အခန်း ( ၂၆ )

361 13 2
                                    

" ညီမင်း ... သား ညကျစားဖို့ ဟင်းယူသွားလေ "

ခန့်ဇော်က ဇွတ်အတင်းခေါ်လာတာမို့ ခန့်ဇော်အိမ်ရောက်နေတာဖြစ်သည်။ ညီမင်းကို သားအရင်းလေးလိုချစ်ပေးသည့် ခန့်ဇော်ရဲ့အမေကိုလည်း ကျေးဇူးတင်ရပါ၏။

" ရပါတယ်ဗျ ... ကျွန်တော်မယူတော့ပါဘူး "

" ဘယ်ဟုတ်မလဲသားရယ် အားနာစရာမလိုဘူးနော် သားကလည်း အန်တီ့သားလေးပဲလေ "

" ဟုတ် ... ဟုတ် ... ဒါဆို ယူသွားလိုက်မယ်နော် ကျေးဇူးအများကြီးတင်ပါတယ်ဗျ "

ခန့်ဇော်အမေနဲ့တွေ့ရင် လူလိမ္မာလေးဖြစ်သွားတတ်သည့်ညီမင်း ...

" ကျေးဇူးတင်စရာမလိုပါဘူး။ မင်း အခု အိမ်ပြန်တော့မှာမလား။ ငါလိုက်ပို့ပေးမယ် လာ "

ခန့်ဇော်အမေကိုနှုတ်ဆက်ပြီးနောက် ထမင်းနဲ့ဟင်းတွေ အပြည့်ထည့်ပေးလိုက်သည့် ချိုင့်လေးကိုယူရင်း အိမ်ကိုပြန်လာခဲ့သည်။ မိခင်ဖြစ်သူဆီက မရရှိခဲ့တဲ့ မေတ္တာတရားတွေကို ခန့်ဇော်မိခင်ကတော့ ဖောဖောသီသီပေးနေတာမို့ ညီမင်းပျော်ရွှင်မိပါ၏။

" ခန့်ဇော် ... "

" ဟင် "

" မင်းအမေက အရမ်းသဘောကောင်းတာပဲ "

" သူ့သားကရော "

ညီမင်းရှေ့မှာပိတ်ရပ်ကာ မေးလာတဲ့ ခန့်ဇော် ...

" သူ့သားကတော့ သူနဲ့တခြားစီပဲ‌။ ဆီနဲ့ရေ ... "

" ချစ်ညီလေး ... မင်းက အားကိုးရှိပြီဆိုတော့ ငါ့ကိုပလစ်တော့မယ်ပေါ့လေ "

" ဟီးဟီး "

လူဆိုးလေးရဲ့ သွားစွယ်လေးတွေကို ဒုတိယအကြိမ်မြင်ရခြင်း ...

ရယ်ဖို့ကိုတောင် တွန့်တိုတတ်တဲ့ လူဆိုးလေးကြောင့် သွားစွယ်လေးတွေကို မမြင်ရသည်မှာ ကြာနေပြီဖြစ်သည်။

" ညီ ... မင်းက ရယ်နေရင်ဒီလောက်လှတာ။ ဘာလို့အမြဲဆူပုပ်နေတာလဲကွာ "

ခန့်ဇော်က မိန်းမောစွာကြည့်ရင်းပြောတော့ ညီမင်း ရုပ်ကိုပြန်တည်လိုက်ကာ

" ငါ့ဘာသာ မရယ်ချင်လို့ကိုမရယ်တာကွာ "

" ဟူး ... ခက်တယ် ခက်တယ် "

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Nơi câu chuyện tồn tại. Hãy khám phá bây giờ