" ကဲ စုံညီပွဲတော်လည်း နီးလာပြီဆိုတော့ အဖွင့်သီချင်းဆိုဖို့အတွက် ဆရာမ လူရွေးထားလိုက်မယ်နော် "
ကျောင်းစုံညီပွဲတော်ရောက်တိုင်း ဆရာမတွေက ဈေးရောင်းပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ပူးတွဲကျင်းပလေ့ရှိသည်။ ဆုပေးပွဲတွင် အဖွင့်သီချင်းအနေနဲ့ မြန်မာ့ကျောင်းသားသီချင်းကို နှစ်တိုင်းလိုလို သီဆိုကြသည်သာ။
အတန်းပေါင်းစုံမှ ကျောင်းသူလေးတွေကတော့ ဆုပေးပွဲကျင်းပရာ ခန်းမဆီသို့ လာရာလမ်းတလျှောက်တွင် ညီညီညာညာစီတန်းလျက် ကျောင်းအုပ်ဆရာမကြီးနှင့်တကွ အခြားသော ကျောင်းအကျိုးတော်ဆောင်များနှင့် ဝန်ကြီးများ ကြွရောက်မည့်အချိန်တွင် စည်းချက်နှင့်အညီ ကပြဖျော်ဖြေရင်း ခရီးဦးကြိုပြုကြရသည်။
ယခုနှစ်မှာလည်း စုံညီပွဲတော်အတွက် အကပါမည့်သူများနှင့် ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ကြမည့်သူများကို နာမည်စာရင်းကောက်ခံလျက်ရှိနေသည်။
သူရိန်တို့အတန်းပိုင်ဆရာမသည်လည်း အဖွင့်သီချင်းသီဆိုပေးရန်အတွက် လူရွေးနေလေသည်။
" ဒီတခါ အဖွင့်သီချင်းက ' ဘက်စုံပညာကိုရည်တို့လှမ်းချီ ' တဲ့ သားတို့။ သူရိန်၊ မင်းမြတ်၊ ခန့်ဇော်၊ ဇေယျာ၊ သန့်ပိုင်၊ ညီမင်း၊ ရှိန်းထက်၊ ထက်ဦး၊ ရူပါဖြိုး၊ ပြည့်ဖြိုးသူ၊ နန္ဒာလင်း၊ စုမြတ်၊ သူသူထက် ... "
ဆရာမက အတန်းထဲ ဝေ့ဝဲကြည့်ကာ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ နာမည်ကိုခေါ်သည်။
" သားတို့သမီးတို့က အဖွင့်သီချင်းဆိုရမယ့်ထဲ ပါတယ်နော်။ ယောက်ျားလေးတွေက အင်္ကျီလက်ရှည် လည်ကတုံးနဲ့ တိုက်ပုံအင်္ကျီဝယ်ထားကြနော်။ မိန်းကလေးတွေက ရင်ဖုံးအင်္ကျီလက်ရှည်၊ ပုဝါအစိမ်း ဝယ်ထားကြနော်။ မရှိသေးတဲ့သူတွေလည်း အမှီချုပ်ထားကြ။ အကုန်လုံး တူတူဝတ်ရမှာ။ ခဏနေကျရင် သီချင်းတိုက်ဖို့ မီဒီယာခန်းထဲမှာစုမယ်။ ရူပါဖြိုး ... သမီးကကျ အဖွင့်သီချင်းဆိုပြီးရင် ဘယ်မှလျှောက်သွားမနေနဲ့အုံးနော်။ ဗန်းကိုင်ပါသေးတယ် "
ဆုပေးပွဲမှာ ဗန်းကိုင်ရသည့် မိန်းကလေးသည်လည်း အကယ်ဒမီရွှေကြိုများနည်းတူ မျက်နှာပွင့်သည်ပင်။ သူတို့ကျောင်းရဲ့ ဗန်းကိုင်က ရုပ်ရည်ချောမောပြေပြစ်သူများကိုသာ သီးသန့်ရွေးချယ်တာဖြစ်၏။
ВЫ ЧИТАЕТЕ
သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅ ]
Подростковая литератураHe Is The Only One I Love The Most { Own Creation } သူသာလျှင် အချစ်ဆုံးပေမို့ (သူသာလျှင် အချစ်ဆုံးပေမို့) Start Date ..... 22.2.2022 End ..... 27.5.2024 Boy × Boy Written with both Unicode and Zawgyi fonts
![သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅ ]](https://img.wattpad.com/cover/281276295-64-k837661.jpg)