Unicode
မုန့်ဈေးတန်းကိုရောက်တော့ ခန့်ဇော်တို့က ဆိုင်ရဲ့ အတွင်းဘက်မှာ နေရာဦးပေးထားလေသည်။
" မြန်မြန်လာ ဒီမှာ ငါနေရာဦးပေးထားတယ် "
ဇေယျာတို့နှစ်ယောက်ကို ပေါ်ပြူလာဖြစ်သည့် သူရိန်တို့နဲ့ တွဲကာတွေ့လိုက်ရတော့ ကောင်မလေးတွေက ကွက်ကြည့် ကွက်ကြည့် ...
ညီမင်းထင်တာ တချို့တဝက်ကတော့မှားလေသည်။ ကျောင်းကမိန်းကလေးတွေထဲမှာ ယောကျာ်းလေးချင်းသဘောကျတာကို ထောက်ခံအားပေးသည့် ကျောင်းသူများလည်း ပါပေသည်။
ယခု သူရိန်နဲ့ ဇေယျာတို့နှစ်ယောက်က ဘာမှမဆိုင်သော်လည်း ကောလဟလထွက်ဖူးတာကြောင့် သူရိန်နဲ့ဇေယျာတို့ကို တွဲပြီးတွေ့လိုက်ရ၍ ကောင်မလေးတချို့ရဲ့ မျက်လုံးလေးတွေက အရောင်တလက်လက် ...
ဆိုင်က သေးသေးလေးဖြစ်တာကြောင့် မှန်ကောင်တာတင်သည့် စားပွဲရှည်မှာသာ ထိုင်စားလို့ရသည်။ အတွင်းဘက်မှာ စားပွဲခုံအပုလေးနှင့် ခုံပုလေးတွေလုပ်ပေးထားသော်လည်း တစ်ဝိုင်းသာရှိ၏။ ခုံမရတဲ့သူတွေကတော့ မတ်တပ်ရပ်ပြီး စားရသည်သာ ...
ခန့်ဇော်က ဘယ်လိုလုပ်လိုက်သည်မသိ။ တစ်ဝိုင်းထဲရှိသောနေရာကို သူတို့ရလေသည်။
သူရိန်နဲ့ဇေယျာက ဆိုင်ထဲဝင်သွားတော့ ခန့်ဇော်တို့သုံးယောက်က နေရာယူပြီးသားဖြစ်လေသည်။ လွတ်နေတဲ့နှစ်ခုံက ဘေးချင်းကပ်လျက်ပင် ...
သို့နှင့် သူရိန်တို့က ဘာမှတွေးမနေတော့ပဲ ရတဲ့နေရာမှာသာ ဝင်ထိုင်လိုက်ကြသည်။ သန့်ပိုင်ကတော့ ဇေယျာ့ဘေးမှာဖြစ်ပြီး သူ့ရဲ့ တခြားဘေးတဘက်မှာက မင်းမြတ်ရှိနေ၏။
" မင်းတို့ ဘာစားကြမှာလဲ။ ငါတို့က ခုံမရမှာစိုးလို့ အမြန်လာလိုက်တာ။ ဘာမှမမှာထားရသေးဘူး "
မင်းမြတ်အပြောကြောင့် သူရိန် ထမင်းမှာဖို့ မတ်တပ်ထရပ်လိုက်သည်။
" ဘာမှာခဲ့ရမလဲ "
သူရိန်က အကုန်လုံးကို ခြုံပြီးမေးလိုက်သော်လည်း အကြည့်တို့က ဇေယျာ့ဆီမှာသာ ...
VOCÊ ESTÁ LENDO
သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅ ]
Ficção AdolescenteHe Is The Only One I Love The Most { Own Creation } သူသာလျှင် အချစ်ဆုံးပေမို့ (သူသာလျှင် အချစ်ဆုံးပေမို့) Start Date ..... 22.2.2022 End ..... 27.5.2024 Boy × Boy Written with both Unicode and Zawgyi fonts
![သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅ ]](https://img.wattpad.com/cover/281276295-64-k837661.jpg)