အခန်း ( ၂၅ )

686 20 1
                                        

" တောက် ! ‌အလုပ်ကလည်း အဆင်မပြေပြန်ဘူးကွာ ! ဘာဖြစ်လို့ ခုတလော ဘာပဲလုပ်လုပ် အကုန်ပျက်နေရတာလဲ "

စာလုပ်နေရင်း ဖခင်ဖြစ်သူ၏ အလုပ်အဆင်မပြေကြောင်းပြောနေသံနှင့် ဆဲဆိုသံတို့ကို ကြားနေရသည်။ ခဏနေရင် အမေကလည်း ညည်းညူပြလိမ့်အုံးမည်။ ဒါတွေဟာ သူရိန့်အတွက်တော့ မထူးဆန်းတော့ပေ။

အလုပ်မရှိတဲ့အခါကျ အကြောင်းမရှိ အကြောင်းရှာပြီး သူရိန့်ကို ဆူပူအော်ငေါက်ကြမည်ဖြစ်ပြီး သူသာ အဆင့်တွေကောင်းမနေခဲ့ရင်လည်း အလုပ်အဆင်မပြေလို့ စိတ်တိုနေတာပါ ပေါင်းပြီး ရိုက်နှက်မည်သာ။ ဤအရာတွေဟာ သူငယ်စဉ်ကတည်းက ယခုချိန်ထိပင်...

အဆင့်တွေမကောင်းရင် လူရှေ့သူရှေ့မရှောင် အော်ဟစ်ပြောဆိုတတ်သည့် မိခင်နှင့် အလုပ်မှာပြဿနာဖြစ်တိုင်း သူ့ကိုရမယ်ရှာတတ်သည့် ဖခင်တို့ကြောင့် သူရိန်ခန့်ညားဆိုသည့်သူဟာ စာကိုပိုကြိုးစားလာခဲ့ပြီး မိဘများနှင့်ဆက်ဆံရေးတွင် အလှမ်းဝေးလာခဲ့သည်။

" ကျုပ်ပွဲတည့်ခါနီးတိုင်းလည်း အဖျက်တွေ တစ်ခုမဟုတ်တစ်ခုဝင်နေတာ။ နောက်ရက်ကျ ဘုရားသွား အဓိဌာန်ပြုရအုံးမယ်။ ပါးစပ်နားရောက်ခါနီးမှ လွတ်လွတ်ကျသွားတာတော်။ ဘယ်အောက်တန်းစားတွေကများ ကျုပ်လမ်းကို ဝင်နှောက်နေလဲမသိဘူး "

" အခုလည်း ငါ ကားတည့်တော့မယ့်ဟာကို ဝယ်လက်ဘက်က မဝယ်ဖြစ်တော့ဘူးတဲ့လေ ! "

မိဘတွေ၏ စကားသံကျယ်တွေကြောင့် စာလုပ်လို့မရတော့သည့်အဆုံး ဇေယျာ့ကိုပေးဖို့ ကြယ်လေးတွေထိုင်ခေါက်နေတော့သည်။ Valentine's Day ရောက်တော့မှာမို့ သူ ဇေယျာ့ကို ကြယ်အခုရေ ၁၅၀၀ ပေးဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ ခေါက်နေခြင်း ...

အိမ်တွင်းရေးကိစ္စတွေကြောင့် စိတ်ညစ်နေသည့် သူ့အတွက် သူ့ဘဝထဲကို ဝင်ရောက်လာတဲ့ ဇေယျာလင်းထက်ဆိုသည့်လူသားလေးဟာ အိုအေစစ်လေးသဖွယ် ...

ထိုအိုအေစစ်နတ်ဘုရားလေးကို ပျော်ရွှင်စေဖို့အတွက် သူဖန်တီးပေးရအုံးမည်။

ပြည့်ခါနီးပြီဖြစ်သည့် ကြယ်ဗူးလေးကိုကြည့်ရင်း ဒါလေးကို လက်ခံရတဲ့အချိန် ဖြစ်သွားမည့် ဇေယျာ့မျက်နှာလေးကို စိတ်ကူးနဲ့မြင်ယောင်နေမိသည်။

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Место, где живут истории. Откройте их для себя