အခန်း ( ၁၇ )

572 27 2
                                    

ကျောင်းကိုသွားမယ့် ဇေယျာလင်းထက်တစ်ယောက် ရင်တွေအခုန်မြန်နေသည်။ သူရိန်နဲ့တွေ့ရမှာမို့ အရင်ကထက်ပိုပြီး ပြင်ဆင်နေမိ၏။ အပေါ်ထပ်အင်္ကျီကိုတောင် ခုထိရွေးလို့မပြီးသေးပေ။ စာမေးပွဲဖြေရမှာကို ဘယ်လိုမှမနေပဲ သူရိန်နဲ့တွေ့ရမှာကိုတော့ သူ့မှာ အလွန်စိတ်လှုပ်ရှားနေလျက် ...

ကျူရှင်မှာတွေ့ရပေမယ့် စကားပြောချိန်မရလိုက်ပေ။ နှစ်ယောက်သား အကြည့်နဲ့သာ ပြောချင်တာတွေဖလှယ်ခဲ့ရသည်။ ရည်းစားထားဖူးပေမဲ့လည်း စိတ်လှုပ်ရှားပြီး ရှက်နေတာကတော့ ဒါကပထမဆုံးပင်။ သူရိန်လည်း သူ့လိုပဲဖြစ်နေမလား ...

" သားရေ ... စာမေးပွဲဖြေရမှာဆို ကျောင်းကိုစောစောသွားထားနှင့်လေ "

အရင်က စာမေးပွဲဖြေရမယ့်ရက်ဆို မနက် ၈နာရီလောက်ကတည်းက ရောက်နေတာမို့ မေမေက အခုလိုသတိပေးခြင်းသာ။ သူကလည်းသူပင် ... သူရိန်နဲ့တွေ့ဖို့အရေး အပေါ်ထပ်အင်္ကျီရွေးနေရတာနဲ့ (၈)နာရီကျော်နေလေပြီ။

" ဟုတ် ... သားအခုပဲသွားတော့မလို့ "

" အေးအေး ... ရှေ့မှာဖေဖေစောင့်နေတယ်နော် "

" ဟုတ်မေမေ ... သားသွားပြီနော် "

" အမှတ်ပြည့်ရအောင်ဖြေခဲ့နော်သားလေး "

မေမေဟာအရင်ကအတိုင်းပါပဲ။ စာမေးပွဲဖြေဖို့ အိမ်ကထွက်တိုင်း ထိုသို့ပြောသည်သာ .... ပြောတိုင်းလည်း ဇေယျာက မသိချင်ယောင်ဆောင်ကာ ဖခင်ဖြစ်သူနောက်က လိုက်သွားခဲ့သည်။ သို့သော် ဒီတစ်ခါမှာတော့ မတူတော့ပေ။ ဇေယျာ့တွင် ယုံကြည်မှုအပြည့်ရှိနေတာကြောင့်

" ဟုတ်မေမေ ! သား အမှတ်ပြည့်ရအောင်ဖြေခဲ့မယ် ! "

အချစ်ကပေးတဲ့အားတွေကြောင့် အသံကျယ်ကျယ်အော်သွားတဲ့သူ့ကိုကြည့်ရင်း မေမေက ကြောင်နေလျက်သား ကျန်ခဲ့တော့၏။

×××××××××××××××

" သူရိန် ... ဟိုမှာမင်းဟာလေးလာပြီ "

စာပြန်နွှေးနေတဲ့သူရိန့်ကို ခန့်ဇော်ကလက်တို့၏။ စာရွတ်နေရင်း ခန့်ဇော်ညွှန်ပြရာကိုကြည့်လိုက်တော့ မြောက်ကြွမြောက်ကြွလေးနဲ့ လျှောက်လာတဲ့ ကြွက်ဖြူလေး ...

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Donde viven las historias. Descúbrelo ahora