ဇေယျာနဲ့သန့်ပိုင်တို့နှစ်ယောက် ကျူရှင်ကိုရောက်တော့ မပြီးသေးသည့်စာများကို အမြန်ရေးကြရသည်။ ဆရာဝင်လာလို့ သူတို့အိမ်စာမပြီးသေးရင် ဒဏ်ပေးခံရမည်မဟုတ်ပါလား။ ဇေယျာတို့တက်တဲ့ကျူရှင်က တစ်ရက်ကို တစ်ခါ ခုံပြောင်းပြီးထိုင်ရသည်။
ဒီနေ့မှာတော့ ဇေယျာနဲ့ သန့်ပိုင်တို့က ရှေ့ဆုံးတန်းမှာထိုင်ရသည်။ မနက်ဖြန်ဆိုလျှင်တော့ ဒုတိယတန်းကို ပြန်ပြောင်းရမည်ဖြစ်သည်။
ဇေယျာတို့ကျူရှင်က ကိုးတန်းသီးသန့်သာ သင်တာဖြစ်ပြီး အလယ်တည့်တည့်တွင် ကျောက်သင်ပုန်းနှင့် စားပွဲရှိသည်။ စားပွဲနှင့် လေးပေအကွာတွင်တော့ role နှစ်ခုရှိပြီး အလယ်တွင် လျှောက်လမ်းနှင့် ခြားထားသည်။
ဇေယျာနဲ့ သန့်ပိုင်က ဘယ်ဘက် role ရဲ့ရှေ့ဆုံးတန်းမှာထိုင်ကြတာဖြစ်သည်။
ဇေယျာ အိမ်စာပြီးသွားသဖြင့် အညောင်းဆန့်လိုက်ရင်း ဆရာလာမည်ကို ထိုင်စောင့်နေလိုက်သည်။ သန့်ပိုင်ကတော့ ခုထိ ရေးလို့မပြီးသေး။
ကျူရှင်ချိန်က ညနေ လေးနာရီကနေ ခုနစ်နာရီထိဖြစ်တာကြောင့် ကျောင်းဆင်းတာနဲ့ အဝတ်အစားပင်မလဲနိုင်၊ အဖြူအစိမ်းနဲ့သာ ကျူရှင်ကို တန်းပြီးပြေးလာရသည်က ဇေယျာတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ဖြစ်ရိုးစဉ်လာပင်။
သို့သော်လည်း အချိန်တွေအရမ်းပိုလွန်းသဖြင့် အင်္ကျီလဲကာ ကျူရှင်ကိုလာကြသည့် အဖွဲ့တစ်ဖွဲ့လည်း ရှိသေးပေသည်။
" သူရိန်.. မင်း အိမ်စာလုပ်ပြီးပြီလား "
စကားတပြောပြောနဲ့ ထိုင်ခုံတွေရှိရာကို လျှောက်လာကြသည့် သုံးယောက်ကတော့ သူများနှင့်မတူ တမူထူးစွာပင် အဖြူအစိမ်းတို့ကို ဝတ်ဆင်ထားခြင်းမရှိ။
သူရိန်ခန့်ညားက မင်းမြတ်ရဲ့အမေးကို ပြန်ဖြေမည်ပြုစဉ် မသိစိတ်ရဲ့ လှုံ့ဆော်မှုအရ သူတို့ကို တစ်ယောက်ယောက်က လှမ်းကြည့်နေသည်ဟု ခံစားမိသဖြင့် ထိုနေရာကိုကြည့်လိုက်တော့ ဘောပင်လေးကိုင်ကာ သူတို့ရှိရာဘက်ကို ကြည့်နေသည့် ကြွက်ဖြူကောင်...
![](https://img.wattpad.com/cover/281276295-288-k837661.jpg)
ŞİMDİ OKUDUĞUN
သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅ ]
Genç KurguHe Is The Only One I Love The Most { Own Creation } သူသာလျှင် အချစ်ဆုံးပေမို့ (သူသာလျှင် အချစ်ဆုံးပေမို့) Start Date ..... 22.2.2022 End ..... 27.5.2024 Boy × Boy Written with both Unicode and Zawgyi fonts