အခန်း ( ၃၀ )

762 24 1
                                        

" ချစ်ညီလေး "

ဗြုန်းစားကြီး ရောက်ချလာတဲ့ ခန့်ဇော်ကြောင့် ညီမင်း လုပ်လက်စအလုပ်ကိုချကာ အိမ်အပြင်ထွက်လာခဲ့သည်။

" ဘာလာလုပ်ပြန်တာလဲ "

ခါးထောက်ကာ ‌မျက်မှောင်ကြုတ်ရင်း မေးလာသူကို ခန့်ဇော် သွားအဖြီးသား ရယ်ပြလိုက်ရင်း ...

" ဟီး ... ဒီနေ့ အောင်စာရင်းထွက်တယ်။ အဲ့ဒါ ... "

" အဲ့ဒါဘာဖြစ်လဲ "

ဘောက်ဆတ်ဆတ်ပြောလိုက်မိပေမဲ့ မနက်အစောကြီးကတည်းက ခန့်ဇော်စာမေးပွဲဖြေရသည့်ကျောင်းကို ရောက်ခဲ့ပြီး ဘုတ်ပေါ်မှာ ခန့်ဇော်ရဲ့ခုံနံပါတ်ပါတာကိုတွေ့မှသာ အိမ်ကိုပြန်ခဲ့ကြောင်း ညီမင်းမပြောခဲ့ပါ။

မနေ့ညကတည်းက သူသည်လည်း ရင်တွေတုန်နေတာဖြစ်ပါ၏။ ကိုယ်တိုင်ဖြေဆိုရတာ မဟုတ်သည့်တိုင် တစ်ယောက်သောသူကို ပူပန်နေရတာမို့ ညလည်းတော်တော်နဲ့အိပ်မပျော်ပေ။

မနက်လေးနာရီထိုးတော့ ချက်ချင်းထထိုင်ကာ အရင်က ခန့်ဇော်ကို အမှတ်တမဲ့လိုမျိုး မေးထားတဲ့ စာမေးပွဲဖြေရတဲ့ကျောင်းကိုသာ ထွက်လာခဲ့မိသည်။ မနက်စောစောအချိန်ပင် ဖြစ်ပါသော်လည်း ကျောင်းရှေ့မှာတော့ လူအုပ်ကြီးက တိုးဝှေ့နေလျက် ...

ကြည့်ရသည်မှာ သူ့လိုမျိုး အိပ်လို့မရသဖြင့် မနက်လင်းလင်းချင်း ထလာခဲ့ကြသူတွေဖြစ်မည်။ သူကတော့ ကျောင်းတံခါးဖွင့်ပြီဆိုတာနဲ့ ခန့်ဇော်အရင်ကတည်းက ပြောပြထားတဲ့ ခုံနံပါတ်ကို မျက်လုံးအပြူးသားလေးနဲ့ လိုက်လံရှာဖွေလေသည်။

အောင်စာရင်းမှာ ခန့်ဇော်ရဲ့ခုံနံပါတ်ပါတာကို မျက်စိနဲ့ တပ်အပ်မြင်ရတော့မှ လက်သီးလက်မောင်းတန်းကာ ထခုန်မိသည်က စာမေးပွဲအောင်တဲ့သူဟာ သူကိုယ်တိုင်ဖြစ်နေတဲ့အတိုင်း ...

ဘေးနားက အန်တီကြီးတွေကလည်း သူ့ကို ကာယကံရှင်ထင်ပြီး ချီးကျူးလာကြသည်မို့ ညီမင်း ရှက်ပြုံးပြုံးလိုက်မိသေးသည်။

မျက်လုံးထဲစွဲနေအောင် ကြည့်ခဲ့ပြီးမှ အိမ်ကိုပြန်ပြီး တရေးတမောအိပ်ခဲ့တာမို့ နေ့လည်လောက်မှ အိပ်ရာက ထဖြစ်တော့သည်။ မနက်စာနဲ့နေ့လည်စာကို ပေါင်းစားဖို့ ပြင်ဆင်နေတုန်း ခန့်ဇော်ရောက်လာခြင်းပင်။

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Donde viven las historias. Descúbrelo ahora