ကာ သတိထားပြီးလျှောက်နေရသည်။

မနက်ရှစ်နာရီသာရှိသေးသော်လည်း ကျောင်းကို အစောကြီးလာနေကြသည့် ကလေးတစ်သိုက်ဟာ ဝီရိယကောင်းလှပေစွ ...

သူကတော့ ဒီနေ့ သူ့အသင်းနေ့မဟုတ်သော်လည်း သူရိန့်အသင်းနေ့မို့ စောစောလာခဲ့ခြင်းသာ ...

မိခင်ဖြစ်သူထည့်ပေးလိုက်တဲ့ ထမင်းခြင်းလေးကို လက်ကကိုင်ရင်း အခန်းပေါက်ဝကိုရောက်တော့ သူ့ထက်စောစွာရောက်နေတဲ့ သန့်ပိုင် ...

~ ဒီကောင်က သူ့အသင်းလည်းမဟုတ်ပဲနဲ့ ဘာလာလုပ်တာပါလိမ့် ... ‌သူရိန်တောင် မရောက်သေးတာကို သူကအစောကြီး ... ~

သန့်ပိုင်ကလည်း သူ့ကို အခုလို တွေ့ရမည်မထင်ထားသည့်ပုံ ။ မျက်လုံးလေးဝိုင်းကာ ကြည့်နေလေသည်။

" ဇေယျာ ... မင်းက ဘယ်လိုလုပ်ရောက်လာတာလဲ "

ဇေယျာက လက်ထဲက ထမင်းခြင်းကို ထမင်းချိုင့်စင်ပေါ်  တင်လိုက်ရင်း

" မင်းကရော ဘယ်လိုလုပ်ရောက်လာတာလဲ ! ပုံမှန်ဆို ငါ့ထက်နောက်ကျမှရောက်တတ်တဲ့သူက "

" ငါ ... ငါ့အိမ်က ဒီနေ့ စောစောလာပို့သွားလို့လေ။ မင်းကရော "

သန့်ပိုင် ညာပြောလိုက်သည်။ သူရိန့်အသင်းနေ့မို့ မင်းမြတ်ကလည်း စောစောလာမည်ဟု ပြောထားလေရာ သူကလည်း ယခုလို ရှစ်နာရီမတိုင်ခင်ကတည်းက ရောက်နေခြင်း ...

အလုပ်ကူလုပ်ပေးဖို့ပဲဖြစ်သည်။ ချိန်း‌တွေ့ဖို့လာတာ လုံးဝမဟုတ်ရပေ ... အဟမ်း !

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Onde histórias criam vida. Descubra agora