အခန်း ( ၂၃ )

434 16 0
                                    

ဒီနေ့တမနက်လုံး ကိုးတန်း (A) မှာ စာသင်ချိန်မရှိပေ။ အတန်းပိုင်ဆရာမက ကြာဇံဟင်းချက်ကျွေးမည်ဆိုသောကြောင့် ကျောင်းကိုရောက်ပါပြီဆိုကတည်းက တစ်ခန်းလုံး အလုပ်များနေကြ၏။ ပါဝင်ပစ္စည်းတွေကို အတန်းပိုင်ဆရာမက တစ်ခါထဲဝင်ဝယ်လာခဲ့တာဖြစ်ပြီး ကျောင်းကိုရောက်မှ မီးမွှေး၊ ချက်ပြုတ်နေတာဖြစ်သည်။

သူတို့ရဲ့အတန်းပိုင်က ထိုကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ရမှ နေသာထိုင်သာရှိသည်လေ။ ဒါကြောင့်ပဲ အခြားဆရာမတွေကို ခွင့်တောင်းပြီး စာသင်ချိန်များကို အစားယူခဲ့သည်။ စာမသင်ရလျှင်ပြီးရောဆိုသည့်သူများကလည်း အားတက်သရော ပါဝင်လုပ်ကိုင်ပေးကြ၏။

မိန်းကလေးများက ကြက်သွန်နီ၊ဖြူ ခွာသူကခွာ၊ ဂျင်းသင်သူကသင်နှင့် ကိုယ်စီအလုပ်ရှုပ်နေကြသလို ယောက်ျားလေးတွေကလည်း ရေဆွဲသူကဆွဲပေး၊ တောက်တိုမယ်ရ ပြေးသူကပြေးနှင့် အပေးအယူမျှနေကြသည်။

ဆပ်ပြာရည်‌ပုံးလိုက်ကြီးနဲ့ ပန်းကန်ဆေးဖို့နေရာယူနေကြသူများကလည်း အသင့်အနေအထားနှင့်။ တက်ညီလက်ညီနှင့်မို့ အချင်းချင်းစနောက်နေကြရင်း တာဝန်ကိုယ်စီခွဲကာ လုပ်ကိုင်နေကြသည်မှာ ပျော်ရွှင်စရာအတိ။

" သမီးတို့ ကျောက်ပွင့်တွေ ရေစိမ်လိုက်ကြအုံးနော် "

" ဆရာမ ကြာဇံတွေလည်း ရေစိမ်ပြီးသွားပြီ "

" ညီမင်း ငါတို့ကို ရေလေးတစ်ပုံးလောက်ခပ်ပေးပါအုံး "

" သံပုရာသီးနဲ့ နံနံပင်ညှပ်ပြီးသားတွေက တစ်ဗန်းထဲသပ်သပ်ထည့်နော် "

" လက်အိတ်တွေရော ရကြပြီလား "

" ဇေယျာ ငရုတ်သီးမှုန့်ထည့်ဖို့ ပန်းကန်လုံးလေးလှမ်းပေးပါအုံး "

" ဟဲ့ နင်တို့ ဖိုခနောက်လုပ်ဖို့ အုတ်နီခဲတွေ သယ်ပေးကြအုံးလေ "

" ထင်းနဲ့မီးသွေးကရော "

" ဒါက ဘယ်နားလေးထားပေးရမှာလဲ "

ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြရင်း အသံတွေကလည်း သောသောညံလျက် ...

ဆရာမရဲ့ ဦးဆောင်မှုနောက်မှာ အတန်းသားတွေအကုန် စည်းစည်းလုံးလုံးနဲ့ ကိုယ်နိုင်သည့်ဝန်ကို ထမ်းနေကြသည်မှာ အခြားအတန်းပိုင်တွေကပင် ချီးကျူးရသည်အထိ ...

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Donde viven las historias. Descúbrelo ahora