နွေရာသီဟာ ပူပြင်းပါသော်လည်း သူ့ရင်ထဲက အပူမီးကိုတော့ ယှဉ်နိုင်ခြင်းမရှိ။ ကိုးတန်းစာမေးပွဲကြီး ဖြေပြီးကတည်းက ဇေယျာနဲ့ တွေ့ခွင့်မရှိတော့သည့် သူရိန်ခန့်ညားဟာ ဘာများဖြစ်နေလို့ပါလိမ့်ဆိုသည့် စိတ်ပူပန်မှုများဖြင့် ...
Message ပို့လည်းမရ၊ ဖုန်းဆက်သွယ်ရင်လည်း ဖုန်းမကိုင်၊ ဇေယျာတို့အိမ်ဘက်ကိုသွားကြည့်သော်လည်း အရိပ်အယောင်မျှမတွေ့ရနှင့် ... သူ့ကို အဆက်အသွယ်ဖြတ်ထားသည့်ပုံ ...
💬 ကိုယ်ဘာများလုပ်ထားမိလို့လဲ ယျာလေးရယ် 💬
💬 ဖုန်းလေးကိုင်ပါအုံး 💬
💬 ကိုယ့်ကို ဘာလို့အဆက်အသွယ်ဖြတ်သွားရတာလဲ 💬
နေ့စဉ်လုပ်နေကျအတိုင်း စာပြန်သူမဲ့နေသည့် ဖုန်းနံပါတ်လေးကို သူစာတွေပို့နေမိသည်မှာ မရပ်မနားပင် ...
အကြောင်းပြချက်ဟူ၍လည်း တစိုးတစိမှ မသိရတာကြောင့် သူ့အနေနဲ့ ဖြေရှင်းချင်ရင်တောင်မှ ဖြေရှင်းခွင့်မရှိ ...
~ ဒီလိုနဲ့ပဲ ကိုယ်တို့ဝေးကြတော့မှာလား ယျာယျာ ~
" သူရိန်ခန့်ညား ! "
ကျယ်လောင်လှတဲ့အသံကြောင့် သူရိန် နောက်ကိုလှည့်ကြည့်လိုက်မိသည်။
~ ခွပ် ~
မြည်သံနဲ့အတူ ပါးရိုးတလျှောက် စွဲထင်လာတဲ့နာကျင်မှု ...
ရှေ့ကိုတည့်တည့်မတ်မတ်ပြန်ရပ်နေတော့ အဖေက မီးတဝင်းဝင်းတောက်နေတဲ့အကြည့်တွေနဲ့ သူ့ကိုကြည့်နေပါ၏။
" မိဘမျက်နှာကို အိုးမဲသုတ်တဲ့ကောင် ! "
နောက်မှလိုက်ပါလာသည့် အမေကလည်း ထပ်ထိုးဖို့ လက်ရွယ်နေသည့် အဖေဖြစ်သူကို မတား။
" ငါတို့ နင့်ကို ဘယ်လိုဆုံးမမိလို့များ ဒီလိုရှက်စရာကောင်းတာတွေ လုပ်နေရတာလဲ ဟမ် ! သူရိန် "
" ယောက်ျားချင်းမှကြိုက်ရတယ်လို့ ! မင်းမို့မရှက်တယ် ! ကောင်းကျိုးမပေးတဲ့ကောင် "
" အဖေတို့က ဘယ်လို ... "
" မင်းကောင်ရဲ့အမေကိုယ်တိုင် လာပြောတာလေ ! မင်းကြောင့် သူ့သားပျက်စီးရပါတယ်ဆိုပြီး ! မင်းက သူ့သားကို အခြောက်ဇာတ်သွင်းနေပါတယ်ဆိုပြီး ! တောက် ! "
![](https://img.wattpad.com/cover/281276295-288-k837661.jpg)
YOU ARE READING
သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅ ]
Teen FictionHe Is The Only One I Love The Most { Own Creation } သူသာလျှင် အချစ်ဆုံးပေမို့ (သူသာလျှင် အချစ်ဆုံးပေမို့) Start Date ..... 22.2.2022 End ..... 27.5.2024 Boy × Boy Written with both Unicode and Zawgyi fonts